Friday, May 8, 2026

နိုင်ငံ ၈ နိုင်ငံ ၏...

"𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬" အစီအစဉ် ဖြင့်  ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူကေ နှင့်  အမေရိကန်သံရုံးများ၏...

အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် အတည်ပြုရန် EU...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဥရောပသမဂ္ဂ(EU) အနေဖြင့် အမေရိကန်အပေါ် ကောက်ခံထားသော အခွန်နှုန်းထားများကို သုညအထိ လျှော့ချပေးရန် ပျက်ကွက်ပါက ဇူလိုင်လ ၄ ရက်နေ့တွင်...

အုပ်စုအဆင့်နှင့်ပင် ကျေနပ်ခဲ့ရပြီဖြစ်တဲ့ မြန်မာ ယူ-၁၇...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီကနေ့ မေ (၇)ရက် ညနေ (၆) နာရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်အတွက်...

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...
HomeMyanmar Theatrical Traditionသဘင်ဘိုးဘွားများ နေထိုင်ရေး ပူပန်ရမှု...

သဘင်ဘိုးဘွားများ နေထိုင်ရေး ပူပန်ရမှု မရှိစေဖို့ သဘင် ဘိုးဘွား ရိပ်သာများ ဆောက်လုပ်နေ

DSC_0029မြန်မာနိုင်ငံ သဘင်ပညာရှင် များ အစည်းအရုံး အနေနဲ့ ပထမ အကြိမ် မြန်မာ တစ်နိုင်ငံလုံး ဆိုင်ရာ သက်ကြီး သဘင်ပညာရှင်ကြီးများ  ပူဇော်ပွဲကို ကျင်းပပြုလုပ်နိုင် ခဲ့ပြီဖြစ် ပါတယ်။

အဆိုပါ သက်ကြီး ပူဇော်ပွဲကို တော့ ဖေဖေါ် ဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီ က ရန်ကုန်မြို့ အမျိုး သားဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ သဘင်အစည်းအရုံး (ဗဟို) သို့ပေးပို့ လာတဲ့ တစ်နိုင်ငံလုံး မှာရှိတဲ့ သက် ကြီး သဘင် ပညာရှင်များ စာရင်းအရ သက်ကြီး ဦးရေ ၇ဝဝ လောက် ရှိပြီး သက်ကြီး ပူဇော်ပွဲကို တက်ရောက်နိုင် ခဲ့ကြတဲ့ သက်ကြီးဦးရေက အယောက်  ၃ဝဝ နီးပါး ရှိခဲ့ပါတယ်။ သက်ကြီး ပူဇော်ပွဲ ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပြီး သဘင်လောက သားများ စုံညီစွာ တက်ရောက် ခဲ့ကြ ပါတယ်။ သဘင် လူမှုကူညီစောင့် ရှောက်ရေး ကော်မတီ နာယက ဦးချမ်းသာက..

“တိုးတက် ပြောင်းလဲလာပြီ ဖြစ် တဲ့ မြန်မာ့သဘင် လောကကြီးမှာ မွန်မြတ်စွာသော ဂါရဝ ပြယုဂ်လို့ တင်စားရင်လည်း မမှားပါဘူး။ အဘိုး အဘွား ပညာရှင်ကြီး များကို  ကျွန် တော်တို့အနေနဲ့ တစ်စုတဝေး တည်း ဂါရဝပြုခွင့် ရတာဟာ ကျွန်တော်တို့ ဂုဏ်ယူခြင်း မက ဂုဏ်ယူရပါတယ်။ အပူဇော်ခံ သက်ကြီးဝါကြီး ပညာရှင် ကြီးများ အနေနဲ့  ကျွန်တော် အပါအ ဝင် ပညာရည် မပြည့်စုံကြရှာသေးတဲ့ တပည့်သားသမီး များကို အဘိုးအ ဘွားတို့ တတ်မြောက် ထားသော အနု ပညာ အရည်အသွေးတွေ၊ သဘင် ပညာ စစ်စစ်တွေ ကို စေတနာသဒ္ဓါ ထက်သန်စွာနဲ့ လက်လှမ်းမှီ သရွေ့ ပြန်လည် ပို့ချခြင်းဖြင့် အနာဂတ် သဘင်လောကကြီးကို မတိမ်ကော မပပျောက်အောင် ဆုံးမသွန်သင် လက်တွဲခေါ်ယူပေးကြပါ၊ သက်တမ်း ရှည်စွာ အပူဇော်ခံယူကြပါရန်၊ သစ္စာ၊ မေတ္တာ ရွှေမန်းချမ်းသာ က မုဒိတာ ပွါးရင်း ပြောလိုပါတယ်” လို့ သဘင် သက်ကြီး ပူဇော်ပွဲနဲ့ ပတ်သက်လို့ ဝမ်းမြောက် ပီတိစကား ပြောကြားခဲ့ ပါတယ်။ အသက် ၇၅ နှစ် နဲ့ အထက် ကန်တော့ခံသက်ကြီး တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနဲ့ အသုံးအဆောင်၊ ဆေးဝါးပစ္စည်းများ လှူဒါန်းခဲ့ပြီး ပွဲ ကို မတက်ရောက်နိုင်ခဲ့ တဲ့ ကန်တော့ခံ သက်ကြီးများကိုလည်း အလှူငွေ နဲ့ ပစ္စည်းများကို ပေးပို့သွားမှာဖြစ် ကြောင်း သိရပါတယ်။ လက်ရှိ မှာတော့ သဘင်ဘိုးဘွား များအတွက် အနု ပညာ ဆည်းဆာရိပ် သဘင့်ဘိုးဘွား ရိပ်သာမှာ အဆောင်နှစ်ဆောင် ဆောက်လုပ် ပြီးစီး ခဲ့ပြီဖြစ်ပြီး အဘိုး အဘွား ၃၂ ဦး လက်ခံနိုင်ပြီ ဖြစ်ကာ အဆောင် ၅ ဆောင် ဆောက်လုပ် သွားမှာ ဖြစ်ကြောင်း၊ သဘင်သက်ကြီး တွေ နေထိုင်ဖို့ အခန်းတွေ ကိုလည်း ဟိုတယ် နီးပါးကောင်းအောင် ဆောက် လုပ်သွားမှာ ဖြစ်ပြီး အင်းတိုင်မှာ လည်း ချမ်းမြသော်တာ အမည်နဲ့ ဘိုး ဘွား ရိပ်သာ တစ်ခု ထပ်မံဖွင့်လှစ် သွားဦးမှာဖြစ်ကာ အဘိုးအဘွား များ နေထိုင်ရေး အတွက် စိတ်ပူ စရာလုံးဝ မရှိစေရေး အတွက် ကြိုးစားဆောင် ရွက်သွားမှာ ဖြစ်ကြောင်း သဘင်အ စည်း အရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ-လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071