
ရဟန်းစာဆို၊ အမျိုးသားစာပေ ဆုရှင်၊ အမရပူရမြို့၊ တောင်လေးလုံး ကျောင်း ဆရာတော် ကိုပညာ (အမရပူရ) (အရှင်ပညာဇောတ) ပျံလွန်တော်မူခြင်း တစ်နှစ်ပြည့် အမှတ်တရ အထိမ်းအမှတ် ကမ္ပည်း ကျောက်စာတိုင်ကို စိုက်ထူရန် စီစဉ် လျက်ရှိကြောင်း ဂန္တဝင် တောင်ေ လး လုံး မြတ်နိုးသူများအဖွဲ့မှ သိရှိရသည်။
“ဆရာတော်ရဲ့ အမှတ်တရ ကျောက်စာတိုင်ကို အမြင့် ၅ ပေ ကျော်၊ ပတ်လည်ထု ၃ ပေရှိတဲ့ စကျင်ကျောက်ပေါ်မှာ ထုဆစ်မှာ ဖြစ်ပါတယ်။ မြန်မာမှုပညာရှင် ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင် က ဒီဇိုင်းပုံစံ ထုတ်ပေးထားတဲ့အပေါ်ကို အခြေခံပြီး ကျောက်ဆစ်ပညာ ရှင် ဦးအောင်မင်း (မုဒိတာ) က ထုဆစ် မှာဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရုပ်ပုံ လွှာပါရှိပြီး အတ္တုပ္ပတ္တိကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ရေးထိုးပါမယ်။ စာရေးဆရာ၊ သတင်းစာဆရာမကြီး လူထု ဒေါ်အမာရဲ့ ဆရာတော်အပေါ် အမြင် အကြောင်းအရာတချို့လည်း ပါရှိမှာ ဖြစ်ပါတယ်” ဟု ဂန္တဝင် တောင်လေးလုံးမြတ်နိုးသူများအဖွဲ့ မှ ဆရာနောင် (ရူပ) က ပြောကြား သည်။
“ဂန္တဝင် တောင်လေးလုံးမြတ်နိုး သူများက ဆရာတော်ရဲ့ အဖိုးတန် စာမူ၊ စာတမ်းတွေ၊ ဆရာတော် သီတင်းသုံးခဲ့တဲ့ တောင်လေးလုံး ကျောင်းတိုက် သမိုင်းအကြောင်း အရာတွေ၊ တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတိုက် ပရဝုဏ်အတွင်းမှာ တစ်စုတစ်ဝေး တည်း စုပေါင်းစိုက်ထူထားတဲ့ စာပေ ပညာရှင်၊ အနုပညာရှင်တို့ရဲ့ အထိမ်း အမှတ် ဂုဏ်ပြု စကျင်ကျောက်တိုင် တွေနဲ့ တောင်လေးလုံးကျောင်းကို ဝန်းရံတည်ရှိတဲ့ သမိုင်းဝင် အထင် ကရ နေရာဌာနများ၊ အဆောက်အအုံ များ၊ စေတီပုထိုးများနဲ့ အမှတ်တရ နေရာဌာနများကို အခြေခံစုစည်းပြီး မကြာမီ ဖြစ်ထွန်းလာတော့မယ့် တောင်လေးလုံး စာကြည့်တိုက်နဲ့ ပြတိုက်ကို အထောက်အကူပြုနိုင် အောင် ရည်ရွယ်ပြီး မှတ်တမ်း စာအုပ်တစ်အုပ်ကို ပုံနှိပ်ထုတ်ဝေဖို့ စီစဉ်နေပါတယ်” ဟု ၄င်းက ဆက် လက် ပြောကြားသည်။
