Miss Myanmar World 2017 ရွေးချယ်ပွဲကို ဇွန်လတွင် ပြုလုပ်မည်

0
149

Miss World (2)

Channal 7 နှင့် forever FBC – Tero တို့မှ စတုတ္ထအကြိမ်မြောက်ထပ်မံတင်ဆက်မယ့် Miss Myanmar World 2017 စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို မတ်လ ၁၆ ရက်နေ့ နေ့လယ်၂နာရီက Chatrium Hotel မှာ ကျင်းပခဲ့ပါတယ်။ Miss Myanmar World 2017 ပြိုင်ပွဲအတွက် မတ်လ ၁၇ ရက်နေ့က နေ ၂၁ရက် နေ့အထိ ဒဂုံစင်တာ၂မှာ လျှောက်လွှာတွေကို စပြီးလက်ခံခဲ့ပါတယ်။ Miss Myanmar World 2017 ကို ဦးစီးကျင်းပမယ့် FOREVER BFC- TERO မှ Country Manager ကိုစိုးသူရက..

” အိမ်ထောင် မရှိသူအပျိုအသက် ၁၈ နှစ်ကနေ ၂၅နှစ်ထိ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူတို့လျှောက်လို့ရပြီး တက်တူးမရှိသူ ဖြစ်ရပါမယ်။ တက်တူးမရှိရဘူးဆိုတာက ခန္ဓာကိုယ်အလှမှာ ထင်ရှားတဲ့ အမှတ်အသား၊ အမာရွတ်တွေ မရှိစေချင်တာ ကြောင့်ပါ။ ပြီးတော့ ဒီပြိုင်ပွဲဝင်တွေကို ကျွန်တော်တို့က အတွေ့အကြုံကိုအရင်ဆုံးရွေးတာမဟုတ်ပါဘူး။ အတွေ့အကြုံဆိုတာ ကျွန်တော်တို့ပေးလို့ရပါတယ်။ အဓိကကတော့ သူတို့ရဲ့ ပင်ကိုစွမ်းရည်ကို အဓိကထားချင်တဲ့အတွက် သူတို့မှာ ဘယ်လို ပင်ကိုစွမ်းရည်တွေ ရှိလဲဆိုတာ ပြသပြီး လာရောက် ယှဉ်ပြိုင်စေချင်ပါတယ်။ ပြီးတော့ ဒီနှစ်က မနှစ်ကနဲ့ မတူတဲ့ပြိုင်ပွဲ Content တွေ အများကြီး ကွဲပြားသွားမယ်။ Mission တွေခွဲထားတယ်ဆိုတော့ ပြိုင်ပွဲဝင်တွေအနေနဲ့လည်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရပါလိမ့်မယ်” လို့ ပြိုင် ပွဲနဲ့ပတ်သက်ပြီးပြောပါတယ်။ ပြိုင်ပွဲအတွက် လာရောက် လျှောက်ထားသူများထဲမှ အယောက်၎ဝ ရွေးချယ်စိစစ်ပြီး ၄ဝထဲကနေ ဆန်ခါတင် အယောက် ၂ဝထပ်မံ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အဆင့်ဆင့်စိစစ်ရွေးချယ်ထားတဲ့ အလှမယ် အယောက်၂ဝ ကို ဧပြီလ၄ရက်နေ့မှာ စာနယ်ဇင်းများထံကို ထပ်မံမိတ်ဆက် ပေးသွားဦး မှာဖြစ်ပါတယ်။ Miss Myanmar World 2017 ပြိုင်ပွဲကြီးကိုတော့ မတ်လ ၁၆ ရက် နေ့ကနေ ဇွန်လ၁ဝ ရက်နေ့ထိထူးခြားဆန်းပြားတဲ့ Activities များနဲ့ ခမ်းနားစွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် Miss Myanmar World 2014 ဆုကို ဝိုင်းလေး၊ Miss Myanmar World 2015 ဆုကို ခင်ရတနာသိန်းမြင့် ၊Miss Myanmar World 2016 ဆုကို မြတ်သီရိလွင်တို့ကရရှိခဲ့ပါတယ်။

ဇင်မာနွယ်၊ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here