စိုးပြည့်သဇင်က သူ့ရဲ့ တတိယ မြောက် တစ်ကိုယ်တော် စီးရီးခွေကို လည်း ပြင်ဆင်နေပြီး ရှေ့ထွက်ရှိခဲ့တဲ့ “ချစ်သူရွေးမယ်”၊ “အချစ်ကိုရှာဖွေ တွေ့ရှိခြင်း” တို့နဲ့ မတူတဲ့ပုံစံလေး တွေ ဖန်တီးနေတယ် လို့ ဆိုပါတယ်။ သီချင်း တစ်ပုဒ်စီကို အွန်လိုင်းက တစ်ဆင့် ဖြန့်ချိ သွားမှာဖြစ်ပြီး စီဒီ မထွက်တော့ဘဲ အမ်တီဗီ ကိုပဲထွက်ရှိ မယ် ဆိုတဲ့ စိုးပြည့်သဇင်က..
“ဒီစီးရီးခွေလေးမှာ သီချင်း ၁ဝ ပုဒ်လောက်ပဲ ထည့်မှာပါ။ ရှေ့စီးရီး ခွေနဲ့ မတူအောင် Music Style လေးတွေ ပြောင်းထားပါတယ်။ အယ်လ်ဘမ် တစ်ခုလုံး မထွက်ရှိသေးခင် တစ်ပုဒ်ချင်းစီကို အွန်လိုင်းမှာ တင်သွားမယ်။ ဒီလိုလေး စိတ်ကူးထားပါတယ်။ တင်မယ် ဆိုရင်လည်း စိုးပြည့်အတွက် တီးရုံပါပဲ။ သီချင်းက စိုးပြည့် ရွေးထားတာလေးတွေ ရှိပါတယ်။ ဒီစီးရီးခွေ ထဲမှာ မဒီနဲ့လည်း ရက်ပ် သီချင်းလေး တစ်ပုဒ် ထည့် ထားတယ်။ နောက်ပြီး စိုးပြည့်ရဲ့ အဖေနဲ့အမေ အတွက် သီဆိုထားတဲ့ သီချင်းလေး ပါပါတယ်။ ကိုနေမင်းခ ရေးပေးထားတာပါ။ စိုးပြည့်အတွက် မှန်ကန်တဲ့ စကားလုံးလေးတွေ နဲ့ စိုးပြည့် ဘဝ အတွက် အကြံဥာဏ်ပေးပြီး ရေးထားတာပါ”လို့ ပါဝင်မယ့် သီချင်းတွေ အကြောင်း ပြော ပြပါတယ်။ စိုးပြည့်သဇင် က အစ်မ ဖြစ်သူ စန္ဒီမြင့်လွင် နဲ့ အတူ သီဆိုထား တဲ့ အချစ် သီချင်း တစ်ပုဒ်ကို ဖေဖော် ဝါရီလ အတွင်း ဖြန့်ချိသွား မယ်လို့ သိရပါတယ်။ Don’t Make Me Lonely လို့ အမည်ပေးထားတဲ့ ဒီသီချင်းလေးနဲ့ ပတ်သက်ပြီး စိုးပြည့် သဇင်က..
“သီချင်း ကတော့ သွင်း ပြီးသွား ပါပြီ။ မဒီက ဓာတ်ပုံ ရိုက်ချင် တယ်။ ဓာတ်ပုံလေးတွေ နဲ့ တွဲပြီးတော့ ပေါ့။ ဒါပေမဲ့ မဒီကလည်း သူ့ရဲ့ Queen အယ်လ်ဘမ် နဲ့ အလုပ်တွေ ရှုပ်နေ တယ်။ စိုးပြည့် ကလည်း မအား တာရယ် ကြောင့် ဓာတ်ပုံ မရိုက်ဖြစ် သေး တာပါ။ စိုးပြည့် တို့ ဒီသီချင်းလေးကို ဖေဖော်ဝါရီလထဲ မှာ တင်နိုင်အောင် ကြိုးစား သွားမှာပါ” လို့ ပြောပါတယ်။
မြတ်မိုးပွင့်
