အကယ်ဒမီ ရွှေကြိုမောင်မယ် များကို ဖေဖော်ဝါရီလ အတွင်း အပြီးသတ် ရွေးချယ်သွားမည်

0
223

IMG_0320အကယ်ဒမီ ရွှေကြို မောင်မယ် ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင် ရွေးချယ်နေပြီ ဖြစ်ပြီး အခု ဖေဖော်ဝါရီလ အတွင်း မှာ အပြီးသတ် ရွေးချယ် သွားမှာဖြစ် ကြောင်း သိရပါတယ်။ ရွှေကြို လာရောက် ဖောင်တင်သူ စုစုပေါင်း ၆၉၃ ဦး ရှိရာကနေ ၁၆၂ ဦးကို ပဏာမ အဖြစ် ရွေးချယ် ခဲ့ပြီးနောက် စတင်စိစစ် လူတွေ့စစ်ဆေးနေခြင်း ဖြစ်ပါတယ်။

IMG_0273

အကယ်ဒမီ ရွှေကြို မောင်မယ် စိစစ်ရွေးချယ်ရေး ဥက္ကဋ္ဌ ဖြစ်သူ အကယ်ဒမီ မေသန်းနု ကတော့ ..

“နှစ်တိုင်း နှစ်တိုင်းမှာ လှတဲ့ သူတွေလည်း ရှိတယ်။ ဒါပေမဲ့ လှပြီးတော့ ကျန်ခဲ့တာတွေ လည်း ရှိတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ မဆင့်တို့ ဒိုင်တွေက အမှတ်ပေး စနစ် နဲ့ သွားတာဖြစ်တယ်။ မဆင့်တို့ ဒိုင်တွေ တစ်ယောက် နဲ့တစ်ယောက် ကတော့ ရွေးချယ်မှုချင်း တူမှာ မဟုတ်တဲ့ အတွက် တစ်ခါတလေမှာ တအား ပြည်စုံပေမယ့် ကျန်နေရစ် ခဲ့တဲ့ သူတွေလည်း ရှိခဲ့ပါတယ်။ အဲဒါကြောင့် မဆင့် တို့ကတော့ အမှတ်နဲ့ လည်း ရွေးမယ်။ ရုပ်ရည်ကို လည်း မဆင့် တို့ကြည့်ပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့ကျတော့ လည်း တစ်မှတ်၊ နှစ်မှတ်လောက်နဲ့ ကျန်ရစ်ခဲ့ရတဲ့ သူတွေလည်း ရှိနေ လို့ပါ” လို့ပြောပြပေးပါတယ်။ အခု နှစ် ရွှေကြိုမောင်မယ် ကိုတော့ စုစုပေါင်း ၁၆ ဦး ရွေးချယ်ပေးသွား မှာဖြစ်ပြီး ရွေးချယ်ပြီးခါမှ ပျက်ကွက် မယ့်သူ ရှိလာပါက အမှတ်ကပ် လျက်ရှိမယ့် သူတွေထဲက ပြန်လည် ရွေးချယ်ပြီး ဖြည့်စွက် သွားမှာ ဖြစ်တယ်လို့ ပြောထားခဲ့ပါ တယ်။ ရွှေကြို လာရောက်လျှောက်ပြီး လူ တွေ့ ယှဉ်ပြိုင်နေတဲ့ မော်ဒယ် ရွှန်းလဲ့ မင်းနိုင် ကတော့ “အခု ရွှေကြို ကို လူကိုယ်တိုင် လာပြိုင်ရ တော့ တအား ကို ရင်ခုန်စိတ် လှုပ်ရှား နေရ ပါတယ်။ အကုန်လုံးက ချောမော နေကြတဲ့ အတွက် ရွှေကြိုဖြစ်၊ မဖြစ်ကို တော့ မမှန်းရဲပါဘူး။ ဒါပေမဲ့ ညီမသာ ရွှေကြို ဖြစ်ခွင့်ရ တယ် ဆိုရင် တော့ ညီမရဲ့ အနုပညာ အိမ်မက် တစ်ခု အကောင် အထည် စဖော်နိုင်ပြီ မို့လို ပျော်မိမှ ပါ” လို့ ပြောပြပေးခဲ့ ပါ တယ်။ အခုနှစ် အကယ်ဒမီ ရွှေကြို ကို တော့ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ် ဒမီ ရဲအောင်၊ အကယ်ဒမီ ရန်အောင်၊ စာနယ်ဇင်း ဆရာ ဦးဝင်းငြိမ်း၊ စာနယ် ဇင်းဆရာ ဦးမြတ်ခိုင်၊ စာနယ်ဇင်း ဆရာ ကိုမျိုး (မြန်မာစာ)၊ ဓာတ်ပုံ ပညာရှင် ဦးမိုးမင်း (Rays)၊ တက္က သိုလ် ယဉ်ယဉ်လဲ့၊ ဒေါ်ခင်သန်းနွယ်၊ ဒါရိုက်တာ မောင်ဗေဒါ၊ ဒါရိုက်တာ အိအိခိုင်တို့က ရွေးချယ် သွားမှာဖြစ်ပါ တယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here