မြန်မာ နှင့် ဥရောပ ဂန္ထဝင် ပေါင်းစည်းခြင်း ဆိုင်ရာဖျော်ဖြေမှု

0
161

Myanmar-1ဆိုင်းဝိုင်း၊ ဗမာသီချင်း သီဆိုမှုနဲ့ အ နောက်တိုင်းဂျက်ဇ် ဂီတတို့ ဂန္ထဝင် ပေါင်းစည်း ခြင်း ဆိုင်ရာ ဖျော်ဖြေမှု မြန်မာ- ဥရောပ အနု ပညာ ဆုံတွေ့ခြင်းကို ဖေဖော်ဝါရီ ၃ရက် နေ့နဲ့ ၄ရက်နေ့တွေမှာ ပြည်လမ်း၊ ပြင်သစ် ယဉ်ကျေးမှု မြက်ခင်းပြင် မှာပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကတော့ အခမဲ့ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပထမရက်မှာတော့ မြန်မာ့ ဆိုင်းဝိုင်းနဲ့ဂျက်ဇ် ဂီတတို့ရဲ့တွဲဖက် တင်ဆက်ခဲ့ကြကာ ဇာတ်မင်း သား ကြီးဦးနန်းဝင်း ကလည်း မြန်မာ့အက အလှတွေနဲ့တင် ဆက်ခဲ့ပါတယ်။ ဒုတိယနေ့ မှာတော့ မြဂနိုင်ရုပ်ရှင် ကိုပြ သခဲ့ပါ တယ်။ ပွဲနဲ့ပတ်သက်ပြီး ဦးနန်းဝင်းက

“ဂျာမနီသားတွေက မြန်မာ့ အနုပညာမြန်မာ့ဂီတကို မြှောက်စားမှု ကတော့ ကျွန်တော်တို့ ဇာတ်မင်းသား ရဲ့ပုံနဲ့ မြန်မာ့ ဆိုင်းဝိုင်းကြီးကို နောက်ခံ ပြပြီးကျွန်တော် အနေနဲ့ တခမ်းတနား သီဆိုကပြ ဖော်ထုတ်ခွင့်ရတဲ့ညပါ။ နန်း ဝင်းရဲ့ ပရိသတ်တွေရော ဘာသာစကား မတူ နှလုံးသားခြင်းတူကြတဲ့ နိုင်ငံခြား သားများ အားလုံးရော ကျေးဇူးအထူး တင်ပါတယ်”လို့ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here