ဇာတ်လမ်းတွဲတွေ အပေါ် နေမျိုးအောင် ရဲ့ သုံးသပ်မှု

0
191

Nay-Myo-Aungဒါရိုက်တာ ငြိမ်းမင်း ရိုက်ကူးတဲ့ “ပို၍လှသောမနက်ဖြန်” ဇာတ် လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ နေမျိုးအောင် က ဒါရိုက်တာ ငြိမ်းမင်း ထပ်မံ ရိုက် ကူးမယ့် ရုပ်သံ ဇာတ်လမ်းတွဲမှာ ထပ်မံ ပါဝင်သွားမယ်လို့ သိရပါတယ်။ ပုံမှန် ရိုက်ကူးနေကျ ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲ ကွာခြားပုံနဲ့ ပတ်သက်ပြီး နေမျိုးအောင်က..
“အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေ တော်တော်များများ ရိုက်ကူး လာကြတာကို အစ်ကိုတွေ့ရတယ်။ အခု တီဗီမှာပြနေတဲ့ “ရတနာ ထဲက ရတနာ” ဆိုရင်လည်း ကောင်းတယ် လို့ ကြားတယ်။ အစ်ကို တို့တွေတောင် စောင့်ကြည့်ရတယ်။ ဇာတ်လမ်းတွဲ တွေက အချိန် ကြာ ရိုက်ကူးရတာပေါ့။ အစ်ကိုတို့က အိုက်တင်အတွက်ပဲ ကြိုးစားနေကြတဲ့သူတွေဆိုတော့ သရုပ်ဆောင်ပိုင်း ကွာခြားမှုမရှိပါ ဘူး။ ဇာတ်ကားတိုင်း လိုလို ကိုယ့် ရင်ထဲမှာ စုဆောင်းထားတဲ့ ဝမ်းစာ ကိုပဲ ထုတ်သုံးတယ်။ အစ်ကိုရိုက်ကူး ခဲ့တဲ့ “ပို၍လှသော မနက်ဖြန်” ဆိုရင် ရန်ကုန်မှာရော၊ နယ်ဘက် ရှမ်းပြည်  ကလော ဘက်တွေမှာရော ရေတံခွန် တွေ၊ ရှုခင်းတွေ၊ ဇာတ်ရုံတွေနဲ့ ရိုက် ကူးရတဲ့ အတွက် ပရိသတ်တွေ ရဲ့ အမြင်မှာ ဆန်းတယ်။ တစ်ဆင်းန်နဲ့ တစ်ဆင်းန် Location  မတူအောင် ရိုက်ကူးကြတဲ့ အတွက် ဇာတ်ကား ကြည့်တဲ့အခါ ပရိသတ်တွေ ပိုပြီး အရသာ ရှိတယ်” လို့ ပြောပါတယ်။ ဒုတိယမြောက် ဇာတ်လမ်းတွဲကို လည်း ပုပ္ပား၊ ပုဂံ၊ ကျောက် ပန်းတောင်းဘက်က သဘာဝအလှ တွေနဲ့အတူ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ နိုင်ငံ တော် အကျိုးပြု ဇာတ်ကား တော်တော်များ များမှာလည်း သရုပ်ဆောင်ခဲ့ ဖူးတဲ့ နေမျိုးအောင် က မြန်မာ့မီးသတ် တပ်ဖွဲ့ကို ဂုဏ်ပြုတဲ့ “အဖြူရောင် နှလုံးသားများ” ဇာတ်ကားမှာ လည်း ပါဝင်သရုပ်ဆောင် သွား မယ်လို့ သိရပါတယ်။ မီးသတ် ဇာတ်လမ်း မျိုးတစ်ခါမှ မရိုက်ကူးဖူးဘူး ဆိုတဲ့နေမျိုး အောင် က ဒီဇာတ်ကားမှာ သူပါဝင်မယ့် ကာရိုက်တာနဲ့ ပတ်သက်ပြီး..

“ဒီဇာတ်ကားမှာ အစ်ကိုက စီးပွား ရေးနဲ့ ပတ်သက်ရင် အတ္တကြီးတဲ့ လူတစ် ယောက်။ သူများတွေ မီး လောင်နေတာ ကိုယ်နဲ့မဆိုင်ဘူး။ ကိုယ့်စီးပွား မပျက်ရင်ပြီးရော ဆိုတဲ့ စီးပွားရေး လုပ်ငန်းရှင် နေရာကပါ” လို့ ပြောပါ တယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here