Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeDhammaDhamma Thoughtsဒုတိယအကြီးဆုံးလျောင်းတော်မူဖြစ်သည့် ဟင်္သာတမြို့ နယ်က...

ဒုတိယအကြီးဆုံးလျောင်းတော်မူဖြစ်သည့် ဟင်္သာတမြို့ နယ်က နတ်မော်ရွာရှိလျောင်းတော်မူဘုရားကြီး

Nay oo maung 3

မြန်မာနိုင်ငံတွင် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်များအား    နေရာအနှံ့ တည်ထားကိုးကွယ်ခဲ့ရာမုံရွာမြို့နယ်ရှိ မဟာဗောဓိ တစ်   ထောင်လျောင်းတော်မူ၊ ဟင်္သာတမြို့နယ်၊ နတ်မော်ရွာရှိ တိလောက ဥသျှောင်ရှင်သာလျောင်း၊ ထားဝယ်ရှင်သာလျောင်း၊ မြိတ်မြို့ မတော် ပထက်ကျွန်းရှိ အတုလရံသီရှင်သာလျောင်း၊ ရန်ကုန် မြို့ရှိ ခြောက် ထပ်ကြီးဘုရား၊ ပဲခူးမြို့ရှိ ရွှေသာလျောင်းနှင့် စိန်သာ   လျောင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဇလွန်၊ နမ္မား၊ မုံရွာ ဖိုလ်ဝင်တောင်နှင့် ပုဂံရှိ မနူဟာ ဘုရားတို့သည် ထင်ရှားသည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်များ ဖြစ် ကြသည်။ ထို့အတူမုဒုံမြို့နယ် ဝင်းစိန် တောရတွင်လည်း ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ တစ်ဆူတည် ထား နေလျက်ရှိရာအတောင် ၄ဝဝ ရှိပြီး ဇိနသုခရန် အောင်ချမ်းသာလျောင်းတော်မူ ဘုရားကြီးဟု ဘွဲ့အမည် ဆက်ကပ် ထားကြောင်း လည်းသိရသည်။

စာရေးသူတို့ ဇာတိမြေ ဟင်္သာ တမြို့နယ်၊ နတ်မော်ရွာအနီးတွင် လျောင်းတော်မူဘုရားတစ်ဆူတည်ရှိပြီး ၁၂၆၉ ခုနှစ်တွင် စတင် တည်ထားခဲ့ကာ ၁၃၂၉ ခုနှစ်တွင် မှ ပြီးစီး၏။ ဟင်္သာတမြို့ ရန်ကုန် ကျောင်းတိုက် ဆရာတော်များ၊ ဝေဠုဝန်ကျောင်း ဆရာတော်
များမှကြီးကြပ်ပြီး မန္တလေးမြို့မှ ပန်းရန်ဆရာ ဦးထွန်းဝေ ဦးစီးအဖွဲ့မှ တည်ထားခဲ့၏။ ဘုရားကြီး၏ ဦးခေါင်းတော်နှင့် ရင်ဘတ် တော် အတွင်းဘုရား ရဟန္တာမြတ်များ၏ မွေတော် ဓာတ်တော်များ၊ ရွှေကြုတ်၊ ငွေကြုတ်၊ ပတ္တမြား၊ စိန်ဆင်းတုတော်များ၊ ရွှေလှေ၊ ရွှေေ လျာင်း၊ ငွေလှေ၊ ငွေလျောင်း၊ ရေသကောင်း များ၊ သတ္တဌာန၊ အနိမဿ၊ မိဂဒါဝုန် စသည့်ပုံတူများ၊ သီဟိုမဟာ ဗောဓိပင်မှ ပင့်ဆောင်လာေ သာ ဓာတ်တော်ပေါင်း ၈၄ဝဝဝ တို့ကို ထည့်သွင်း ဌာပနာခဲ့လေ၏။

ဦးစီးဦးဆောင် ပြုတည်ထားသည့် ဆရာတော်ကြီးသုံးပါးနှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင် လူပြည်သူများမှ ဘုရားကြီးအား ၁၃၂၃ ခု ဝါဆိုလဆန်း ၂ ရက်နေ့တွင် တိလောကဥသျှောင်၊ ရှင်သာလျောင်းဘုရားကြီးဟုဘွဲ့ အမည်ဆက်ကပ်ပူဇော်ခဲ့၏။ ဘုရား
ကြီး၏ ဥာဏ်တော်အတိုင်းအတာမှာဦးခေါင်းတော် မဏိတော် မှမေး ဖျားအထိ ၂၃ တောင်တစ်မိုက်၊ လည်ပင်းတော်မေးဖျားမှ လည်ပင် တော်အဆုံးအထိ ၆ တောင်၊ လည်တိုင်အဆုံးပန်းတော်မှ ခါးတော်အထိ ၂၉ တောင်၊ ခါးတော်မှ တင်ပဆုံအထိ ၃၉ တောင် တစ်မိုက်၊ တင်ပဆုံမှ ဒူးတော်အထိ ၃၂ တောင်၊ ဒူးတော်မှ ခြေမျက်စိအလယ် အထိ ၃ဝ တောင်၊ ခြေမျက်စိမှ ခြေဖဝါးထက် အလယ်ထိ အတောင် ၂ မိုက်ဖြစ်၍ စုစုပေါင်း ၁၆၈တောင် တစ်မိုက် ဖြစ်၏။ သံတန်ဆောင်း ကြီးအား ၁၃၃ဝ ပြည့်နှစ်မှ ၁၃၄ဝ ပြည့်အထိ ၁ဝ
နှစ်ကြာတည်ဆောက် ခဲ့ရ၏။ အလျား ၃၃၆ ပေ၊ အနံ ၁၃၃ ပေ၊ အမြင့် ၁ဝ၈ ပေရှိ၏။ ကွန်ကရစ်တိုင် လုံးပေါင်း ၇၅ တိုင် ပါဝင်ပြီး ရန်ကုန်မြို့မှ အင်ဂျင်နီယာ ချုပ် ဦးအောင်ခင်မှ တည်ဆောက်ပေးခဲ့၏။ တိလော ကဥသျှောင် ရှင်သာလျောင်းဘုရားကြီးတွင် ၁၃၅၇ ခုနှစ်သီတင်းကျွတ်လပြည့် မှစတင်ပြီး ဆီမီး ၈၄ဝဝဝ ထွန်းညှိ ပူဇော်ခဲ့ရာယခုချိန်ထိ နှစ်စဉ် မပျက်မကွက် ပူဇော်လျက်ရှိ၏။

    ထို့အပြင် နတ်မော်တိုက်နယ် အတွင်းရှိကျောင်းပေါင်း ၄၅ ကျောင်းမှ သံဃာတော်များအား နှစ်စဉ် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ရာ ၆၅ နှစ်တိုင်ပြီဖြစ်ကြောင်းသိခဲ့ရလေ၏။ ထို့အပြင် လျောင်းတော်မူရုပ် ပွားတော်ကြီးအားကြွေဆေးဖြင့် ရောင်တော်ဖွင့်ခြင်း၊ နောက်ေ ကျာတော် အားရွှေဆေးဖြင့် ရောင်တော်ဖွင့်ခြင်း၊ နဖူးသင်းကျစ်တော် အင်္ဂတေ ပန်းဖြင့် ရောင်တော်ဖွင့်ခြင်း၊ စက်တော်ရာနှင့် ဦးကင်းေ တ်ာပြင် ဆင်ခြင်းများကို လည်းဆောင်ရွက်ခဲ့ ကြောင်းသိရှိရလေ၏။

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ လျောင်းတော်မူများအနက် (ဝင်းစိန်တောရလျောင်းတော်မူမပါ) ဒုတိယအကြီးဆုံးလျောင်းတော်မူဖြစ် သည့် ဟင်္သာတမြို့နယ်၊ နတ်မော် ကျေးရွာ၊ ဟင်္သာတ- ပုသိမ် ကား လမ်း၊ ရထားလမ်းအနီးတွင် တည်ရှိသည့် မဟာတိလောက ဥသျှောင် ရှင်သာလျောင်းဘုရားကြီးအားခရီး ကြုံကြိုက်ပါက ဝင်ရောက်ဖူးမြော် ကြည်ညိုနိုင်ပါရန် ရေးသားပူဇော် လိုက်ရပါလေ၏။

နိုင်ထွန်း ( TGI )

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071