ပိုင်ဆိုင်မှုက သန်းပေါင်း ၃၅ဝ ရှိတဲ့ ဂျက်ကီချန်း ရဲ့ ဇာတ်ကားသစ်

0
210

s-dae0d2464c8899bd229615a67caf66a77229ca72 copy

ဂျက်ကီချန်းက စွယ်စုံရ မင်းသား တစ်လက်ပါ။  သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်ရေး၊ စတန့် ၊ အဆိုတော် ပိုင်း များမှာ ထူးချွန်သူတစ် ဦးပါ။ သူ့ရဲ့ ဇာတ် ကားတော်တော်များများက ကျွမ်းဘား စတိုင် တိုက်ခိုက်ပုံများ၊ တိုက်ခိုက်ပုံ အလွဲများ၊ လက်နက်အစမ်းတွေနဲ့ စတန့် အသစ်တွေကြောင့် ဖြစ်ပြီး တစ်ကမ္ဘာလုံးက ပရိ သတ်တွေရဲ့ အချစ်တော် မင်းသားကြီး ဖြစ်နေတာပါ။  ကွန်ဖူးကို ငယ်ရွယ်စဉ် ကတည်း က သင်ယူခဲ့ကာ သရုပ်ဆောင်အလုပ်ကို ၁၉၆ဝ ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုသူရိုက်ကူးခဲ့တဲ့ ဇာတ်ကားပေါင်းက ၁၅ဝ ကျော်ရှိသွားပါပြီ။ ဂျက်ကီချန်းရဲ့ ပိုင် ဆိုင်မှုက သန်းပေါင်း ၃၅ဝ ရှိတယ် လို့ 2015 Forbes မဂ္ဂဇင်းက ထုတ်ပြန် ချက်အရ သိရပါ တယ်။ ၂ဝ၁၇ခုနှစ်မှာ ဂျက်ကီချန်းက ဘောလိဝုဒ်နဲ့ လက်တွဲပြီး Kung Fu Yoga ဇာတ်ကားကို ရိုက်ကူး ထားပြီး ဇန်နဝါရီလထဲမှာ ဖြန့်ချိ မယ်လို့ သိရ ပါတယ်။ တရုတ်မှာ ဇန်နဝါရီ ၂၈ရက်မှာ ပြသမှာဖြစ်သလို အိန္ဒိယမှာတော့ ဖေဖော်ဝါရီ လမှ ပြသမှာပါ။ ဖိလစ်ပိုင်မှာ လည်း ဖေဖော် ဝါရီလထဲ ပြသဖို့စီစဉ်ထားသေးတယ်လို့ သိရ ပါတယ်။  Jackie Chan  က  the Terracotta Warriors Museum  ရဲ့ပါမောက္ခအဖြစ် ပါဝင်ထားပြီး Megadha Treasure  ရှာဖွေ ရမှာပါ။ သူရဲ့အဖွဲ့မှာ ပါမောက္ခ Ashmita  နဲ့ Kyra  တို့ ပါဝင်မှာလို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here