ဇန်နဝါရီလကုန်တွင် အကယ်ဒမီ စိစစ်မှုများကို အပြီးသတ် ချိတ်ပိတ်သွားမည်

0
177

ဇန်နဝါရီလ ၁၉ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌနဲ့ အမှုဆောင် အဖွဲ့တို့ဟာ အကယ်ဒမီ အကဲဖြတ် အဖွဲ့ဝင် များနဲ့ တွေ့ဆုံပြီး အကယ်ဒမီ ချိတ်ပိတ်မယ့် ကိစ္စရပ် အပေါ်ကို ပြောဆိုဆွေးနွေး ခဲ့ကြကြောင်း အကယ်ဒမီ အကဲဖြတ် အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒါရိုက်တာ ဦးနှင်းမိုးက ပြောပြပါတယ်။

“ချိတ်ပိတ်တဲ့အခါ ဘယ်လိုလုပ် မလဲဆိုတာမျိုးကို ဆွေးနွေးကြပါ တယ်။ ချိတ်ပိတ်မယ့် ရက်ကိုမူလ ပထမက ၂၂ ရက်နေ့ လုပ်ဖို့သတ်မှတ် ထားခဲ့တာ။ ဒါပေမဲ့ အဲဒီနေ့က အဆင်မပြေ ဖြစ်သွားတော့ ဒီဇန်န ဝါရီလကုန်မှာ ချိတ်ပိတ်ဖို့ ပြုလုပ် သွားမယ်” လို့ပြောပြပေးပါတယ်။ အဲဒါအပြင် ဇန်နဝါရီလ ၁၉ ရက်နေ့ အထိ မှာတော့ အကယ်ဒမီ ကျင်းပဖို့ တင်ပြထားတဲ့ နေရာ တစ်ခုဖြစ်တဲ့ ပြည်သူ့ ရင်ပြင် နေရာ ကလည်း တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဆီ ကနေပြီး အကြောင်းပြန်ကြားချက် မရှိသေး ကြောင်းလည်း ဆိုပါတယ်။

မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု ပေးအပ်နိုင်ရေး အတွက် ကြိုတင် စီစဉ်ဆောင်ရွက်မှု များစွာ ပြုလုပ်လျက် ရှိနေရာ လိုအပ်နေတဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထု အသစ် ၆ ရုပ်တိတိကို ပီအောထွန်းရင်နဲ့သား များ ဆီမှာအပ်နှံထားပါတယ် ။မြန်မာရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲကြီးကို လာမယ့် ၂ဝ၁၇ ခုနှစ် မတ်လ ၁၈ရက်နေ့မှာ ကျင်းပပြုလုပ် သွားတော့မှာ ဖြစ်ပြီး အကယ်ဒမီ စာရင်းဝင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား စုစု ပေါင်း ၃၃ကား အထိရှိခဲ့ပြီး ဆန်ခါ တင်ဇာတ်ကား ၁ဝ ကားကို ရွေးထုတ် စိစစ်ထားခဲ့သော်လည်း တရားဝင် ထုတ်ပြန်ခြင်း မျိုးမရှိပါ။

“မထုတ်ပြန်ဘူး ဆိုတာ တခြား အကြောင်းအရင်းတော့ ဘာမှမရှိ ဘူး။ ကျွန်တော် တို့က ထုတ်ပြန် လိုက်မယ် ဆိုရင် အကဲဖြတ် အဖွဲ့တွေ အနေနဲ့ စဉ်းစားတာက ထုတ်ပြန်ခြင်း ရဲ့ အကျိုးအပြစ် ၊ မထုတ်ပြန်ခြင်းရဲ့ အကျိုး အပြစ်တွေကို စဉ်းစားလိုက်တဲ့ အခါမှာ မ ထုတ်ပြန် တာက ကျွန်တော် တို့အတွက် ပိုပြီးတော့ အကျိုးရှိပါ တယ်။ ရုပ်ရှင်ဇာတ်ကား ၁ဝကား ဆန်ခါတင် ရွေးချယ် ထားတယ် ဆိုတာကလည်း ဒီအထဲ ကနေ အကယ်ဒမီ တစ်ဆုဆု ရနိုင်တယ်ဆို တဲ့ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးထုတ် ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ အကဲဖြတ်တွေ ကတော့ အမှန်ကန်ဆုံး ဖြစ်အောင်ကြိုးစား လုပ်ကြတာပါပဲ။

ဒါပေမဲ့ ဘယ်လောက်ပဲ လုပ်လုပ် နှစ်စဉ် ဝေဖန်မှု တွေကတော့ အမြဲ ပါလာတာပါပဲ။ ကျွန်တော်တို့ ကလည်း အမှန်ကန်ဆုံး နဲ့ အသန့် ရှင်း ဆုံးအဖြစ် ဆုရွေးချယ် ရေး အဖွဲ့က ရွေးချယ်တာပါပဲ။ ကိုယ့်လိပ်ပြာ လည်း ကိုယ်လုံကြပါတယ်။ ဝေဖန် ခြင်းနဲ့ ပြစ်တင် ရှုတ်ချခြင်းကတော့ နှစ်စဉ်မလွတ်ပါဘူး” လို့ ဦးနှင်းမိုးက ဆိုခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here