မင်္ဂလာ ရုပ်ရှင် ကုမ္ပဏီ အနေဖြင့် တစ်နှစ်ကို အဆင့်မြင့် ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံ အရေအတွက် ၃ ရုံမှ ၄ ရုံအထိ တည်ဆောက် သွားမည်

0
241

Mingalarမင်္ဂလာရုပ်ရှင် ကုမ္ပဏီရဲ့ ၂ဝ၁၇ ခုနှစ် အတွက် ပထမဦးဆုံး ရုပ်ရှင်ရုံသစ် ဖွင့်လှစ်ခြင်း ကိုတော့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ရွာသစ်ပွဲကြို ရပ်ကွက်၊ နတ်မောက် လမ်းမှာ ဖွင့်လှစ် လိုက်ပြန်ပြီ ဖြစ်ပါ တယ်။ မကွေးမြို့မှာ ရုပ်ရှင်ရုံနှစ်ရုံ ရှိခဲ့သော်လည်း ပြသခြင်းမရှိခဲ့ သည်မှာ ကြာမြင့်ခဲ့ပြီ လို့ ဒေသခံတွေ အပြော အရ သိရပါတယ်။ အခုဖွင့် လှစ်လိုက်တဲ့ မင်္ဂလာစံပြ(မကွေး) ဒစ်ဂျစ်တယ် အဆင့်မြင့် 2D, 3D  ရုပ်ရှင်ရုံဟာ အရင်ရုံဟောင်းကို ပြန်လည် အဆင့်မြင့် မွမ်းမံပြီး နိုင်ငံ တကာ အဆင့်မီ ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံ အဖြစ် မင်္ဂလာ ရုပ်ရှင်ရုံက ပြောင်းလဲ  ခဲ့ခြင်းဖြစ်ပါတယ်။

မင်္ဂလာရုပ်ရှင် ကုမ္ပဏီ အနေနဲ့ ၂ဝ၁၇ ခုနှစ် အတွင်းမှာပဲ အနည်းဆုံး ရုပ်ရှင်ရုံသစ် ၄ ရုံအထိ ဖွင့်လှစ် သွားမှာဖြစ်ပြီး လက်ရှိကတော့ မကွေး ရုပ်ရှင်ရုံကို ဦးစွာ ဖွင့်လှစ် လိုက်တာဖြစ်ပါတယ်။ အဲဒါကြောင့် မို့လို့လည်း မင်္ဂလာရုပ်ရှင် ကုမ္ပဏီ ဟာ မြန်မာပြည် အနှံ့မှာ ရုပ်ရှင်ရုံ ၁၈ ရုံအထိ ဖွင့်လှစ်ထား လိုက်နိုင်ပြီ ဖြစ်ပါတယ်။

“ဒီရုပ်ရှင်ရုံက အရင်က စံပြ ရုပ်ရှင်ရုံပေါ့။ အခုတော့ ကျွန်တော် တို့ မင်္ဂလာ အနေနဲ့ ပြန်လည်ဖွင့် လှစ်တာ ဖြစ်တဲ့ အတွက် မင်္ဂလာစံပြ အဖြစ်ပြန် ဖွင့်တာပေါ့။ အရင်ရုံပိုင် ရှင် နဲ့ ဖက်စပ်လုပ်တဲ့ သဘောတော့  မဟုတ်ဘူး။ သူတို့ဆီ ကနေ ကျွန်တော်တို့က ပြန်လက်လွှဲ ယူလိုက်တာပေါ့။ နှစ်ရှည် ပုံစံမျိုးနဲ့ ယူလိုက်တာပေါ့။ ကျွန်တော်တို့ အတွက် ၁၈ ရုံမြောက် ရုပ်ရှင်ရုံပါ။ မင်္ဂလာရဲ့ အဓိက  ရည်ရွယ်ချက်က ရုပ်ရှင်ရုံ မရှိတဲ့မြို့တွေမှာ ရုပ်ရှင် ကြည့်ချင်တဲ့ ပရိသတ်တွေ အတွက် ရုပ်ရှင်ရုံ ဆောက်ပေးချင်တာ ဖြစ်ပါ တယ်။ အဲဒါကြောင့်လည်း ကျွန်တော် တို့ က ရုပ်ရှင်ရုံမရှိသေးတဲ့ တစ်မြို့ပြီး တစ်မြို့ကို ခြေလှမ်း တစ်လှမ်းချင်းစီနဲ့ သွားနေတာပါ” လို့ မင်္ဂလာ ကုမ္ပဏီရဲ့ ဈေးကွက်ရှာ ဖွေရေးနှင့် ကြော်ငြာ မန်နေဂျာ ကိုမြတ်ခိုင်စိုး ကပြောပါတယ်။

၂ဝ၁၇ ခုနှစ် အတွင်းမှာပဲ တောင်ကြီးမြို့၊ မုံရွာ ၊ မော်လမြိုင် စတဲ့ နေရာတွေမှာလည်း မင်္ဂလာ ရုပ်ရှင်ရုံသစ် တွေ ထပ်မံဖွင့်လှစ် သွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ မင်္ဂလာရဲ့ အစီ အစဉ်က တစ်နှစ်ကို အနည်းဆုံး ရုပ်ရှင်ရုံသစ် ၃ ရုံကနေ ၄ ရုံအတွင်း ဖွင့်လှစ်နိုင်အောင် အမြဲ ကြိုးစား နေပါတယ်။ ဖွင့်လည်း ဖွင့်ဖြစ်ပါ တယ်။ မနှစ်ကလည်း ၄ ရုံ ဖွင့်လှစ် ဖြစ်ခဲ့တယ်။ ကျွန်တော် တို့ကတော့ ရုပ်ရှင်ရုံ မရှိတော့တဲ့ မြို့တွေမှာ ရုပ်ရှင်ရုံတွေ တည်ဆောက် သွားမှာ ဖြစ်တဲ့ အတွက် ရုပ်ရှင်ရုံ လုပ်ချင်တဲ့ သူတွေက မင်္ဂလာကို ဆက်သွယ်ပါ။ ညှိနှိုင်းကြမယ်။ ဆွေးနွေးကြမယ်။ အဆင်ပြေတယ် ဆိုရင် အလုပ်တွေ တွဲလုပ်ကြမယ်” လို့ ကိုမြတ်ခိုင်စိုး က ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here