ကိုယ်ပိုင်သံစဉ် ဓမ္မတေး သီချင်းသစ်တွေ ပါဝင်မယ့် မေသက်ထားဆွေ ရဲ့ တစ်ကိုယ်တော် အခွေ

0
398

DSC_0244ကြယ်ကလေး များရဲ့မိုးကောင်း ကင်မှာ စန္ဒကိန္ဒရီ သီချင်းနဲ့ အ ကောင်းဆုံးဆု ရရှိခဲ့သလို ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၆ခု ပိုင်ဆိုင်ခဲ့သူက အဆိုတော်မလေး မေသက်ထားဆွေပါ။ မေသက် ထားဆွေက လက်ရှိ အချိန်မှာ တော့ အထက(၁) ဒဂုံမှာ အဋ္ဌမတန်း တက်ရောက်နေပြီး အသက် ၁၄နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့အသက် ၁၄ နှစ်ပြည့် မွေးနေ့ ပွဲကိုတော့ ဇန်နဝါရီလ ၁ဝရက်နေ့ က သာယာကုန်း ပရိယတ္တိ စာသင်တိုက်၊ လှိုင်သာယာမြို့နယ်မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ မေသက်ထားဆွေက သူရဲ့ အသက် ၁၄နှစ်ပြည့် မွေးနေ့ပွဲ မှာ ဒါရိုက်တာ မာန်ဟိန်း(မြစ်ခြေ) ရေးသား ရိုက်ကူးထားတဲ့ “တရားတော် နာ ကြွတော်မူကြပါ” ဒီဗီဒီ ဓမ္မတေး စီးရီး သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ တေးစီးရီးက သူ့ရဲ့ ၅ခွေ မြောက် တေးစီးရီး ဖြစ်ပြီးတော့ တေးစီးရီး သစ် အကြောင်း ကိုတော့ မေသက် ထားဆွေ က…

“ဒီအခွေမှာ ဦးမာန်ဟိန်း (မြစ်ခြေ)က သူ့ရဲ့ကိုယ်ပိုင်သံစဉ် ၁၂ပုဒ် ရေးပေးထားတာပါ။ ဂီတမှူး က ဘဘ အကယ်ဒမီ ဦးလှဆန်းဦး က တီးခတ် ပေးထားပါတယ်။ အရင် တတိယနဲ့ စတုတ္ထ အခွေမှာတော့ အရင်တုန်းက သီချင်းတွေကို ဗားရှင်း သစ် ပြောင်း ပြီး ပြန် ဆိုခဲ့တာ ပေါ့နော်။ ဒီအခွေမှာတော့ သီချင်း ၁၂ပုဒ် လုံးက ကိုယ်ပိုင်သံစဉ်ဓမ္မတေး အသစ်တွေ ပါ” လို့ မေသက်ထားဆွေ က “တရား တော်နာ ကြွတော်မူကြပါ”  တေးစီးရီး အကြောင်းပြောပြခဲ့ပါတယ်။

မေသက်ထားဆွေရဲ့ ငါးခွေ မြောက် တေးစီးရီး ကိုတော့ ထင်းရှူး ရိပ် တေးသံသွင်းနဲ့ ဗီဒီယို ထုတ်လုပ် ရေးက ဇန်နဝါရီလ ၁၁ရက်နေ့မှာ  စတင် ဖြန့်ချိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် မေသက်ထား ဆွေအနေနဲ့ ဖေဖော်ဝါရီလ ၂၁ ရက် နေ့မှာ အတန်းတင် စာမေးပွဲ ဖြေဆိုရ မှာဖြစ်ပါတယ်။ သူ့အနေ နဲ့ လက်ရှိအချိန် မှာတော့ အနု ပညာနဲ့ ကျောင်းစာ ကို မျှတစွာ လုပ်ဆောင်နေ ပြီးတော့ တေးရေး သဟာအောင် ရေးတဲ့ တေးသီချင်း သစ်တွေနဲ့အတူ သူ့ရဲ့ တေးစီးရီးသစ် ထပ်မံ ထွက်ရှိဖို့ရှိကြောင်းလည်း သိရ ပါတယ်။

သတင်း၊ ဓာတ်ပုံ-မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here