Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeArticlesပဲစေ့ကို သွန်ကောက်ခြင်း

ပဲစေ့ကို သွန်ကောက်ခြင်း

naymyo

ပဲစေ့တွေ ပြန့်ကျဲနေတယ်။ တစ်စေ့ချင်း ကောက်ယူတယ်။ ရေတွက်တယ်။ တစ်စေ့၊ နှစ်စေ့၊ သုံးစေ့..။ ပဲစေ့လေးတွေက ဖြူဖြူ။ အဘိုးလက် ချောင်းတွေက ရှုံ့တွတွ။ လေးစေ့၊ ငါးစေ့၊ ခြောက်စေ့၊ ခုနစ်စေ့။ ကောက်ယူရေတွက်တဲ့ ပဲစေ့တွေကို ခွက်ထဲထည့်တယ်။ ပဲစေ့ကို တစ်ခါ ကောက်ရင် တစ်ကြိမ်ရေတွက်တယ်။ ရှစ်စေ့၊ ကိုးစေ့၊ ဆယ်စေ့။ ပြန့်ကျဲ နေတဲ့ ပဲစေ့ကလေးတွေက အဘိုးရဲ့ လက်ချောင်းထဲကနေ တစ်ဆင့် နို့ဆီခွက်ထဲ ရောက်သွားကြတယ်။ ဆက်လက်ရေတွက်ရဦးမယ်။ ဒီမှာ ပဲစေ့တွေ။ ဆယ့်တစ်စေ့၊ ဆယ့်နှစ်စေ့၊ ဆယ့်သုံးစေ့။ ပဲစေ့ ဆယ့်သုံးစေ့တိတိ ရေတွက်ပြီးပြီ။ နို့ဆီခွက်ထဲမှာ ပဲစေ့ဆယ့်သုံးစေ့ ရောက်သွားပြီ။ ပဲစေ့တွေရှိနေတုန်းပဲ။ အဘိုး ဘာလုပ်နေတာလဲ။ မြေးငယ်က မေး တယ်။ အဘိုးပဲစေ့တွေ ရေတွက်နေ တာ။ အဘိုးမအားဘူး။ ပဲစေ့ကလေး တချို့ကောက်ယူတယ်။ ကိန်းဂဏန်း တစ်ခုကို ရေရွတ်တယ်။

ပြီးတော့ နို့ဆီခွက်ထဲကို ထည့် တယ်။ ဆယ့်လေးစေ့၊ ဆယ့်ငါးစေ့၊ ဆယ့်ခြောက်စေ့၊ ဆယ့်ခုနစ်စေ့။ မေမေ..ဒီမှာ ဘိုးဘိုး ပဲစေ့တွေ ရေ တွက်နေတယ်။ မေ့- တိတ်တိတ် နေစမ်း လူကလေး။ အဘိုးဟာ နှာ ခေါင်းပေါ်လျှောကျလာတဲ့ မျက်မှန် ကို ပြန်ပင့်တင်ပြီး ပဲစေ့တွေကို ဆက် ပြီး ရေတွက်တယ်။ ဘိုးဘိုးကိုမခေါ် တော့ဘူး။ အေးပါကွာ။ သုံးဆယ့်ငါး စေ့၊ သုံးဆယ့်ခြောက်စေ့၊ သုံးဆယ့် ခုနစ်စေ့။ နေစမ်းပါဦး၊ ဒါက ပဲစေ့ ပဲလား။ အဘိုးက သေသေချာချာ ကြည့်။ ပဲစေ့လား၊ ကျောက်ခဲဖြူဖြူ လေးလား။ အဘိုးလက်ထဲမှာ ကိုင် ထားတယ်။ သြော်..ပဲစေ့လေးပဲ။ တစ်ခြမ်းပဲ့နေ တာကိုး။ ဒါကို သူက ထည့်သွင်းရေတွက်တယ်။ ပဲစေ့တွေ ဟာ သူ့နံဘေးမှာ နို့ဆီခွက်ထဲမှာ တစ်ခုချင်းရောက်သွားတယ်။

အပြင်ဘက်မှာ ဆောင်းနေခြည်က လင်းလို့။ ပဲစေ့တွေကို အဲဒီနေ့က အားလုံးကုန်အောင် ရေတွက်နိုင် ခဲ့တယ်။ စုစုပေါင်း အားလုံး ပဲစေ့ တစ်ထောင့်ခုနစ်ရာ့နှစ်ဆယ့်ငါးစေ့။ သူဟာ ကျေနပ်သွားတယ်။ ဘိုးဘိုး ဟာ ကျေနပ်သွားတယ်။

ဆောင်းနေခြည်က ပြတင်းမှန် ကိုဖြတ်ပြီး အထဲမှာ လင်းနေတယ်။ မြေးကလေးက ဘယ်မှာဆော့နေ ပါလိမ့်။ နေရောင်ခြည်ထဲမှာ လှန်း ထားတဲ့ အင်္ကျီက ရေစက်တွေ ပေါက် ခနဲ၊ ပေါက်ခနဲ ကျနေတယ်။ သူဟာ ပဲစေ့တွေထည့်ထားတဲ့ နို့ဆီဘူးကို ယူ လိုက်တယ်။ ပြီးတော့ သွန်ချလိုက် တယ်။ ငါရေတွက်တာ ဟုတ်ပါတယ်။ ကဲ.. ဒီတစ်ခါ ပြန်ရေတွက်မယ်။ ပဲစေ့တစ်စေ့၊ နှစ်စေ့၊ သုံးစေ့၊ လေး စေ့၊ ငါးစေ့..။

နေမျိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071