မင်္ဂလာပွဲ လျှို့ဝှက်စွာ ပြုလုပ်ပြီး ပရိသတ်များ တအံ့တသြ ဖြစ်ခဲ့ရတဲ့ Rain နဲ့ Kim Tae Hee

0
123

Kim-Tae-Hee-Rainတောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်း အနုပညာရှင် နှစ်ဦး ဖြစ်တဲ့ Rain(Jung Ji-hoon နဲ့ Kim Tae-hee တို့ရဲ့ မင်္ဂလာပွဲ က တော့ ဇန်နဝါရီလ (၁၉) ရက်နေ့ နေ့ခင်းမှာ ပြုလုပ်ပြီးစီး ခဲ့ပြီဖြစ် ပြီး တစ်ကမ္ဘာလုံးက ပရိသတ် များ လည်း တအံ့တသြ ဖြစ်ခဲ့ရပါတယ်။ မင်္ဂလာပွဲ ကို နာမည်ကြီး ကြယ်ငါး ပွင့်ဟိုတယ်မှာ ကျင်းပမယ့် အစား Jongno-gu  မှာရှိတဲ့ Gahoe-dong  ကက်သလစ် ဘုရားကျောင်း မှာ မိသား စုများနဲ့ ရင်နှီးတဲ့ အနုပညာရှင် မိတ် ဆွေ အနည်းငယ် နဲ့သာ လျှို့ဝှက်စွာ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲမှာ နာမည် ကြီး အနုပညာရှင် များဖြစ်တဲ့ JYP, PSY နဲ့ Honey Lee  တို့က အသိ သက်သေ အနေနဲ့ ကူညီပေးခဲ့ကြပြီး Rain  နဲ့ Kim တို့ရဲ့ မင်္ဂလာပွဲ ကတော့ ရိုးရှင်းစွာ ပြုလုပ်ခဲ့ကြပါတယ်။

ဘုရားကျောင်းရဲ့အဝင်ပေါက် မှာ မီဒီယာသမား များနဲ့ ပရိသတ် များ စုပုံနေပြီး ဘုရားကျောင်း အတွင်း လုံခြုံရေးတင်း ကျပ်ခဲ့ပါတယ်။ သတို့သမီး Kim Tae-hee က လည်းသူမရဲ့ စိတ်ကူးနဲ့ ဖန်တီး ထားတဲ့ ရိုးရှင်းတဲ့ မင်္ဂလာ ဝတ်စုံကိုပဲ ဆင်မြန်းခဲ့ပါ တယ်။ ဒီမင်္ဂလာပွဲ ကတော့ ကိုရီး ယားသမိုင်းမှာ အထူး လျှို့ဝှက်ပြီးရိုး ရှင်းစွာ ပြုလုပ်ခဲ့တဲ့ နာမည်ကျော် တို့ရဲ့မင်္ဂလာပွဲ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ချစ်သူသက်တမ်း လေးနှစ် ကျော်မှာ မင်္ဂလာပွဲ ပြုလုပ်ခဲ့တဲ့ Rain နဲ့ Kim Tae-hee တို့က သူ တို့ရဲ့ ပရိသတ်တွေ အတွက် စာရေး ပြီး အသိပေးခဲ့ပါတယ်။ သူတို့နှစ်ဦး ရဲ့ မင်္ဂလာပွဲ ဓာတ်ပုံ များကိုလည်း အနည်းငယ်သာ ထုတ်ပြန်ခဲ့ပြီး ပရိသတ်များရဲ့ အထူး စောင့် ကြည့် ခြင်း ကိုရရှိခဲ့ပါတယ်။ လက်ရှိအချိန် မှာ Rain က ၃၅ နှစ် အရွယ်ရှိပြီ ဖြစ်ပြီး Kim Tae-hee ကတော့၃၇ နှစ်အရွယ်ရှိ ပြီဖြစ်ပါတယ်။

Ref : thestar, koreaboo


LEAVE A REPLY

Please enter your comment!
Please enter your name here