ကိုယ်ပိုင်သီချင်းတွေလည်း လုပ်သွားဖို့ အစီအစဉ် ရှိနေသူ ဂျိုကာ

0
248

Jocker

အဆိုတော်ရဲလေးရဲ့ညီ ဂျိုကာက အစ်ကို ဖြစ်သူ ရဲလေးရဲ့သီချင်းတွေမှာ ပါဝင်ကူညီ သီဆိုပေးဖြစ်သလို ကိုယ်တိုင်လည်း သီချင်းတွေ ဖန်တီးဖြစ်ကာ လတ်တလောမှာတော့ သရုပ်ဆောင်တစ်ဦးအနေနဲ့ ဇာတ်ကားအတော်များများမှာပါဝင်သရုပ်ဆောင် နေပါတယ်။ ဂျိုကြီးလို့ အများခေါ်ကြတဲ့ ဂျိုကာက သူ သရုပ်ဆောင်သမျှ ကာရိုက်တာ တိုင်းနီးပါးဟာ ဟာသဇာတ်ရုပ်တွေပဲများပြီး သူ့အနေနဲ့တော့ ဇာတ်ရုပ်အစုံကို သရုပ်ဆောင်ချင်တယ်လို့ ဆိုပါတယ်။

” ကျွန်တော့်အနေနဲ့ အများကြီးလုပ် ပြချင်ပါသေးတယ်။ ကြမ်းတာ တွေရော၊ တည်တာတွေရော ကာရိုက်တာ အစုံလုပ်ပြချင်ပါတယ်။ တစ်ခေါက်နဲ့တစ် ခေါက် မတူအောင် ကြိုးစားနေပါတယ်။လောလောဆယ်တော့ ဟာသဇာတ်ရုပ်တွေပဲ အရိုက်များနေပါတယ်” လို့ ဂျိုကာက ပြောပါတယ်။ ဂျိုကာက အစ်ကိုဖြစ်သူ ရဲလေးနဲ့အတူ ဂီတ အလုပ်တွေကို အတူဖန်တီး ဖြစ်နေပြီး သီချင်း သစ်တွေတော့ ပုံမှန်လုပ် ဖြစ်နေတယ်လို့သိရပြီး ဂျိုကာတစ်ယောက်တည်း အနေနဲ့လည်း သီချင်းသစ်တွေဖန်တီးသွားဖို့ ရှိတယ်လို့  သိရပါတယ်။

” ဇာတ်ကားတွေ ရိုက်ကူးနေပေမယ့် သီချင်းတွေလည်း လုပ်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ဂီတနဲ့ သရုပ်ဆောင် မျှပြီးလုပ်လာတယ်။ ဖေ့စ်ဘုတ်မှာလည်း ဗီဒီယိုတွေတင်တယ်။ ဒါပေမဲ့ ဒီနေ့ထက်ထိ ကျွန် တော့်ရဲ့ကိုယ်ပိုင်သီချင်းတစ်ပုဒ် မရှိသေးပါဘူး။ ဒါပေမဲ့လာမှာပါ။ ဒီ၂ဝ၁၇ခုနှစ်ထဲပဲ ဖြစ်မလားမသိ ဘူး။ သေချာတာတော့ ပရိသတ်ကို ကိုယ်ပိုင်သီချင်းတွေ တော့ ချပြချင်ပါသေးတယ်။ ” လို့ ဂျိုကာက ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here