ဖိလစ်ပိုင်နိုင်ငံ Mall of Asia Arena, Pasay, Metro Manila မှာ ကျင်းပပြုလုပ် မယ့် ၆၅ ကြိမ်မြောက် Miss Universe ပြိုင် ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ်ဝင် ရောက် ယှဉ်ပြိုင်မယ့် Miss Universe Myanmar 2016 ထက်ထက်ထွန်းက ဇန်နဝါရီလ ၁၂ရက်နေ့ မနက် ၉နာရီ ၅ဝ မိနစ် က ထိုင်းလေကြောင်း နဲ့ ရန်ကုန်မြို့မှ ဖိလစ်ပိုင် နိုင်ငံကို ထွက်ခွာသွားပြီး ဖြစ်ပါတယ်။ Miss Universe Final ပွဲကြီးကိုတော့ ဇန်နဝါရီလ ၃ဝရက်နေ့မှာ ကျင်းပ သွားမှာဖြစ်ပါတယ်။ အလှမယ် ထက် ထက်ထွန်း က ဒီပြိုင်ပွဲမှာတော့ National Costume အတွက် ရုပ်သေးမင်းသမီးလေး ကနေတဲ့ပုံနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အဲဒီ National Costume ဝတ်စုံအပေါ် ကိုတော့ သဘောကျတဲ့ ပရိသတ်တွေ ရှိသလို ဝေဖန်နေကြတဲ့ ပရိသတ်တွေ လည်း ရှိနေပါတယ်။ အဲဒီဝေဖန်မှုတွေ အပေါ်ကိုတော့ အလှမယ် ထက်ထက်ထွန်းက..
“ဝေဖန်တာတွေကို ဘာမှမပြောချင်ပါဘူး။ အားလုံးက သူ့အကြိုက် နဲ့သူ ရှိနေကြတာဆိုတော့ အရာ အားလုံးက အကြိုက် တူချင်မှ တူမှာပေါ့။ ထက်ကတော့ ထက်မျက်နှာ ကိုလည်း ရုပ်သေး ရုပ်နဲ့ တူနိုင်သလောက် တူအောင် ပြင်ထားတယ်။ ဝတ်စုံကြောင့်လည်း စိတ်ထိခိုက် တာတို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းသွားတာ တို့လည်း မရှိပါဘူး။ အဓိကကတော့ လူတစ်ယောက် မိမိကိုယ် ကိုယ် ယုံကြည်မှု ရှိဖို့ကိုပဲပြသတာပါ။ ထက် အကောင်းဆုံး ပြင်ဆင် သွားတဲ့ National Costume လေးကို ပြိုင်ပွဲမှာ သဘော ကျပြီး ဆုရရှိ ဖို့ကို လည်း ထက်မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အလှမယ် ထက်ထက်ထွန်းက ဒီပြိုင်ပွဲ အတွက် body ပိုင်း body ပိုင်းတွေ နဲ့ ဗဟု သုတပိုင်းတွေကို တစ်နှစ်တာ ကြိုတင်ပြင်ဆင် လေ့လာသွားခဲ့တာပဲ ဖြစ်ပါတယ်။ အခုအချိန် မှာတော့ ပြိုင်ပွဲအပေါ် ရင်ခုန်မှု ထက် ပြိုင်ပွဲ အတွက် လိုအပ်မယ့် ပစ္စည်းများ မေ့ကျန်ခဲ့မှာကိုပဲ စိတ်ပူနေရကြောင်း အလှမယ် ထက်ထက်ထွန်းက ပြောပါတယ်။
“ရင်ခုန်မှုထက် အခုချိန်မှာ ဘာတွေများ ကျန်ခဲ့မလဲ။ ပြီးတော့ နောက်ပြန်လှည့်ပြီး ယူလို့မရတဲ့ အတွက် ပစ္စည်း ပစ္စယတွေ ကျန်ခဲ့မှာ အတွက် ကိုပဲ စိတ်ပူနေပါတယ်။ ရင်ခုန်မှုကတော့ ဟိုရောက်သွားရင် Camp သွင်း မှာရယ်၊ ပြိုင်ပွဲ စင်ပေါ်တက် ရင်တော့ ဖြစ် လာမှာပေါ့နော်။ အခုထိတော့ ရင်ခုန်ဖို့ အချိန်မရသေးဘူး။ စိတ်ပူမှုတွေ နဲ့ ပြည့်နေတယ်။ ထက်ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွား မယ်။ ပြိုင်ပွဲဝင်တိုင်း ကတော့ Winner ဆု ဆိုတာ ကြီးကို မျှော်လင့်ကြတာပဲ။ ထက်လည်း ဆုကြီးကို မျှော်လင့်ပါတယ်။ Winner ဆုမရခဲ့ရင်တောင် မြန်မာဆိုတာ ကမ္ဘာက အသိအမှတ် ပြုအောင်တော့ ကြိုး စားခဲ့မှာပါ”ပြောပြခဲ့ပါတယ်။
ဇင်မာနွယ် ၊
ဓာတ်ပုံ- ထက်ထက်ထွန်း ဖေ့စ်ဘုတ်
