အခုနှစ်အကယ်ဒမီ ဘယ်သူတွေ ဆွတ်ခူးကြလိမ့်ဦးမလဲ

0
168

acad အကယ်ဒမီဆန်ခါတင်စာရင်းတွေထဲမှာ ပါဝင်ထားတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ထား ကြတဲ့အနုပညာရှင်တွေဆိုရင် ပိုလို့ တောင်ရင်ခုန်နေကြပါပြီ။ ၂ဝ၁၆ ခုနှစ်အတွက်အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၃၃ကား ရှိပါတယ်။ ဒီဇာတ်ကားတွေကတော့ ချစ်လှစွာ သော အမုန်း၊ အနူးဘစ်၊ စား တယ်(ကိုတင့်တို့ စူပါရပ်ကွက်-၂)၊ အချစ်စစ်၊ ပြန်ခေါ်သက်သေ၊ ဖေ့စ်ဘုတ်ရွာ၊ ခိုးဆိုးလုနှိုက်၊ ရုံးပတေသီးလေးများ၊ မနောမြေမှ ကျောက်စိမ်းကမ္ဘာ၊ အီဖေကိုယ်တို့ ရွေးကောက်ပွဲ၊ မအေးပွင့်မြင့်မြင့် စန်းလမ်းသုံးဆယ်၊ ကျွန်တော်ကျွန်မယောက်ျားဗိုက်ကြီးသည်၊ အုတ်ကြား မြက်ပေါက်၊ ရပ်ကွက်ဘုရင်မ (၁)၊ ရပ်ကွက်ဘုရင်မ(၂)၊ မှော်ကျောက် စာ၊ ရိုက်လိုက်ပါဦးဒုန်းဒုန်းဒုန်း၊ ကာလာ စုံလက်ဆင်၊ လူးရတနာ သိုက်၊ ဧဒင်ရဲ့နတ်သမီး၊ ဘောစိ၊ သင်္ကြန် ပြတိုက်၊ From Bangkok to Mandalay ၊ ရွှေဒင်္ဂါးကို ထွေခင်း ကစားမယ်၊နှစ်ယောက်တစ်ဘဝ၊ ဘွန္တော ကြက်သူခိုး၊ ငဘ၊ မင်းလည်း ဘိုကေငါလည်းဘိုကေ၊ မေထုန်ရာသီဖွား၊ ပဲခူးဆားနှင့် သူ၏ဗိုင်းရပ်စ် များ၊ ပရော်ဖက်ဆာဒေါက်တာ ဆိတ် ဖွားနှင့်မြိုင်ရာဇာတာတေ၊ နှင်းဆီ ပန်သူ၊မယုံရင်ပုံပြင်ပေါ့ စတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။

အခုနှစ်မှာတော့ ဒါရိုက်တာ အနေနဲ့ ပြောရမယ် ဆိုရင်တော့ ဒါရိုက်တာဝိုင်းရဲ့ ဇာတ် ကား၁ကား၊ ဒါရိုက်တာ ကျော်ဇော လင်း (အတွေးပုံရိပ်)ရဲ့ ဇာတ်ကား ၂ကား၊ ဒါရိုက်တာသိန်းဟန်(ဖီးနစ်)ရဲ့ ဇာတ်ကား၂ကား၊ ဒါရိုက်တာ မီးပွား ရဲ့ ဇာတ်ကား ၃ကား၊ ဒါရိုက်တာ စတီး(ဒွေးမေတ္တာ)ရဲ့ ဇာတ်ကား၁ ကား၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရဲ့ဇာတ်ကား ၅ကား၊ဲဇ ဒေါင်းလွဏ်း ရဲ့ ဇာတ်ကား ၁ကား၊ဒါရိုက်တာ ညီညီထွန်းလွင်ရဲ့ ဇာတ်ကား ၂ကား၊ ဒါရိုက်တာ သီဟ ကျော်စိုးရဲ့ ဇာတ် ကား ၁ကား၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ရဲ့ ဇာတ်ကား၁ကား၊ ဒါရိုက်တာ ခင်စောမျိုးရဲ့ ဇာတ်ကား ၃ကား၊ ဒါရိုက်တာဝင်းထွန်းထွန်းရဲ့ ဇာတ်ကား ၁ကား၊ ဒါရိုက်တာ ပြည့်ဟိန်းသီဟရဲ့ ဇာတ်ကား၂ကား၊ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ ဇာတ်ကား ၁ကား၊ဒါရိုက်တာ မျိုးထူးရဲ့ ဇာတ်ကား ၁ကား၊ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဇာတ်ကား ၁ကား၊ ဒါရိုက်တာ ဟိန်းစိုးရဲ့ ဇာတ် ကား ၁ကားပါဝင်ပြီး ထူးခြားမှုအနေနဲ့ ဟာသသရုပ်ဆောင် ဒိန်းဒေါင် ရိုက်ကူးတဲ့ မယုံရင်ပုံပြင်ပေါ့ရုပ်ရှင်ဇာတ်ကားကလည်း အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်ထဲမှာ ပါဝင်ခဲ့သလို ထိုင်းဒါရိုက်တာ Chartchai (Nat) ရိုက်ကူးတဲ့ From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားကလည်း အကယ်ဒမီဆန်ခါတင် စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်အတွက်ကတော့ မယုံရင်ပုံပြင်ပေါ့ ရုပ်ရှင် ဇာတ်ကားက သူကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ပထမဆုံးဇာတ်ကားပဲဖြစ်ပါတယ်။ ဒရာမာ ဇာတ်ကားဖြစ်ပြီး ပရိသတ်တွေအ နေနဲ့ မျက်ရည် ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ခဲ့ပါတယ်။ ဟာသသရုပ်ဆောင်တစ်ဦးအနေနဲ့ ဒရာမာရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးဖြစ်ခဲ့ခြင်းက လည်း ပရိသတ်တွေအတွက် ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ From Bangkok to Mandalay ဇာတ်ကားကတော့ မြန်မာနဲ့ ထိုင်းပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါ တယ်။ သို့ပေမယ့်လည်း အကယ်ဒမီ စည်းမျဉ်းစည်းကမ်းအရ ပြည်ပအတတ်ပညာရှင်၊ အနုပညာရှင်တွေကို အကယ်ဒမီပေးအပ်သွားမှာ မဟုတ်ကြောင်းလည်း အကယ်ဒမီ အကဲဖြတ်အဖွဲ့ကပြောကြားထားပါတယ်။

အခုနှစ်အတွက် အကယ်ဒမီဆန်ခါတင် ဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေကို ရွေးချယ်ပြောပြရမယ်ဆိုရင်တော့ ကျော်သူ ၂ကား၊ အောင်ရဲလင်း ၂ကား၊ လူမင်း ၄ကား၊နေတိုး ၅ကား၊ ဟိန်းဝေယံ ၁ကား၊ ဇင်ဝိုင်း ၃ကား၊ မြင့်မြတ် ၃ကား၊ ထွန်းထွန်း၆ကား၊ ခန့်စည်သူ ၄ကား၊ စိုင်းစိုင်းခမ်းလှိုင် ၃ကား၊ ကျော်ရဲအောင် ၅ကား၊နေမင်း ၃ကား၊ ပြေတီဦး၁ကား၊ ဒိန်းဒေါင် ၂ကား၊ သက်မွန်မြင့် ၄ကား၊ ဝတ်မှုံ ရွှေရည် ၂ကား၊ ရွှေမှုန်ရတီ ၅ကား၊ ခိုင်သင်းကြည် ၅ကား၊ စိုးမြတ်သူဇာ ၈ ကား၊သဉ္ဇာဝင့်ကျော်၃ကား၊ အိန္ဒြာကျော်ဇင် ၁ ကား၊ အေးမြတ်သူ ၇ကား၊ မိုးဟေကို ၁ကား၊ ဖွေးဖွေး၂ ကား၊ ခင်ဝင့်ဝါ ၁ကား၊ နန်းဆုဦး ၁ကားစသဖြင့် ပါဝင်ပါတယ်။

ဒါကြောင့်လည်း ဒီနှစ်မှာဘယ် သူတွေ ရကြလိမ့်မလဲဆိုတာကိုလည်း ပရိသတ်တွေကကိုယ်စီ ကိုယ် စီ ခန့်မှန်းနေကြပြီလည်း ဖြစ်ပါ တယ်။ အကယ်ဒမီဆိုတာ နတ် ကြီးတယ်လို့ ပြောစမှတ် တွင်ကြတဲ့ အတိုင်းပဲ မထင်မှတ်တာတွေလည်း ဖြစ်တတ်တဲ့သဘာဝ ရှိတဲ့အတွက် ကြောင့်ဘယ်သူ ဘယ်ဝါရမယ် ဆိုတာမျိုးကိုတော့ ခန့်မှန်းနိုင် သလောက်ပဲ ခန့်မှန်းလို့ ရကြမှာ ဖြစ်ပြီးကံသေကံမတော့ ပြောနိုင် ကြမှာမဟုတ်ပါဘူး။ အနုပညာရှင် အားလုံးရဲ့ အနုပညာမှတ်တိုင် တစ်ခု ဖြစ်တဲ့ အကယ်ဒမီဆုကို ဘယ်သူ တွေ ဆွတ်ခူးကြလိမ့်မလဲ ဆိုတာ ကိုတော့ မတ်လ၁၈ရက်နေ့ အကယ် ဒမီထူးချွန်ဆု ပေးအပ်ပွဲကြီးကိုသာ ရင်ခုန်စွာ စောင့်မျှော်ကြရမှာ ဖြစ်ပါတော့တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here