Queen အမွတ္တံဆိပ္အက်ႌ ရောင်းချရငွေများကို ပရဟိတအလှူတစ်ခုပြုလုပ်သွားမယ့် စန္ဒီမြင့်လွင်

0
151

ddee

စန္ဒီမြင့်လွင်ရဲ့ စတုတ္ထမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Queen MTV ကို ဇန်နဝါရီလ ၇ ရက်နေ့က ထွက်ရှိခဲ့ပြီး ပရိုမိုးရှင်းပွဲကို အဆိုပါနေ့ ညနေ ၅ နာရီ Junction Square မှာ ပြုလုပ်ခဲ့ပါတယ်။ စန္ဒီမြင့်လွင်နဲ့အနုပညာ မောင်နှမများက အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ကာ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒါ့အပြင် ပရိသတ်တွေနဲ့လည်း ပျော်ရွှင်စွာဂိမ်းကစားခဲ့ကြပါတယ်။ အမိုက်စားရိုက်ကူးထားတဲ့ စန္ဒီမြင့်လွင်ရဲ့ Queen MTV မှာသီချင်း ၉ ပုဒ်ပါဝင်ပြီး ပရိသတ်တွေကြား ရေ ပန်းစားခဲ့တဲ့ “နှိုက်မှာပဲ” သီချင်းကို မိတ်ကပ် ဖန်တီးရှင် မထက် (pop soul) နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီစီးရီးခွေမှာ ပြေတီဦး၊ အောင်ရဲလင်း၊ ဆန်းတိုးနိုင်၊ ပိုင်တံခွန်၊ အားတီ၊ ဂျောက်ဂျက်၊ X- box ၊ အေးမြတ် သူ၊ သင်ဇာဝင့်ကျော်၊ ခင်လေးနွယ်၊ မေဆူးမောင်၊ ခင်သဇင်၊ နန်းခေးမား၊ J naw ၊ စုစန္ဒီနဲ့ စန္ဒီမြင့်လွင်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

” ဒီစီးရီးခွေလေးကို ဒီးဒီ တစ်နှစ်အချိန်ယူပြီး သီချင်းအပုဒ်တိုင်းကို အကောင်းဆုံးကြိုးစားရိုက်ကူးထားပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း အားပေးပါလို့ ပြောချင်ပါ တယ်။ အခွေစစ်ဝယ်ယူပေးတဲ့ ပရိ သတ်တွေကိုလည်း ကျေးဇူးအများ ကြီးတင်ပါတယ်” လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။ Queen MTV ထွက်ရှိခြင်း အမှတ်တရအနေနဲ့ Queen လိုဂို အမှတ်တံဆိပ်ပါ ခေါင်းစွပ်အင်္ကျီများကိုလည်း ကျပ်တစ်သောင်းခွဲနဲ့ ရောင်းချခဲ့ပြီး ရောင်းရတဲ့အမြတ်ငွေများကို ပရဟိတအလှူတစ်ခု ပြုလုပ် သွားမှာဖြစ်ကြောင်း သိရပါတယ်။ စန္ဒီမြင့်လွင်က ဇန်နဝါရီလ ၈ ရက် နေ့မှာတော့ မန္တလေးမြို့ရှိ Amazing Mall မှာ Queen MTV ဝယ်ယူတဲ့ ပရိသတ်များကို အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here