လေးကြိမ်မြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မန္တလေးမှာ ကျင်းပမယ့် မာရဇ္ဇ

0
127

Mariza

မာရဇ္ဇက သူ့ ရဲ့လေးကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မာရဇ္ဇက သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေကို ရန်ကုန်မှာ သုံးကြိမ်တိတိကျင်းပ ပြုလုပ်ခဲ့ပြီး ဒီတစ်ခေါက်မှာတော့ မန္တလေးမှာ ပထမဆုံး ပြုလုပ်မှာ ဖြစ်ပါတယ်။ Breakthrough Band နဲ့အတူ ဇန်နဝါရီလ ၂၇ရက်နေ့ မန္တလာမန္တလေးအပေါ်ထပ်မှာ ပြုလုပ်မယ့် သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်လို့ မာရဇ္ဇက…

ကျွန်တော်ကတော့ မန္တလေးဆိုတာ မြန်မာပြည်ရဲ့ ရော့ခ်အခြေစိုက် မြို့တော်လို့ တင်စားချင်တယ်။ ရော့ခ်ကြိုက်တဲ့မြို့တစ်မြို့ ဖြစ်တဲ့အတွက် ကျွန်တော်တို့တီးဝိုင်းက ရော့ခ်သီချင်းအများစုကို ဒီပွဲမှာ ပြင်ဆင်ထားပါတယ်။ ne Man Show ဆိုတာ အပုဒ် ၃ဝ ကျော်လောက်ဆိုရတဲ့အခါကျတော့ သီချင်းဟောင်း သီချင်းသစ်တွေ အားလုံးမျှဆိုမှာပါ။ ပြီးခဲ့တဲ့ တစ်ခေါက်ပွဲပြီးတဲ့အခါ ဘာကို သတိထားမိလဲဆိုတော့ ပရိသတ်အကြိုက်ကိုလည်း ဆိုပြရမယ်။ ကိုယ်ဆိုချင်တာတွေလည်း မျှဆို ရမယ်ဆိုတာ သတိထားမိတယ်။ အဲ့ဒီအတွက်မျှ ဆိုသွားမှာပါ” လို့ပြောတဲ့ မာရဇ္ဇကို တစ်ကိုယ် တော်ပွဲတွေ တောက်လျှောက်လုပ်ဖြစ်နေတဲ့ အပေါ်မှာလည်း မေးကြည့်တဲ့အခါ..

” ဒါက ကျွန်တော်တစ်သက်လုံးမက်ခဲ့တဲ့ အိပ်မက်ပါပဲ။ ဂီတသက်တမ်း နှစ်၂ဝကျော် ဖြတ်သန်းမှုမှာ ဒါမျိုးသွားချင်တာ နှစ်ပေါင်းတော် တော်ကြာခဲ့ ပါပြီ။ ခုကိုယ့် Bande နဲ့ကိုယ်စပြီး တီးခဲ့တာလေးနှစ်လောက်ပဲ ရှိပါသေးတယ်။ ပရိသတ်တွေတော့ သိနေပါပြီ။ အခုကျွန်တော် One Band အနေနဲ့ရပ်တည်နေတယ်ဆိုတာ အားလုံးသိဖို့အတွက် ကြိုးစားရဦးမှာပါ” လို့ မာရဇ္ဇက ပြောပါတယ်။ မာရဇ္ဇက သူ့ရဲ့နောက်ဆုံးထွက်စီးရီး “အချိန်အခါကို” လည်း အရင်ကတော့ MTV ရိုက်ကူးဖို့အစီအစဉ်မရှိ ပေမယ့် အခုတော့ MTV ရိုက်ကူးမှု စတင်တော့မယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here