ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အလှကုန်ပစ္စည်းတွေ ဖြန့်ချိရောင်းချမယ့် မေခလာ

0
235

makalar

မေခလာက သူ့ရဲ့ MKL ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အလှကုန်ပစ္စည်းတွေ ဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ဂျပန်နိုင်ငံမှ ထုတ်လုပ်ကာ မြန်မာပြည်အတွင်း ဖြန့်ဖြူးရောင်းချမယ့် MAYKHALAR Skin Care ပစ္စည်းကို တင်သွင်းဖြန့်ဖြူးရောင်းချမှာဖြစ်ပါတယ်။ ဒီအလှကုန်ကတော့ အမျိုးသားရော၊ အမျိုးသမီးပါ အသုံးပြုလို့ရပြီး အလှကုန်နဲ့ပတ်သက်လို့ မေခလာနဲ့ ကိုရန်ကျော်တို့ ကိုယ်တိုင်က အသုံးပြုပြီးမှ မြန်မာနိုင်ငံကို တင်သွင်းဖြန့်ဖြူးတာဖြစ်တယ်လို့ သိရပါတယ်။

” အစ်မအသုံးပြုခဲ့တာကိုပဲ တစ်နှစ်နီးပါးလောက်ရှိသွားပြီ။ အစ်မအပြင် အခြားသော အမျိုးသမီးတွေကိုလည်း အသုံးပြုခိုင်းပြီးမှတင်သွင်းတာပါ။ အကုန်လုံးကလည်း အဆင်ပြေတယ်လို့ ပြောပါတယ်။ ပြီးတော့ အစ်မတို့နိုင်ငံရဲ့ ရာသီဥတုနဲ့လည်း ကိုက်ညီလား၊ မကိုက်ညီလားဆိုတာလည်း စမ်းသပ်တယ်။ သူ့ရဲ့ အကျိုးအာနိသင်က မျက်နှာရဲ့ အမည်းစက်တွေ လုံးဝမရှိတော့ဘူး။အရေးအကြောင်းလေး တွေ ရှင်းသွားတယ်။ ပြီးတော့ အသားက ပိုပြီး တော့ ဖြူသွားတယ်။ ဈေးကလည်း တအားမကြီးစေရဘူး။ ဒါပေမဲ့ သူ့ရဲ့ quality က တကယ့်အကောင်းတွေ ထည့် ထားတဲ့အတွက်ကြောင့် သူ့ရဲ့ ဂျပန်နိုင်ငံက အရင်းကိုက ယန်း ၈ဝဝဝ ရှိတယ်။ မြန်မာပြည် အနေအထားနဲ့ဆိုရင် တစ်ဘူးကို ၈ သောင်းကျော်တာပေါ့။ ဒါကြောင့် အားလုံးသုံးနိုင်မယ့်ဈေးကို အစ်မက လျှော့ခိုင်းထားတယ်။ ဘူးထဲမှာ ၃ မျိုးပါတယ်။ မျက်နှာသစ်ဆေးရယ်၊ UV Cream ရယ်၊ Lotion ရယ် ၃ မျိုးပါမယ်။ တစ်ဘူးကို ၆ လလောက် ကြာအောင်သုံးလို့ရတယ်။၂ လ လောက်မှာပဲ သိသာသွားပြီ။ တစ်ဘူး ကုန်တာနဲ့ ကောင်းကောင်းကို သိသာသွားပါပြီ” လို့ အလှကုန် ပစ္စည်းနဲ့ပတ်သက်ပြီး မေခလာက ပြောပြပါတယ်။ မေခလာက နောက်ပိုင်းမှာလည်း အလှပြင်ဆိုင် ကြီးတစ်ခုကို ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး သူ့တစ်ယောက်တည်း အနေနဲ့ ဖွင့်လှစ်သွားမှာမျိုးမဟုတ်ဘဲ ပြည်ပကနေလာရောက်ပြီး ပူးပေါင်းလုပ်ဆောင်သွားမယ့် အစီအစဉ်တွေလည်းရှိကြောင်း၊ သူ့အနေနဲ့ နှုတ်ခမ်းနီကိုတော့ ရောင်းချသွားမှာ မဟုတ်ကြောင်းလည်း ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here