၂ဝ၁၇ ခုနှစ်မှာချန်ပီယံ အိပ်မက်အကောင်အထည်ပေါ်လာတော့မလား အောင်လအန်ဆိုင်း

0
98

ala

မြန်မာပြည်ဖွား MMA ဖိုက်တာ အောင်လအန်ဆိုင်းရဲ့ မစ်ဒယ် ဝိတ်တန်းချန်ပီယံလုပွဲကိုတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ အင်ဒိုနီးရှား၊ ဂျကာတာမှာ ပြုလုပ်မှာ ဖြစ် ကြောင်း one championship မှ တရားဝင် သတင်းထုတ်ပြန်လိုက် ပြီ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးမှာတော့ အောင်လအန်ဆိုင်းက လက်ရှိမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရုရှား နိုင်ငံသား Bigdash နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။ ၂ဝ၁၇ခုနှစ် မှာချန်ပီယံ ဖြစ်ဖို့ ဆန္ဒပြင်းပြနေတဲ့ အောင်လက…

” တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ထိုးလိုက်ရတဲ့ ကိုယ့်ရဲ့ လက်မှတ်တစ်ခုက ဘယ်သူနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမလဲဆိုတဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်လာခဲ့တယ်။ ကိုယ်ဘာကြောင့်မလုပ်နိုင်ရမှာလဲ။ လာမယ့် နှစ်ပတ်အတွင်းမှာပဲ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ယှဉ်ပြိုင်ထိုးသတ်ရတော့မှာဖြစ်တယ်။ အဲဒီတော့ ကျွန်တော့်ရဲ့ပရိသတ်တွေ ဖြစ်နိုင်ခဲ့မယ်ဆိုရင် ကြိုးဝိုင်းအထဲထိ လာရောက်ကြည့်စေချင်ပါတယ်။ ကျွန်တော့်ကို ချစ်ကြတဲ့ ပရိသတ်တွေနဲ့ ထောက်ပံ့ပေးကြသူတွေ အားလုံးကို ကျေးဇူးအမြဲ တင်နေပါတယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ အောင်လအန်ဆိုင်း အနေနဲ့ အဆိုပါပွဲစဉ်မှာ ပြိုင်ဘက်ကို ယှဉ်ပြိုင်ထိုးသတ်အနိုင်ယူနိုင်ခဲ့ပါက သူ့ ရဲ့ မျှော်လင့်ချက် အိပ်မက်ဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံအိပ်မက် အကောင်အထည်ပေါ်လာတော့မှာဖြစ်ပါတယ်။ချန်ပီယံ အိပ်မက်အကောင်အထည် ဖော်ဆောင်ပြီးပါက အောင်လအန်ဆိုင်းအနေနဲ့ သူမွေးဖွား ကြီးပြင်းခဲ့ရာ မြန်မာပြည်မှာ မိသားစုနဲ့အတူ အခြေချနေထိုင်ရင်း မြန်မာလူငယ်တွေကို ဂျူဂျစ်ဆု ပညာရပ်များ ဖြန့်ဝေသင်တန်းပေးသွားဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here