ဂမ္ဘီရ ရေပြာကန်

0
141

bluelakeကီလိုမီတာ ၄၇၂ ကီလိုမီတာ ဝေးပြီး ၆နာရီ လောက်မောင်းခဲ့ ရတဲ့ အံ့သြဖွယ် ကောင်းတဲ့ သဘာဝအလှ အပတွေ နဲ့အတူ ပေါက် ကွဲပြီး သား မီးတောင်သေကြီး အဝမှာ ရေပြာကန် ရှိနေတဲ့ မောင့်တ် ဂါဘီယာမြို့ လေး ပေါ့။ နှစ်စဉ်နှစ်တိုင်း  နိုဝင်ဘာလ လယ်လောက် ကနေ   မတ်လ ထိတိုင် အောင် ကန်ထဲမှာ ရှိတဲ့ ရေအရောင် ဟာ အပြာရင့်ရင့် ပြောင်းလဲသွား တတ်ပြီး၊ ဧပြီလ ကနေ အောက်တို ဘာ လ အထိ ကတော့ မီးခိုးရောင် ပြောင်းသွားတဲ့ ရေကန်ကြီး ရှိတဲ့မြို့ ဖြစ်လို့ တိုးရစ်တွေကို ဆွဲဆောင်နေ တဲ့မြို့လည်း ဖြစ်ပါ တယ်။ နိုဝင်ဘာ လ လယ် မှာ ရေရဲ့ အရောင်ဟာ အပြာ ဆုံးလို့လည်း သိရပါတယ်။

3ကန်ပတ်လည် ၃.၆ ကီလိုမီတာ လောက်ရှိတဲ့ လျှောက်လမ်းလေးတွေ ဖန်တီးပေး ထားတော့ လမ်းလျှောက် တာဝါသနာ ပါသူတွေ အတွက် ရှုခင်း လေးတွေ ကြည့် ရင်း စိတ်လည်းအ ပန်းဖြေစရာ နေရာလေးပါ။ ကန်ကြီး ကိုရောက်တဲ့ အခါ ကိုယ့် ဘာသာ ကန်ပေါင်ရိုး တစ်လျှောက် လမ်း လျှောက် ရင်းဖြစ်ဖြစ်၊ ကား နဲ့ဖြစ်ဖြစ် ပတ်မောင်းကြည့် လို့ရပါတယ်။ ဒါမှ မဟုတ် လူတစ်ယောက် ၁ဝ ဒေါ် လာ ပေးရတဲ့ Aquifer Tour ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကန်ရဲ့ ရေစပ်ရေစုပ် တင်တဲ့ စက်နား ထိကို ဓာတ်လှေ ကား နဲ့ဆင်းသွားပြီး တော့ လိုဏ်ခေါင်း ကလေး ကနေ ပို့ ဆောင်ပေးပါတယ်။ လိုက်ပြပေးတဲ့ Guide က မြို့သမိုင်းကြောင်းနဲ့ ဒီ ကန်ကြီး ကရေတွေကို မြို့နေလူထု အတွက် ရေပေးဝေရေး ကို အသေး စိတ် ရှင်းပြပေး ပါတယ်။ ကန်ရဲ့ အနက်က ၇၇မီတာရှိပြီး ရေ ၃၆ဝဝ မီလီယံလီတာ ကို နှစ်စဉ် လူထုကို ထောက်ပံ့ ပေးနေတာဖြစ်ပါတယ်။

1နွေရာသီမှာ ရေက ပူတော့   ပျော်ဝင်နေတဲ့ ကာဗွန်ဒိုင်အောက် ဆိုက်တွေက ဂက်စ် အဖြစ် နဲ့လေထဲ ကို ထုတ်လွှတ် ပါတော့တယ်။ ဒီအခြေ နေ ကနေ Ph Level ကို တိုး ပွားစေ ပြီး ကယ်လ်စီယံ ဒြပ်ပေါင်း ထဲမှာ ရေဟာ အလျှံပယ် ဖြစ် လာ ပြီး ဒြပ် ပြောင်း ကာ ပုံဆောင် ခဲဖြစ်လာစေပါ တော့တယ်။

ကန်ရဲ့ အပေါ်ပိုင်း အလွှာမှာ ဆိုဒီယံ ကာဗွန်နိပ် ဒြပ်စင်တွေ ကအရည်ကနေ တ အား ကို သေးငယ် တဲ့ သလင်း ပုံဆောင်ခဲ အမှုန်လေးတွေ ဖြစ်ပေါ်စေ ပြီး နေရောင်ခြည် အလင်း ဖြာမှုကြောင့် ဖြစ်လာတာလို့ တက္ကသိုလ် တစ်ခုက ပရော်ဖက်ဆာ တစ် ယောက် ရဲ့ လေ့ လာတွေ့ ရှိချက်ကို ညွှန်းဆိုပြီး Guide က ရှင်းပြပါတယ်။ ဒါပေမဲ့ အခြား သီအိုရီများလည်း ရှိ သေးတယ်လို့ ဆိုပြန်ပါတယ်။

နောက်တစ်ချက် က နွေရာသီ မှာ ပါဝင်နှုန်း ပိုများတဲ့ကယ်လ်စီယံ ဒြပ်စင်တွေကနေ ကန်ရေပြင်ပေါ်မှာ ရှိတဲ့ရေညှိတွေကို ချွတ်ပစ်တဲ့ အတွက်ကြောင့် အဆုးံမှာ ကယ်လ်စီယံ ဒြပ်စင်နဲ့ ရေညှိသေတွေ ဟာကန်ရဲ့ အောက်ခြေမှာ အနည်ထိုင် ကုန်ကြ ပါတယ်။ နွေရာသီမှာ ဒီအနည်ထိုင်မှု ဖြစ်စဉ်ဟာ ပိုဖြစ်ပြီးတော့…

4ကန်အောက် အလွှာမှာ ရှိတဲ့ ရေညှိ အနည်တွေနဲ့ ကန်ရေပြင် အပေါ်လွှာ တို့ကို လည်း မရော အောင် နွေရာသီက သဘာဝအရ ဟန့်တား ထားပါတယ်။ ကန်အောက် ခြေ က အနည်ထိုင်နေတဲ့ အရောင် တွေကြောင့် အပေါ်ပိုင်း ကြည်နေ တဲ့ ရေလွှာ ကို ရောင်ပြန် ဟပ်ပြီးပြာတာ လို့လည်း ဆိုပါတယ်။ ဆောင်း တွင်း မှာတော့ ကန်အောက် ခြေ အနည်တွေ နဲ့ ကန်ရေပြင် အပေါ် ပိုင်း တို့ ရော ကုန် ပြီး ရေအရောင် ဟာလည်း နောက်ပြီးမီးခိုး ရောင် ပြောင်းကုန်တယ်လို့ ဆိုပါတယ်။ ဓာတုဗေဒ နည်း အရ ထုံးကျောက် တွေကြောင့် လား၊ ရေညှိတွေ ကြောင့် လား ဆိုတာ ကိုယ်လည်း စုံစုံလင်လင် နားလည်အောင် မရှင်းပြ တတ်သလို သိပ္ပံ ပညာ ရှင်တွေ၊ တက္ကသိုလ်က ပညာရှင်တွေ သွားရောက်ပြီး လေ့လာမှုတွေ နှစ်များစွာ လုပ်ခဲ့ ကြပြီး အဆုးံ မှာတော့ တူညီတဲ့ အကြမ်း ဖျင်း ထင်မြင် ယူဆချက်တွေ ထုတ် ပြန်ခဲ့ကြပေမယ့် ကိုယ့်နည်းကိုယ့် ဟန်နဲ့ အဓိပ္ပာယ် ကောက် ယူနေကြ တာပဲလို့ ဆိုကြပါတယ်။ The exact cause of this pheno – menon is still a matter of conje cture ဒီ ထူးထူးခြားခြား ဖြစ်စဉ် ရဲ့အဓိက ဘာကြောင့် ရေတွေပြာ ရတာလဲလို့ ရှင်းပြထားတာ   အားလုံးဟာလည်း ထင်ကြေး သက်သက်လို့ ဝီကီပီးဒီး ယားက ဆိုထားတာကြောင့် မြန်မာ ပြည်က ရွာငံမှာ ရှိတဲ့ ရေပြာ အိုင်ပြာ ရတာဟာ အောက်ခြေဂူ ထဲမှာ ရှိ တဲ့ မြသပိတ်ကြောင့် ပြာ ရတာလို့ ဒဏ္ဍာ ရီဆန်ဆန် ပြောနေကြတာ ကို လည်း အပြစ်တော့ မဆိုသာ။

5ဒီက ရေပြာအိုင် အကြောင်း ပြောတော့ မြန်မာပြည်က ရေပြာ  အိုင်အကြောင်း ကြားရတာက သိပ် နားမသက်သာ စရာ။ နိုင်ငံခြား က ရေငုပ် သမားတွေ လာလေ့ လာ တာကို ခွင့်မပြုဘူးလို့ ကြားရပါတယ်။ တကယ်ဆို ဖြစ်သင့်တာက ဒီထူးခြား တဲ့ ရေကန်လေးကို စနစ် တကျ အကာအရံတွေ နဲ့လျှောက်လမ်းလေး တွေဖန်တီး၊ ဓာတုဗေဒနဲ့ ဘူမိဗေဒ ပညာရှင်တွေကို ခန့်ထားပြီး လေ့ လာမှုတွေ လုပ်ခိုင်း။ ခရီး သွားတွေ  ဆီက ပိုက်ဆံ ကောက်ပြီးတော့ ကိုယ်ဘက် ကလည်း လိုအပ်တဲ့ ဝန် ဆောင် မှုတွေ ပေးရမှာ ဖြစ်ပါတယ်။ စိတ်ဝင် စားစရာ နေ ရာတွေ ပြည့်နှက်နေ တဲ့ ကျွန်တော်တို့ ရွှေပြည်ကြီးမှာ အချို့ နေရာတွေမှာ ခရီးသွားတွေ ဆီက ပိုက် ဆံ ကောက်ရမှန်း မသိသလို ဘာ ဝန်ဆောင်မှု ပေးရမှန်း လည်းမသိ၊ အချို့ ပိုက်ဆံ ကောက်ပြီး တော့ဝန်ဆောင်မှု ကျတော့ ဘာမှမ ပေးချင်တဲ့ နေရာတွေ အများ ကြီး တွေ့ ရပါတယ်။ တကယ်တော့ ဒီသြ စတေးလျမှာ အချို့ဘာမဟုတ်တဲ့ သဘာဝ နေရာလေးတွေကို ခရီးသွား တွေ စိတ်ဝင် စားအောင် ဖန်တီးပြီး တော့ ခရီးသွား လုပ်ငန်းကနေ ပိုက်ဆံ ရှာလူတွေကို အလုပ်အကိုင် ဖန်တီး ပေးနေ တာ ကို နေရာ အနှံ့ တွေ့ရ တော့ ကျွန်တော်တို့ ရွှေပြည်ကြီးက အစိုးရရော၊ လုပ်ငန်းရှင်တွေပါ စနစ်တကျ လုပ်ရကောင်းမှန်း မသိ တာတော့ စိတ်ပျက် စရာပါ။

ချစ်ကို (မဲလ်ဘုန်း)    


LEAVE A REPLY

Please enter your comment!
Please enter your name here