အကယ်ဒမီ ထူးချွန်ဆု ပေးအပ်နိုင်ရေးအတွက် အကယ်ဒမီ ရွှေစင်ရုပ်တုများ စတင်ထုလုပ်

0
200

မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးအပ် နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင် ရွက်မှုများစွာ ပြုလုပ်လျက်ရှိနေရာလက်ရှိမှာတော့ အကယ်ဒမီ ရွှေစင်ရုပ်တုအသစ် ၆ ရုပ်တိတိကို ပီအောထွန်းရင်နဲ့ သားများဆီမှာ အပ်နှံထားလိုက်ပြီ ဖြစ်ကြောင်း သိရ ပါတယ်။ ရုပ်ရှင်နာယကကြီး ဒါရိုက်တာ ဦးနှင်းမိုး ကတော့..

“အကယ်ဒမီ ရုပ်တုတွေကို တော့ မှာထားလိုက် ပြီပေါ့။ အခု အရုပ် ၆ ရုပ် လက်ကျန်ရှိတယ် ဆိုတော့ ၆ရုပ်ထပ်လုပ်လိုက်ပါတယ်။ အရင် နှစ်တွေက မပေးအပ်ရသေးတဲ့ ရွှေစင်ရုပ် ၆ ရုပ်ရှိနေပါတယ်။ လိုအပ်တာကို ပြန်မှာတဲ့ သဘောပါ”

လို့ ပြောပြ ပေးပါတယ်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးအပ်ပွဲကိုတော့ လာမယ့် မတ်လအတွင်းမှာ ပြုလုပ်ဖို့ အတည်ပြု ထားပြီး မတ်လ၁၈ရက်နေ့ (သို့မဟုတ်) ၁၉ ရက် နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အကယ်ဒမီ စာရင်းဝင်ဇာတ်ကားစာရင်းကိုလည်း အပြီး သတ် အတည်ပြုထားလိုက်ပြီ ဖြစ်ပြီ စုစုပေါင်း ဇာတ်ကား ၃၃ကားအထိ အကယ်ဒမီ စာရင်းဝင်ခဲ့ပါတယ်။ ရုပ်ရှင် ဇာတ်ကားပေါင်း ၃၃ ကားအထိ အကယ်ဒမီစာ ရင်းဝင်လာတဲ့ အပြင် ဇာတ်ကား တွေရဲ့ အရည် အသွေးတွေ၊ ကွာလတီတွေ ကလည်း မြင့်မားကောင်းမွန် လာတဲ့အတွက် ပြိုင်ဆိုင်မှုကတော့ အရင်နှစ်တွေထက် ပြင်းထန်လာ လိမ့်မယ်လို့လည်း မှတ်ချက်ပြု ဆိုပါတယ်။

“ဇာတ်ကားကောင်းတွေ အများကြီး ပါဝင် လာပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီနှစ်မှာ ဟာသ ရုပ်ရှင်တွေနဲ့ ဒရာမာရုပ်ရှင်တွေ ဟာ အချိုးကျ ပါဝင်လာတာကို လည်း တွေ့ရတယ်။ ဟာသရုပ်ရှင် ဇာတ်ကားတွေထဲမှာ လည်း တအား ကောင်းတဲ့ ဇာတ်ကားလေးတွေ ပါဝင်နေပါတယ်။ ဒရာမာ ဇာတ်ကား တွေကလည်း ကောင်းတယ်။ ပြော ရင် ဒီနှစ်က အပြိုင်အဆိုင်များတယ်။အဲဒီတော့  ပြိုင်ဆိုင်မှုက လည်း ပြင်းထန်နိုင်တယ်” လို့ ဒါရိုက်တာ ဦးနှင်းမိုး က ဆက်လက်ပြောပြပေး ခဲ့ပါတယ်။

အကယ်ဒမီဆု ပေးအပ်နိုင် ရေးအတွက် စိစစ်အကဲဖြတ်ရေး ဘုတ်အဖွဲ့ကို ဘာသာရပ်တစ်ခုချင်းစီမှာ သက်ဆိုင်ရာ ဘာသာရပ်က အတတ်ပညာရှင်၊ အနုပညာ ရှင် ၅ ဦးစီနဲ့ ဖွဲ့စည်းပြီး အကယ်ဒမီ စိစစ်မှုတွေကို ၂ဝ၁၆ ခုနှစ် နိုဝင် ဘာလ ၇ ရက်နေ့ကတည်းက စတင် အကဲဖြတ်ကြည့်ရှုနေခဲ့တာဖြစ်ပြီး လက်ရှိ မှာတော့ အပြီးသတ် ကြည့်ရှု မှုအဆင့်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ် အကယ် ဒမီ စိစစ်မှုပုံစံနဲ့ အမှတ်ပေးရွေးချယ် မှုပုံစံကိုလည်း ပြောင်းလဲထားတာမို့ မနှစ်က ထွက်ပေါ်ခဲ့တဲ့ ဝေဖန်မှုတွေကို လျှော့ချ သွားနိုင်မယ်လို့ တွက်ဆထားကြပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here