ပထမဆုံးရတဲ့ ဂီတဆုနဲ့ ရွှေထူး ရဲ့ ဖီလင်

0
325

shwe-htoo-2၂ဝ၁၆ ခုနှစ်က ရွှေထူး အတွက် ထူးခြားတဲ့နှစ် လို့ ဆိုရမှာ ဖြစ်သလို သူ့ရဲ့ သီချင်းသံတွေ ပရိသတ်တွေ ကြားထဲ လွင့်ပျံခဲ့ တာကြောင့် အောင်မြင်မှုတွေ ရရှိခဲ့တဲ့ နှစ်တစ်နှစ် လို့လည်း ဆိုရမှာပါ။ ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် နေ့က ထွက်ရှိခဲ့တဲ့ “စိတ်ကူးယဉ် စာအုပ်” စီးရီးခွေရဲ့ အမ်တီ ဗီကို လက်ရှိမှာ ထွက်ရှိဖို့ အဆင်သင့်ဖြစ်နေပြီး အမ်တီဗီ ကို ဇန်နဝါရီလ ထဲမှာ ထွက် ရှိနိုင်အောင် ကြိုးစားသွားမယ် လို့  ရွှေထူးက ပြောပါတယ်။ ဒီကြားထဲမှာ သူအလုပ်တွေ လုပ်နေ တာက၂ဝ၁၇ ခုနှစ်မှ Plan တွေ ရှိနေလို့ပါလို့ ဆိုတဲ့ ရွှေထူးက..

“ကျွန်တော် ၂ဝ၁၇ ခုနှစ်ထဲမှာ လက်ခံထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်မယ်။ အဲဒီအတွက် လည်း ကျွန်တော် အမြဲပြောနေကျ အတိုင်းပဲ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ် စိတ်မပျက် ရအောင် ကြိုးစားသွားမယ်။ ကျွန်တော့်ကို မကြိုက်တဲ့ သူတွေလည်း မဆိုးပါ ဘူးလို့ အပြောခံ ရအောင် ကြိုးစား သွားပါမယ်။ နောက် ပြီးတော့ ကျွန်တော့်ရဲ့ Second Album ထွက်ရှိမယ်။ “စိတ်ကူးယဉ်စာအုပ်” အယ်လ်ဘမ် ထက်တော့ တော်တော် လေးကွာဟ သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့် ဆိုပုံ၊ ဆိုပေါက်လေးတွေ ပြောင်း ထားတယ်။ ထူးခြားသွား မယ်လို့ ထင်တယ်။ ကြိုတော့ မမှန်းရဲသေးဘူးပေါ့နော်။ အဲဒါ ပရိသတ်ကပဲ ဆုံးဖြတ်ပေး သွားမှာပေါ့” လို့ ဆိုပါတယ်။ ရွှေထူးက ပြီးခဲ့တဲ့ တစ်ပတ်က ကျင်းပခဲ့တဲ့ Shwe FM ၇နှစ်ပြည့် ဆုပေးပွဲမှာ ၂ဝ၁၆ ခုနှစ် အတွင်း သီချင်း အတောင်း ခံရဆုံး အမျိုးသား တေးသံရှင်ဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဆုရရှိတဲ့ အပေါ်သူ့ရဲ့ဖီလင်က “ကျွန်တော် အများကြီး ကြိုးစားပါဦးမယ်။ ကျွန်တော့် ကို Message ကရော၊ Chat Box ကရော၊ ပြီးတော့ Facebook တက်တာနဲ့ ကျွန်တော့် New Feed တစ်ခုလုံးပြည့် အောင် Congratulation ပြောကြ ၊ ဆုတောင်းပေးကြတဲ့ ပရိသတ်၊ မိတ်ဆွေ၊ သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်” လို့ ပြောပြပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here