ကိန်းစ်ရုပ်ရှင်ပွဲတော် နှင့် ဥရောပ ရုပ်ရှင်ပွဲတော်တွင် ပြသရန်အတွက် မြန်မာအပါအဝင် အာဆီယံနိုင်ငံများက ရုပ်ရှင်တွေကို ဖိတ်ခေါ်ထား

0
98

၂ဝ၁၇ ခုနှစ် ဖေဖော် ဝါရီလအတွင်း ဂျာမနီ နိုင်ငံမှာ ပြုလုပ်မယ့် European Film Market ပွဲတော်နဲ့၂ဝ၁၇ခုနှစ်မေလအတွင်း ပြင်သစ်နိုင်ငံမှာ ပြုလုပ်မယ့် Cannes Film Festival ပွဲတော် ရဲ့ Film ASEAN ပြပွဲအနေနဲ့ အာဆီယံနိုင်ငံများက ရုပ်ရှင်ဇာတ်ကားတွေ လာရောက်ပါဝင်ပြသရန် ဖိတ်ခေါ်ထားပြီး မြန်မာနိုင်ငံက ဇာတ်ကားတွေလာရောက်ပြသဖို့အတွက်ကိုလည်း Film ASEAN Executive ဒါရိုက်တာဖြစ်တဲ့ မစ္စတာမိုက်ခ် (Mr.Mike de la.Rosa) က အီးမေးလ်နဲ့ ဖိတ်ကြားထားကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

” ဒီလိုပွဲတော်တွေမှာ သွားရောက်ပြသနိုင်ခဲ့မယ်ဆိုရင်တော့ အတွေ့အကြုံရတယ်ဆိုတာအပြင် မြန်မာရုပ်ရှင်တွေအတွက် အကျိုးများစွာ ရှိလိမ့်မယ်လို့တော့ ယုံကြည်ပါတယ်။ နိုင်ငံတကာပွဲတော်မှာ ပြသရမှာ ဖြစ်တဲ့အတွက် ကိုယ်ပိုင်ဖန်တီးထားတဲ့ဇာတ်၊ ကိုယ်ပိုင်သံစဉ်နောက်ခံတီးလုံး စတာတွေလည်း ပြည်စုံမှုတော့ ရှိရမယ်လေ။ အင်္ဂ လိပ်စာတန်းထိုးလည်းဖြစ်ရမှာပေါ့။ အခုချိန်အထိတော့ ဘယ်ဇာတ်ကားတွေ သွားရောက်ပြသမယ် ဆိုတာမျိုးတော့ မသိရသေးပါဘူး” လို့ ဦးအေးကြူ လေးကပြောပြပေးပါတယ်။ European Film Market ပွဲတော်ကိုတော့ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ လ၉ရက်နေ့ကနေ၁၇ရက်နေ့အထိဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ကိန်းရုပ်ရှင်ပွဲတော်ကိုတော့ ပြင်သစ်နိုင်ငံမှာ ၂ဝ၁၇ ခုနှစ်မေလအတွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး အာဆီယံနိုင်ငံက ရုပ်ရှင်ဇာတ်ကားတွေလည်း ပါဝင်ပြသမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စား ပြုသွားရောက်ပြသချင်မယ့်သူတွေအနေနဲ့ င်္Film ASEAN Executive ဒါရိုက်တာဖြစ်တဲ့ မစ္စတာမိုက်ခ်ရဲ့ အီးမေးလ် mikecpccp @ mozcom.com ကိုလည်း ဆက်သွယ်နိုင်ကြောင်းသိရပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here