လောဘသိမ်းမှ သောကငြိမ်းမယ်

0
159

ဆဝိရာဂလို့ခေါ်တဲ့ အရေပြားပေါ်မှာ တပ်မက်တဲ့စိတ်၊ အဆင်းသဏ္ဌာန် ပေါ်မှာ တပ်မက်တဲ့စိတ်၊ ဥစ္စာစည်းစိမ်ပေါ်မှာ တပ်မက်တဲ့စိတ်၊ ရာထူး အာဏာအပေါ်မှာ တပ်မက်တဲ့စိတ်တွေဟာ လောဘစိတ်တွေက အခြေခံတာ ချည်းပဲ ဖြစ်ပါတယ်။

တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်စုနဲ့ တစ်စု၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်ဖြစ်တယ်ဆိုတာ ကလည်း လောဘစိတ်ကိုအခြေခံပြီး အမုန်းတရားစိတ်တွေ က စစ်ပွဲတွေကို ဖြစ်တည်စေခဲ့တာပါ။ ဒါတွေဟာ အနှစ်ချုပ်လိုက်တော့ လောဘစိတ်တွေ ကြောင့်ပါပဲ။

မိမိဟာ တစ်နေ့တစ်နေ့ လောဘစိတ်တွေကို ဘယ်လောက်ထိ တိုးပွား အောင်လုပ်နေသလဲ။ တစ်ပါးသူတွေကိုလည်း ဒီလိုလော ဘစိတ်တွေကို ဘယ်လောက်တိုးပွားလာအောင် လုပ်ပေးနေသလဲဆိုတာကို မြင်အောင်ကြည့် ကြပါ။ လောဘကြောင့်ဖြစ်လာတဲ့
အမုန်းတွေ၊ ရန်လိုမှုတွေ၊ အနိုင်ရလိုမှု တွေဟာ ကိုယ့်ကိုယ်ကိုယ်လည်း သောကဖြစ်စေတယ်။ တစ်ပါးသူလူအများကို လည်း သော ကဖြစ်စေတယ်။ ဒါကြောင့် မိမိကိုယ်မိမိ လူလို့သတ်မှတ်လိုက်ပြီ ဆိုရင် တစ်ပါးသူ လူအများအကျိုးယုတ်စေမယ့် လောဘတွေကို သိမ်းကြ ပါ။ ဒါမှသာ သောကတွေငြိမ်းနိုင်မှာ ဖြစ်ပါတယ်။

ပသီ ဆရာတော်ဘုရားကြီး


LEAVE A REPLY

Please enter your comment!
Please enter your name here