Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeArticlesရန္ကုန္အတု

ရန္ကုန္အတု

kyunitခေတ်တိုင်း ခေတ် တိုင်းမှာ အတု သည်တွင်ကျယ် လေ့ ရှိစမြဲဖြစ်၍ အစစ်သည် ဝင်ကစွပ်ကောင် ပမာ အငှားခန္ဓာ မြှောင်ပြီး အတု၏ ကိုယ်ထည် အတွင်း မှာ ပုန်းကွယ် နေကြရသည်” ဤအဆို မှာ ရန်ကုန်အတု၏ မြားမြောင် ကြွယ်ဝသော အောက်ကလိအာ၊ အူ ကြောင် ကြား ဒဿန အစုအဝေးထဲမှ တစ်ခုသော ဒဿန အသေးအမွှား ကလေးမျှသာ ဖြစ်လေသည်။ သူ သည် အာဝဇ္ဇန်းကောင်းသော အဟော အပြောဝိဇ္ဇာ “အောရတု” Orator  အဖြစ် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ပေါင်း တစ်သောင်းခန့် ရရှိ ထားသူ လည်း ဖြစ်သည်။

“ခင်ဗျားတို့ ကျုပ်ကိုကြည့်ကြ။ ကျုပ်က ရန်ကုန်အတုပဲ။ ကျုပ်က တိုက်တွေ၊ ကားတွေနဲ့ ရန်ကုန်အစစ် ကို ဖုံးကွယ်ထားတယ်။ ဝှက်ထား တယ်။ ရန်ကုန်မြို့တော်ကြီးမှာ ရန်ကုန် သားအစစ်က နှစ်ယောက်နဲ့ တစ်ပိုင်း ပဲရှိတာ။ တစ်မြို့လုံး ရန်ကုန်သား အတုတွေချည်းပဲ။ နယ်မှာမွေး၊ နယ်မှာကြီးတဲ့ တောသားတွေက ရန်ကုန်ကိုလွှမ်းနေတယ်။ အဲသဟာ ရန်ကုန်သားအတုတွေပဲပေါ့။ အတု လွှမ်းမိုးတဲ့ ကျုပ်ဟာ ရန်ကုန်အတုဖြစ် နေရတာ မဆန်းပါဘူး”

ရန်ကုန်သား အတုများထဲမှ မဟုတ်မခံ ဆတ်ဆတ်ကြဲတောသား တစ်ယောက်က “တောသား.. တောသားဆိုပြီး မနှိမ်ချင်ပါနဲ့ဗျ။ ဘုရားလောင်း မဟောသဓာ ဟာ တောသားလား၊ မြို့သားလား။ အဲဒါ ကို မောင်ရင်ဖြေစမ်းပါ” ဟု ဂျစ်ကန် ကန် မေးခွန်း ထုတ်လိုက် သည်။ “အိုး ..သိပ်ဖြေတာပေါ့။ ဘုရား အလောင်း မဟောသဓာဟာ တော သားပဲ၊ မိတ္ထီလာပြည်က အရှေ့ မု ယောကွင်း လယ်ရွာမှာမွေးတဲ့ တော သားလေ”

“ကောင်းပြီ။ ဒါဖြင့် ကျုပ်တို့ရဲ့  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကကော တော သားလား၊ မြို့သားလား” ဟု ရန်ကုန် သား အတု စွာလန်တေးက မေးခွန်း ထုတ်ပြန်သည်။

“နတ်မောက်သားလေ၊ နတ် မောက်ဆိုတာ တောမြို့ကလေးပဲ။ တောမြို့မှာမွေးတော့ တောသားပေါ့ ငါ့ကောင်ရဲ့..”

“ခင်ဗျား မှတ်ထားပါ။ ဘုရား အလောင်း မဟောသဓာဟာ တော သားပါ။ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာ လည်း တောသားပဲ။ တောသားမထိနဲ့၊ မီး ပွင့်သွားမယ်မှတ်။ မြန်မာပြည် လွတ်လပ်ရေး ရကတည်းက ခေါင်းဆောင် လုပ်လာတဲ့ ပုဂ္ဂိုလ်တွေ ကို ကြည့်။ သခင်နုလို့သိကြတဲ့ ဝန်ကြီးချုပ် ဦးနု ကိုကြည့်၊ ဝါးခယ်မ ဇာတိ တောသား ပဲ။ ဗိုလ်ချုပ်နေဝင်းကို ကြည့်ဦး မလား။ ပြည်မြို့ အရှေ့ဘက်ကြောတောထဲက ပေါင်းတလည် တောမြို့သား တောသား ပဲ။ ရန်ကုန်သားထဲက ဘယ်သူများ နိုင်ငံ့ အကြီးအကဲ ဖြစ်ဖူးလို့တုံး”

“ဝါး..ဟား..ဟား..ဟား ..”

ရန်ကုန်အတုသည် သဘောခွေ့ မနောတွေ့ပြီး ခွက်ထိုးခွက်လန် ရယ်လိုက်သည်။ အရယ်ရပ်လိုက်ပြီး နောက်..

“မောင်ရင်ကတော့ တုံးတဲ့ နေရာမယ် ဘယ်သူမှ လိုက်မမီ အောင် တုံးတဲ့ တကယ့် စူပါငတုံးပဲ။ အခု လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ဘွဲ့ထူးနဲ့ နိုင်ငံတော် အကြီးအကဲ ဖြစ် နေတဲ့ ဒေါ်အောင်ဆန်းစု ကြည်ဟာ ရန်ကုန် ဇာတိချက်မြှုပ်၊ ရန်ကုန်မြို့ လယ်မှာမွေးတဲ့ ရန်ကုန် သူ အစစ်ဟ”

“ဟာ..သူက ရန်ကုန် သားမှ မဟုတ်တာ။ ရန်ကုန် သူဆိုတော့ မိန်းမကြီးပဲဗျ”

“မင်း..တော်တော် ကလေးစကားကို ကတ်တီး ကတ်ဖဲ့ပြောတဲ့ အကောင်။ ရှေ့နေ လူဝင်စားလား မသိ ဘူး။ မင်းတို့လို နိုင်ငံရေး သမား ဆန်ဆန် ဖွာ လောင်ဖွာလောင် လုပ်တတ်တဲ့ လူစားတွေ ကြောင့် ငါ ဖုံးထား ဖိ ထားရတဲ့ကိစ္စတွေ ပေါ်ကုန်လိမ့်မယ်။ သွားတော့ ကွာ..သွားဆိုသွားတော့”

ရန်ကုန်သား အတုကလေး ထွက်ခွာ သွားပြီးနောက် ရန်ကုန်အတု သည် ရန်ကုန် အစစ်ကို ရှာဖွေတွေ့ ဆုံရန် ဆူးလေစေတီတော်မြတ်ကြီး ရှိရာသို့ လာခဲ့သည်။ စေတီတော်၌ မှီတင်း သီတင်းသုံးသော ဆူးလေ ဘိုးဘိုးကြီးမှာ ရန်ကုန်အစစ် စာရင်း ဝင် ပုဂ္ဂိုလ်ဖြစ်သည်။

“ဘိုးဘိုးကြီး.. ကျန်းခန့်သာ လို့ မာပါစ၊ နှလုံးစိတ်ဝမ်း အေးချမ်း ပါစ” ဟု ရန်ကုန်အတုက နှုတ်ခွန်း ဆက်သလိုက်သည်။ ဆူးလေဘိုးဘိုး ကြီးမှာ စိတ် အလိုမကျဟန်ဖြင့် မျက်နှာထား သုန်မှုန်နေသည်။

“ဟေ့ကောင် ..လေပိုလေလျှံ တွေ လုပ်မနေနဲ့။ လောကွတ် စကား တွေ မှုတ်မနေနဲ့။ ငါ့ကိုမြင်ရုံ နဲ့ နေကောင်း၊ မကောင်း ချက်ချင်း သိနိုင်တယ်။ ငါ့မျက်နှာကြီး ပုပ် နေသလား၊ လန်းနေသလား ကြည့် ကြည့်စမ်း”

“ဘိုးဘိုးကြီးက တစ်ရေးနိုးတဲ့ ကလေးဆိုးကြီးနဲ့ တူနေပါသကော”

“တူမှာပေါ့လကွာ။ ငါ့မှာ နိစ္စဓူဝ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ မှ မနေရတာပဲ။ ရှေးရှေးတုန်းက ဆူးလေစေတီဟာ ရေပတ်လည် ဝိုင်းနေ တဲ့ ကျွန်းကလေးပေါ်မှာ သီးခြားတည်ရှိနေတော့ ငါလည်း နေလို့ထိုင်လို့ အေးချမ်းလိုက်တာ။ အလောင်းဘုရား ဘုရင်ကြီးက ဒဂုံ ကိုတိုက် ပြီး သိမ်း၊ ဒဂုံကို ရန်ကုန်လို့ နာမည်ပြောင်းတော့လည်း ငါ့ကို မသိချင်ယောင်ဆောင်ခဲ့တာပဲ။ မွန် ဘုရင်တွေရော ၊ မြန်မာ ဘုရင်တွေ ပါ ရွှေတိဂုံကိုသာ အလေးအမြတ်ပြု ဦးခိုက်ကြတာ။ ငါ့ကိုတော့ ဖုတ်လေ တဲ့ ငါးပိ၊ ရှိတယ်လို့တောင် မှတ်ကြ တာ မှုတ်ဘူး”

 “မငိုပါနဲ့ ဘိုးဘိုးကြီး။ ဆူးလေ ဘိုးဘိုးကြိး ငိုတယ်ဆိုရင် ရန်ကုန် ရွှေမြို့တော်ကြီးအတွက် နိမိတ် မကောင်းပါဘူး”

“ငိုတာမဟုတ်ဘူးလကွ။ ဒေါသ ထွက်လို့ မျက်ရည်ကျတာ။ ခံစား ရလွန်းလို့ မျက်ရည် ကျတာ။ မင်း စဉ်းစားကြည့်၊ လူတွေက ငါ့ကိုအဝိုင်း ကြီးလို့ သဘောထားပြီး ကားတွေ ပတ်မောင်းနေကြတာ ကြာပြီကွ။ ငါကတော့ အလယ်ကောင်မှာ မလှုပ် မယှက်ရပ်ပြီး အရူးကြီးလို ငြိမ်နေရ တယ်။ အရေးထဲ ငါ့အနားလာပြီး ဗလီတွေ၊ ချာ့ခ်ျတွေဆောက်ထားကြ သေးတယ်ကွာ။ ငါ့ထက်မြင့်တဲ့ တိုက်ကြီးတွေ ဆောက် ထားသေး သကွာ”

 “အဲသဟာ နယ်ချဲ့အင်္ဂလိပ်တွေ လုပ်သွားခဲ့တာပါ ဘိုးဘိုးကြီး” ဟု ရန်ကုန် အတုက လေပြေထိုးသည်။

“ပြီးတော့ ..ငါ့အနား လာပြီး င့ါအပိုင်စားနယ်မြေထဲမှာ နိုင်ငံရေး သမားတွေက ဆူကြပူကြသကွာ။ လက်ပတ်နီတွေက အကြမ်းဖက်တယ် ကွာ။ တလောက..ပြင်သစ်တွေ လာပြီး (မင်္ဂလာပါ) ဆိုတဲ့ ပါဖောမန့် အနုပညာပွဲကြီး လာလုပ်သွားသကွာ။ ခုတလော ဘာတဲ့ကွာ ..သက်ဝင် လှုပ်ရှား ရန်ကုန်မြို့၏လမ်းမများ ပွဲတော်ဆိုတာ ငါ့မျက်စိရှေ့တင် လာလုပ်နေပြန်ပြီ။ ငါတော့ အတော် မျက်စိနောက်နေပြီ ရန်ကုန် အတု ရေ..”

“ဒါဖြင့်..လက်ပံတောင်း တောင်က လယ်တီဆရာတော်ဘုရား ကြီးရဲ့ စေတီနဲ့ သိမ်လို ဆူးလေ စေတီနဲ့ ဘိုးဘိုးကြီးကို နေရာရွှေ့ပေး ရမလား”

“ဘယ်နေရာကို ရွှေ့ပေးမှာလဲ”

 “လေကောင်းလေသန့်ရတဲ့ ချောင်းသာတို့၊ ငွေဆောင်ကမ်းခြေတို့ ဘက် ရွှေ့ပေးမယ်လေ မကောင်းဘူး လား ဘိုးဘိုးကြီး”

“တယ်..ငါဖနောင့်နဲ့ ပေါက် လိုက်ရ”

ဆူးလေဘိုးဘိုးကြီး မျက်စိပျက် မျက်နှာပျက်နှင့် စိတ်ဆိုးသွားမှန်း သိ၍ ရန်ကုန်အတုက ခြေသလုံးဖက် ပြီး ချော့ရလေသည်။

“ဘိုးဘိုးကြီး စိတ်မကောင်းဖြစ် မယ်ဆိုလည်း ဖြစ်စရာပါပဲ။ တကယ် တော့ ရန်ကုန်မြို့ကြီးဟာ ဆန် တစ်တင်းဝင်တဲ့ အိတ်ထဲကို ဆန် နှစ်တင်းဝင်အောင် အတင်းဖိသိပ် ထည့်ထားသလို ဖြစ်နေပြီ။ ကျွန် တော်တောင် ရန်ကုန်အတုဖြစ်နေရ တာပဲ  ကြည့်ပါတော့ ဘိုးဘိုးရယ်..”

 “ရန်ကုန်အစစ် ဆိုတဲ့ကောင် ဘယ်ရောက်သွားလို့တုံးဟ..”

“ရန်ကုန် အစစ်က ထွက်ပြေး သွားပြီ ဘိုးဘိုးကြီး။ စင်ကာပူထက် သာတဲ့ ငါ့ဘဝကလေးကို မင်းတို့ လက်ထဲမှာ အပျက်စီးမခံနိုင်တော့ဘူး ဆိုပြီး ထွက်ပြေးသွားတာ။ ဘယ်ကို ပြေးမှန်းတောင် မသိပါဘူး ဘိုးဘိုး ကြီးရယ်”

သည်တစ်ခါတော့ ဆူးလေ ဘိုးဘိုးကြီးက ရန်ကုန်အတုကို ပြန် ချော့ရသည့်အလှည့် ရောက်လာ သည်။

“ဝမ်းမနည်းပါနဲ့ကွာ။ ငရို့ဟာ စင်ကာပူကို လိုက်မမီတာတောင်မှ အိန္ဒိယပြည် ကာလကတ္တားက တွင်းနက်ကြီးြူခေု-ံသူန လို့ ခေါ်ကြတဲ့ ဆင်းရဲသားဒေသမျိုးတော့ ဘယ်တော့မှ မရောက်နိုင်ကြပါဘူး။ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတော် ကြောင့် စင်ကာပူဟာ ငါတို့နောက် မှာပဲ အမြဲရှိနေရမှာပါ။ မင်း မယုံ ရင် ကမ္ဘာ့မြေပုံကိုကြည့်လိုက်”

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071