အဆိုတော်ရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ မင်းသားချောလေး ဆိုးအင်ဂွတ် (Seo In Guk) က ၂ဝဝ၉ခုနှစ် မှာSuperstar K အဆိုပြိုင်ပွဲမှာ အနိုင်ရရှိပြီး အဆိုလောကထဲကို ဝင်ရောက်လာတာပါ။ အဲ့ဒီ နောက်မှာတော့ ၂ဝ၁၁ မှာLove Rain ဇာတ်ကားနဲ့ အနု ပညာလောကထဲ ရောက်ရှိလာပြန်ပါတယ်။ သူရဲ့ ပထမဆုံး ဇာတ်ကားမှာ အတွေ့အကြုံမရှိသေးတာကြောင့် သရုပ်ဆောင်မှုပိုင်းမှာ ညံ့ဖျင်းခဲ့ပြီး 38 Police Squad မှာတော့ ပရိသတ်တွေ နှစ်ခြိုက်မှုကို ခံခဲ့ရပါတယ်။ “38 Police Squad ကို ရိုက်ကူးခွင့်ရတာ ကျွန်တော် ကံကောင်းတာပါ။ ဒါရိုက်တာ Han Dong Hwa က အများကြီးသင်ကြားပေးခဲ့သလို Yang Jung Do ရဲ့ ကာရိုက်တာက လည်း ကျွန်တော် နဲ့ အရမ်းကိုလိုက်ဖက်ခဲ့ပါတယ်။ အဆို နဲ့ သရုပ်ဆောင် နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခိုင်း တဲ့အခါ နှစ်ခုလုံးက အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဖြစ်သလို နှစ်ခုလုံးကို ကျွန်တော် နှစ်သက်ပါတယ်။ တစ်ခုကိုပဲ ရွေးချယ်ဖို့ဆိုတာ ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်။ ကျွန်တော် ဇာတ်ကားတွေ ရိုက်ကူးနေလည်း ကွန်ပျူတာကို အမြဲယူသွားလေ့ရှိပြီး အားတာနဲ့ သီချင်းတွေကို ကြိုးစားလုပ်လေ့ ရှိပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
သူလေးစားတဲ့ မင်းသားတွေကတော့ ကိုရီးယားမှာဆိုHwang Jung Min နဲ့ Kim Myung Min ပါ။ ဟောလိဝုဒ်မှာတော့ Leonardo DiCaprio နဲ့ Bradd Pitt ပါ။ နောက်နှစ်အနည်းငယ်မှာ ဆိုးအင်ဂွတ်ကို ယောက်ျား ပီသတဲ့ပုံစံမျိုးနဲ့ ထပ်မံတွေ့မြင်ရမယ် လို့ထင်ပါတယ်။