“အကယ်ဒမီ ဖီလင်”

0
184

403088_296441190403104_1264027750_n
နှစ်စဉ်နှစ်တိုင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနား ကျင်းပ ပြုလုပ်မည့် အချိန်ရောက်တိုင်း မြန်မာ့ရုပ်ရှင် ပရိသတ်များနှင့် ပြည်တွင်း မီဒီယာလောက အသိုင်း အဝိုင်းကြားမှာ လှုပ်ခတ် ပဲ့တင်ညံနေပြီး ဖီလင်အမျိုးမျိုး ရှိတတ်ကြပေ၏။ ထိုအထဲတွင် ကျွန်တော်တို့ ပေါ်ပြူလာဂျာနယ်လည်း ထိပ်ဆုံးက ပါဝင်နေသည် ဟု ပြောရပေတော့မည်။ စာပေ အနုပညာနှင့် ရုပ်ရှင်ဂီတ အနုပညာများကို အချိုးကျ ရောစပ်ဖွဲ့စည်း တင်ဆက် သည့် ပေါ်ပြူလာ ဂျာနယ်သည် စာဖတ် ပရိသတ်များထံ သို့ စေတနာ ထားရှေးရှုလျက် စာကောင်းစာမွန်များ၊ သိသင့်ကြားသင့်၍ လျော်ကန်သော သတင်းများကို အပတ်စဉ် ထည့်သွင်းဖော်ပြ ပေးခဲ့သည်မှာ စာဖတ် ပရိသတ်တို့ သိပြီးဖြစ်ပါသည်။ “ကုပ်ပေါ်မိုး ထားသောဓား”၊ “မြန်မာ့ရုပ်သံ ဇာတ်လမ်းတွဲများ အပေါ် ပရိသတ် အာရုံစိုက်စေဖို့” နှင့် “အကယ်ဒမီ ပြေးလမ်းပေါ်က အနုပညာရှင် တို့ရင်ခုန်သံ” စသည့် အခန်းကဏ္ဍ များသည် မြန်မာ့ရုပ်ရှင် ဗီဒီယိုလောက အကြောင်းကို ခရေစေ့ တွင်းကျ ဖတ်ရှုလေ့လာ သိရှိနိုင်စေဖို့ စာဖတ်ပရိသတ် အတွက် ပေါ်ပြူလာ ဂျာနယ် အယ်ဒီတာအဖွဲ့က အထူး တလည် အသားပေး စီစဉ်တင်ဆက်ခြင်း ပင်ဖြစ်သည်။ မုန်ညင်းစေ့မျှ လောက်တုံ့ပြန်မှု ရလဒ်ကောင်းကို စာဖတ် ပရိသတ်များ ထံမှ ရရှိလျှင်ပင် ကြိုးစားအားထုတ် ရကျိုးနပ်သည် ဟု အယ်ဒီတာ အဖွဲ့က ဆိုရမည်သာ…။ မုန်ညင်းစေ့မျှလောက် တုံ့ပြန်မှု ရလဒ် ကောင်းကို စာဖတ် ပရိသတ်များထံမှ ရရှိ လျှင်ပင် ကြိုးစားအားထုတ်ရ ကျိုးနပ်သည် ဟု အယ်ဒီတာ အဖွဲ့က ဆိုရမည်သာ…။ ‘အကယ်ဒမီ ဖီလင်’ ကား ဘယ်သို့နည်း။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနား ကျင်းပသည့် နှစ်တိုင်း မည်သူမဆို စီးမျောဈာန်ဝင်သည့် စိတ်ခံစားမှု တစ်မျိုးဖြစ်သည်ဟု ဆိုချင်ပါ သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနားပွဲ၏ အဓိက လျှို့ဝှက်ချက်သည် ဘယ်အရာဖြစ်မည် ဆိုသည်ကလည်း အဓိက အမေးပုစ္ဆာ တစ်ပုဒ် ပင်ဖြစ် သည်။ ‘အလှတရား၏ လျှို့ဝှက်ချက်များ’ သည်သာ နယ်ပယ် တစ်ခုလုံးကို လွှမ်းခြုံ ထားခြင်းဟု ဆိုချင်ပါသည်။ ‘အကယ်ဒမီ ဆိုတာ နတ်ကြီးတယ်’ ဆိုသည့် စကားရပ် ကလည်း ရှိသေးသည် မဟုတ်ပါလား။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွှေစင် ရုပ်တုသည် သရုပ်ဆောင် အနုပညာသည် တစ်ဦး၏ ဘဝမှတ်တိုင် ဖြစ်နေသလို အရေးကြီးဆုံး အခန်း ကဏ္ဍတစ်ခုလည်း ဖြစ်နေ၏။ ထို့ကြောင့်လည်း အနုပညာရှင် တို့၏ မျှော်လင့်အားထားရာဟု ဆိုလျှင် မှားမည်မထင်။ အမှန်တကယ် ရမည်ဟု ယူဆပြီး ပွဲတက်လာ သူတွေ ရှိသလို ပွဲကို အစဉ်အလာမပျက် တက်ရောက်ချင်သည့် စိတ်နှင့် လာကြသူတွေလည်း ရှိကြသည်။ ထိုအထဲကမှ မြန်မာရုပ်ရှင် ဗီဒီယိုပရိသတ် များ၏ တစ်ကြိုပေး ခံရသည့် သူများဆိုလျှင် ပြည်တွင်းမီဒီယာများ၏ စောင့်ကြည့် အသားပေးခံ ရပုံကလည်း သည်းထိတ်ရင်ဖို ကောင်းလှပေ၏။ ဆုကြေညာသည့် အခါ ဆုရလို့ ပျော် မဆုံးမော်မဆုံးကြ သူတို့နှင့် ဆုမရလိုက်လို့ ဝမ်းနည်းကြေကွဲ အရိပ်ဆင်ကြ သူတို့၏ အရွေ့အလှုပ် မြင်ကွင်းများဟာ အတော်လေးကို အသည်း လှိုက်ဖိုရင်ခုန် ပီတိ ဖြစ်စေ ပါသည်။ နောက်ပြီးတော့ ”ဘယ်မင်းသား က ဘယ် မင်းသမီးနှင့် အတွဲ ခုတ်လာမှာလဲ၊ ဘယ်မင်းသမီးက မည်သူနှင့် ပွဲတက်လာမှာလဲ၊ ဘယ်သူကတော့ဖြင့် ဘယ်လိုဒီဇိုင်း ဆန်းဆန်း ဖက်ရှင်ဝတ်ပြီး ပွဲတက်လာတာ လှမှလှပဲ၊ ဘယ်သတင်းဌာနက မည်သို့မည်ပုံ တင်ဆက် ပြသမှာလဲ။ ဘယ်ဂျာနယ်ကတော့ ဘယ်ပုံဘယ်နည်း စီစဉ် တင်ဆက်ကြမှာလဲ။ ဘယ်သူကတော့ ဘရာဗို ပဲဟေ့လို့ ဆိုလာကြမှာလဲ” ဆိုသည့် အမေး စကားရပ်များ ၏ နောက်ကွယ်မှ ဂယက်အနက် များသည်ကား ပဟေဠိ ဆန်စွာ စိတ်ဝင်စားဖွယ် ကောင်း လှပေသည်။ ‘အကယ်ဒမီ ဆုပေးပွဲ’ဟု မြန်မာ့ ရုပ်ရှင် ပရိသတ်များ၏ အရပ် အခေါ်နှုတ်သုံး စကားအရ နှုတ်တိုက်ခေါ်ဆို ကြသည်မှာ ယနေ့ထိပင် ဖြစ်သည်။ မြန်မာ့ရုပ်ရှင် အဆင့် အတန်း နိမ့်ကျသည်ဟု ပညာသည်များက သတ်မှတ် ဆိုသော်ငြား လည်း မြန်မာ ရုပ်ရှင် ပရိသတ်များ၏ အားပေးမှု ကတော့ ယနေ့ထိ ကျဆင်းမသွားပေ။ အဘယ်ကြောင့် ဆိုသော် နှစ်စဉ် ကျင်းပသည့် ‘မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနား’ မည်သည့်လ၌ ကျင်းပမည် ဆိုသည်ကို အမြဲတမ်း စိတ်ဝင်တစား စောင့်မျှော်နားစွင့်နေ လျက်ရှိကြောင်း လေ့လာ သိရှိရသည်။ ထို့အပြင် မည်သူတွေ က ဘယ်လိုအဆင် ဒီဇိုင်းအဆန်းလေးတွေ ဝတ်ဆင်ပြီး ပွဲတက်လာမည်လဲ ဆိုသည်ကို မြန်မာ့ရုပ်ရှင် ပရိသတ်များက ‘အကယ်ဒမီဖက်ရှင်’ အဖြစ် အထူးတလည် စိတ်ဝင်စားရင်ခုန် မျှော် လင့်နေပုံကလည်း နှစ်စဉ်နှစ်တိုင်း အကယ်ဒမီဖီလင် အဖြစ်ဆုံး ဖြစ်စဉ်ဟု ပြောရမည် သာပင် ‘အကယ်ဒမီ ဖက်ရှင်’ ဟုဆိုလိုက်သည့်အခါ မြန်မာ့ရုပ်ရှင် ပရိသတ်များ အထူးစိတ်ဝင်စားသည့် အကြောင်း အရာကား ‘ဗန်းကိုင်သူ တွေက ဘယ်သူဖြစ်လို့ ဘယ်လို ဆန်းပြားလှပတဲ့ အဆင် ဒီဇိုင်းတွေ ဝတ်ပြီး ပွဲထွက် လာကြမှာလဲ၊ ဘယ်သရုပ်ဆောင် မင်းသမီးတွေကဖြင့် ဘယ်လို ပန်းအမျိုးစားကို ပန်ဆင်ပြီး လိုက်ဖက်မယ့် ဝတ်စား ဆင်ယင်မှု အဆင်အသွေးတွေ က ဘယ်လိုရှိမလဲ၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား စင်မြင့် ဆက်တင်ကြီး က ဘယ်လိုဘယ်ပုံ ခေတ်မီဒီဇိုင်းတွေနဲ့ ရုပ်လုံး ကြွအောင် ပုံဖော်ထားမှာလဲ’ စသည့်ပုံရိပ် မြင်ကွင်း တို့ အလှခြယ်မှုန်းပုံ သန္တရသ ပေးစွမ်းမှုပင်ဖြစ်ပေ သည်။ ထိုသို့သော မြန်မာပြည် တစ်ဝန်း လူတန်းစားမရွေး စိတ်ဝင်စားကြသည့် အခမ်းအနား ကို နိုင်ငံတော် အခမ်းအနားအဖြစ် နှစ်စဉ်နေ့လ အတိအကျ (ပုံမှန်) သတ်မှတ်ပြီး ကျင်းပ ပြုလုပ်နိုင်ရန် နိုင်ငံတော် အစိုးရက ထုတ်ပြန် သတ်မှတ် ပြဋ္ဌာန်းပေးမည် ဆိုလျှင် ကောင်းမည် ဟု ထင်မြင်မိပါသည်။ သို့မဟုတ်က ရုပ်ရှင် ဗီဒီယိုလောကများနှင့် မီဒီယာ လောကသား များအကြားတွင် အတိ ဒုက္ခရောက်ကြကာ နစ်နာဆုံးရှုံးမှုများ ရှိကြမည်မှာ အမှန်ပင်။ မတင်မကျ ရင်မောဖွယ် ဖြစ်ရပ်များ ကိုယ်တွေ့ ကြုံရ သူများလည်း ရှိကြကြောင်း သိရသည်။ ထို့ကြောင့် ကမ္ဘာ့ ရုပ်ရှင် သရုပ်ဆောင် အကျော်အမော်များ အစုံအလင် တက်ရောက်သည့် ‘အော်စကာ ဆုပေးပွဲ’ အခမ်းအနား ကျင်းပမည့် နေ့ရက်ကို သတ်မှတ် ထားသလို မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲကို လည်း နှစ်စဉ်ရက်လ အတိအကျ သတ်မှတ်ပြဋ္ဌာန်း ကျင်းပပြုလုပ် သင့်ပေသည်။ သို့မှသာ အခမ်းအနား တက်ရောက်ရေး ကိစ္စရပ်များ၊ ပွဲတက်သတင်း ရယူရေး ကိစ္စရပ်များနှင့် အခြား အကြောင်းအရင်း ကိစ္စများ ကို မြန်မာ့ရုပ်ရှင် ဗီဒီယိုလောကသား များနှင့် စာနယ်ဇင်း မီဒီယာ လောကသားတို့ အဆင်ပြေ ချောမွေ့စွာ စီစဉ်ဆောင်ရွက် လုပ်ကိုင်နိုင်မည် ဖြစ်ပေမည်။ ထားချေတော့…။ ပေါ်ပြူလာ အဖွဲ့ အနေဖြင့် ပြီးခဲ့သည့် ၂ဝဝ၉ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတုန်းက တွေ့ကြုံ ခံစား ဖီလင် ဖြစ်ခဲ့ရပုံမျိုး မကြာမီ ကာလ အတွင်း ကျင်းပပြုလုပ်တော့မည့် ၂ဝ၁ဝခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ စာဖတ်ပရိသတ်များ ထံသို့ အနှစ်သာရရှိရှိ စိတ်ခံစားမှု အပြည့်အဝ ရရှိရန် စီစဉ်တင်ဆက် နိုင်ခွင့် ရရှိလျှင်ပင် အယ်ဒီတာအဖွဲ့ အနေဖြင့် စိတ်ဆန္ဒ ပြည့်ဝသည့် အကယ်ဒမီ ဖီလင်ဟု ဆိုရချေတော့မည်။ ၂ဝ၁ဝ ခုနှစ် မြန်မာ့ရုပ် ရှင် ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနား မတိုင်ခင် အနုပညာရပ်ဝန်း အလွှာပေါင်းစုံမှ အကယ်ဒမီ ခန့်မှန်း ထင်မြင်ချက် ပေးမှုများကိုလည်း လက်လှမ်းမီ သလောက် စုစည်း တင်ဆက်ဖော်ပြ ခဲ့ပြီးဖြစ်ပါသည်။ ပေါ်ပြူလာ စာဖတ် ပရိသတ်များနှင့် အနုပညာရှင် တို့၏ အကယ်ဒမီ တစ်ကြို ခန့်မှန်းချက် ရင်ခုန်သံများ ထပ်တူ ကျသည်၊ မကျသည် ကလည်း ဖီလင် ဖြစ်စရာပင်တည်း။


LEAVE A REPLY

Please enter your comment!
Please enter your name here