Friday, June 5, 2026

ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅...

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅...

အိန္ဒိယရောက် မြန်မာသံဃာတော်နှင့် သီလရှင် (၆၃)...

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာတော်နှင့် သီလရှင်များအား အားပေးထောက်ပံ့သည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိသားစုက ဇွန် ၅ ရက်တွင် နေ့ဆွမ်းနှင့်...

၂၀၃၀ ပြည့်နှစ်အထိ ဒီရေတောစိုက်ခင်းများကို နှစ်စဥ်တည်ထောင်စိုက်ပျိုးသွားမည်ဟု...

၂၀၃၀ ပြည့်နှစ်အထိ ဒီရေတောစိုက်ခင်းများကို နှစ်စဥ်တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း(၁,၇၁၅)ဧကတွင် အပင်ပေါင်း(၂) သန်းကျော်စိုက်ပျိုးပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန်...
HomeMoviesယဉ်ကျေးမှုများအကြား နားလည်မှုတံတား တည်ဆောက်ရေးတွင်...

ယဉ်ကျေးမှုများအကြား နားလည်မှုတံတား တည်ဆောက်ရေးတွင် မီဒီယာ၏အခန်းကဏ္ဍ အရေးပါဟု CUC ဒုဥက္ကဋ္ဌပြော

နိုင်ငံနှင့်ဒေသပေါင်း ၅၀ ကျော်မှ သတင်းမီဒီယာကိုယ်စားလှယ်များ တရုတ်နိုင်ငံ၌ ကျင်းပသည့် Global Journalists Salon သို့ တက်ရောက်

တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသော China International Press Communication Center (CIPCC) 2026 အစီအစဉ်တွင် ပါဝင်နေသည့် နိုင်ငံနှင့်ဒေသပေါင်း (၅၀) ကျော်မှ သတင်းမီဒီယာကိုယ်စားလှယ်များသည် “ယဉ်ကျေးမှုများအကြား ဆွေးနွေးဖလှယ်ရေး အပြည်ပြည်ဆိုင်ရာနေ့” အထိမ်းအမှတ်အဖြစ် တရုတ်ဆက်သွယ်ရေးတက္ကသိုလ် (CUC) ၌ ကျင်းပသည့် Global Journalists Salon ဆွေးနွေးပွဲတွင် မီဒီယာ၏ နိုင်ငံတကာဆက်သွယ်ရေးတာဝန်နှင့် ယဉ်ကျေးမှုများအကြား အပြန်အလှန်နားလည်မှု မြှင့်တင်ရေးဆိုင်ရာ အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ယဉ်ကျေးမှုများအကြား အပြန်အလှန်နားလည်မှု တိုးမြှင့်နိုင်ရေး ဆက်သွယ်ရေးတံတားများ တည်ဆောက်ခြင်း – ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုဖော်ဆောင်ရေး အစီအစဉ်အောက်ရှိ မီဒီယာ၏တာဝန်” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံတကာမီဒီယာ ပူးပေါင်းဆောင်ရွက်မှု၊ AI ခေတ်အတွင်း ဆက်သွယ်ရေးစနစ်များ၏ ပြောင်းလဲမှုနှင့် လူငယ်သတင်းမီဒီယာပညာရှင်များ၏ အခန်းကဏ္ဍများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ၌ အဓိကမိန့်ခွန်း ပြောကြားရာတွင် တရုတ်ဆက်သွယ်ရေးတက္ကသိုလ် ဒုတိယဥက္ကဋ္ဌ Mengshan က ယနေ့ကမ္ဘာကြီးသည် နည်းပညာတော်လှန်ရေး၊ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများကြောင့် အပြောင်းအလဲကြီးများ ကြုံတွေ့နေရကြောင်း ပြောကြားခဲ့သည်။

ထိုသို့သော အခြေအနေများအောက်တွင် ဖလှယ်မှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ယခင်ကထက် ပိုမိုအရေးပါလာပြီး မီဒီယာများသည် သတင်းအချက်အလက် ဖြန့်ဝေသူများသာမက ယဉ်ကျေးမှုမှတ်တမ်းတင်သူများ၊ တန်ဖိုးထားမှုများကို ပို့ဆောင်သူများနှင့် အများပြည်သူဆိုင်ရာ ဆွေးနွေးမှုများကို ဖော်ဆောင်ပေးသူများလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မီဒီယာတွေဟာ ယဉ်ကျေးမှုတွေကြား ဆွေးနွေးဖလှယ်ရေးရဲ့ တံတားတည်ဆောက်သူတွေ ဖြစ်ရမှာပါ။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ သဘောတူညီမှုတွေ ဖော်ဆောင်ပေးနိုင်ရမယ်။ သတင်းအချက်အလက်တွေ လျင်မြန်စွာ စီးဆင်းနေတဲ့ ခေတ်မှာလည်း အမှန်တရားရဲ့ စောင့်ရှောက်သူတွေ ဖြစ်ရပါမယ်” ဟု Mengshan က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် မတူကွဲပြားသော ယဉ်ကျေးမှုများအကြား တန်းတူညီမျှ ဆွေးနွေးဖလှယ်မှု၊ ခေတ်သစ် နိုင်ငံတကာဆက်သွယ်ရေး၊ AI ခေတ်အတွင်း နည်းပညာအခြေပြု ဆက်သွယ်ရေးနှင့် လူငယ်များ၏ မီဒီယာအင်အား စသည့် ခေါင်းစဉ် (၄) ရပ်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသည် မီဒီယာများ၏ ပရော်ဖက်ရှင်နယ်တာဝန်၊ နိုင်ငံတကာ နားလည်မှုမြှင့်တင်ရေးနှင့် ယဉ်ကျေးမှုများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အမြင်ချင်းဖလှယ်သည့် နိုင်ငံတကာ မီဒီယာဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး စီမံဆောင်ရွက်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅ ရက်တွင် ထုတ်ပြန်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၁ ရက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပရဟိတအသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်သည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ရုပ်အလောင်းတင်ယာဉ်နှင့် လူနာတင်ယာဉ်များကို အခမဲ့ သို့မဟုတ် သင့်တင့်မျှတသောနှုန်းထားဖြင့် ပို့ဆောင်ပေးနိုင်မည့် ပရဟိတအသင်းများ၏...

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား တရုတ်က ဆက်လက်ထောက်ခံမည်ဟု ဝမ်ယိ ပြောကြား

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ “အေးအတူ ပူအမျှ အသိုက်အဝန်း” တည်ဆောက်ရေး၊ နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

အိန္ဒိယရောက် မြန်မာသံဃာတော်နှင့် သီလရှင် (၆၃) ပါးအား နိုင်ငံတော်သမ္မတ မိသားစုက ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာတော်နှင့် သီလရှင်များအား အားပေးထောက်ပံ့သည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိသားစုက ဇွန် ၅ ရက်တွင် နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒေလီတက္ကသိုလ်၊ ဂေါတမဗုဒ္ဓတက္ကသိုလ်နှင့် သုဘာတီတက္ကသိုလ်တို့တွင် ပညာသင်ကြားနေသော သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၆၃) ပါးအား ရည်စူးဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လှူဒါန်းရာတွင် နေ့ဆွမ်းအပြင် ဗုဒ္ဓရုပ်ပွားတော်၊ သင်္ကန်းပရိက္ခရာများ၊ နဝကမ္မဝတ္ထုအလှူတော်ငွေများနှင့် ဒါတဗ္ဗဝတ္ထုပစ္စည်းအစုစုတို့ကိုပါ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071