၂ဝ၁၇ ခုနှစ် နှစ်ဆန်းမှာ စတင်တော့မယ့် အမျိုးသမီးလိဂ်နဲ့ ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ရဲ့ ပြောကြားမှု

0
201

u-zaw-zaw

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အခုနှစ်ကုန်ပိုင်းမှာ ပရော်ဖက်ရှင်နယ် မြန်မာအမျိုးသမီးလိဂ်ကို စတင်အကောင်အထည်ဖော်သွား တော့မှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာအမျိုးသမီးလိဂ်ကို စတင် အကောင်အထည်ဖော်သွားမယ့် အကြောင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြော ကြားရာမှာတော့..

” ဖြစ်နိုင်ရင် အမျိုးသမီးလိဂ်မှာ ၈ သင်းလောက်တော့ ဖြစ်ချင်တာပေါ့။ အားလုံးသိကြတဲ့အတိုင်း အမျိုးသားပရော်ဖက်ရှင်နယ်လိဂ် တောင်မှ အသင်းပိုင်ရှင်တွေ၊ အသင်း တာဝန်ရှိသူတွေ ဒီလောကအတွက် တော်တော်ရုန်းကန်နေရတယ်။ ကျွန်တော်တို့က ကော်မာရှယ် အား ဖြင့်လည်း ငွေကြေးအများကြီး ရှာလို့မရဘူး။ ဝင်ကြေးအားဖြင့်လည်း ကျွန်တော်တို့ အများကြီး တောင်းပြီး ပြလို့မရဘူး။ ကျွန်တော်တို့မှာ ဘက်ပေါင်းစုံ အခက်အခဲတွေ ရှိတာပေါ့။ ဒီအသင်းတွေထောင်ရင်လည်း ငွေ အများကြီးကုန်မှာစိုးတယ်ဆိုတဲ့အခါကျတော့ တကယ်ကို ဘောလုံးချစ်ပြီး မဖြစ်မနေ အနစ်နာခံ လုပ်ပေးမယ် ဆိုတဲ့ သူတွေလောက်ပဲ ကျွန်တော်တို့ မှာရှိပါတယ်။ အမျိုးသမီးအသင်းက အခုလက်ရှိ ၈ သင်းလောက် မှန်းထားတယ်။ အနည်းဆုံး ၆ သင်းက တော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ရ အောင် အမျိုးသမီးလိဂ်ကို ဒီနှစ် စဖြစ်အောင်ကိုစမယ်” လို့ ဦးဇော် ဇော်က ပြောပါတယ်။ လာမယ့်နှစ် မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ၂ဝ၁၇ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ယူ- ၂၂ အသင်းအတွက် အများကြီးမျှော်လင့်ထားပြီး ကြိုတင်ပြင်ဆင်သွားမယ့် အကြောင်းကိုတော့ ဦးဇော်ဇော် က..

” အောင်သူတို့၊ ကျော်မင်းဦးတို့၊ ငြိမ်းချမ်းအောင်တို့ အုပ်စုဆို ၁၂ နှစ်၊ ၁၃ နှစ်ကတည်းက အကယ်ဒမီ ထဲ ရောက်နေတဲ့သူတွေပေါ့။ သက် တမ်းအလိုက်လည်း တောက်လျှောက် ကစားထားတယ်။ ဥရောပမှာလည်း နှစ်ခေါက်လောက်သွား လေ့ကျင့် ထားတဲ့ အတွေ့အကြုံရှိတယ်။ ပြည် တွင်းမှာလည်း အမြင့် ဆုံးလိဂ်တွေမှာ ကစားနေကြတယ်။ အသက်တွေက လည်း ၂၂ နှစ်ဆိုတော့ သူတို့နဲ့ ကွက် တိဖြစ်နေတယ်။ ဒီလို အကောင်းဆုံးကစားသမားတွေ ရထားတဲ့အသင်းနဲ့ သွားကစားမှာ ဖြစ်တဲ့အတွက် ဆီး ဂိမ်းကိုတော့ အများကြီးမျှော်လင့် ထားပါတယ်။ အဲဒီအတွက် ကြိုတင် ပြီးတော့ အများကြီး ပြင်ဆင်သွားဖို့ရှိပါတယ်” လို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က ၂ဝ၁၇ ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲအတွက် သူ့ရဲ့မျှော်လင့် ချက်ကို ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here