သုံးလောကထွတ်ထား သဗ္ဗညု မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှာ ပွင့်ထွန်းတော်မူခဲ့၏။ ဘုရားရှင်သည် သံသရာဝဲသြဃ၌ နစ်မျောလျက်ရှိ ကြကုန်သော ဝေနေယျသတ္တဝါ အပေါင်းတို့အား ကယ်မဆောင်ယူ ပြည်နိဗ္ဗူသို့ ပို့ဆောင်တော်မူရန် မဟာကရုဏာတော် ကြီးမားသဖြင့် မနေမနားလေးဆယ့်ငါး ဝါကာလ ပတ်လုံး ကာလရှည်ကြာစွာ တရား ရေအေးအမြိုက်ဆေးကို တိုက်ကျွေး တော်မူခဲ့၏။ ကျွတ်ထိုက်ကြသူ များဗိုလ်လူတို့၏ အလိုဆန္ဒအရာ ဌာန အားလျော်စွာ တရားဒေသနာ များကို ဟောကြားတော်မူလျက် ရှင်တော်မြတ်ဘုရားသည် သာသနာ တော်မြတ်ကြီးကို ပြုစုပျိုးထောင် တော်မူခဲ့၏။
ထိုသို့ ရှင်တော်မြတ်ဘုရားဆို ဆုံးမဟောကြားတော်မူခဲ့သော ဘုရားရှင်၏ နှုတ်ကပါဌ်တော်လာ အဆုံးအမတရားတော်တို့ကို သာသနာဟု ခေါ်ဆို၏။သာသနာတော်ကြီးဆက်လက် သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ကြိုး ပမ်းအားထုတ်ရမည်မှာ မလွဲဧကန် ဖြစ်၏။ “ဓမ္မပဒ” ပါဋ္ဌိတော်သည် ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်တွင် ခုဒ္ဒကနိကာယ်၌ ပါဝင်သော ကျမ်းစာဖြစ်၏။ ဓမ္မပဒဟူသည် ဓမ္မ”ပဒဖြစ်၏။ ဓမ္မတရားတော်တို့၏ ဓမ္မ”ပဒ”အပေါင်းအစုဟု အဓိပ္ပာယ်ရ၏။ တရားပဒေသာညွန့်ပေါင်းကျမ်းကြီး ဟူ၍ ခေါ်သင့်၏။ ဤကျမ်းကြီး၌ လောကုတ္တရာဆိုင်ရာ မဂ်ဖိုလ်နိဗ္ဗာန် တရားတော်များကို ဟောကြားထား၏။
လောကုတ္တရာတရားတော်တွင် လူမှုရေး၊ ကြီးပွားရေး၊ စီးပွားရေး၊ ပညာရေးစသည့် လောကီရေးရာ အကျိုးများဖြစ်နိုင်သည့် တရားတော် များဖြစ်၏။ ဘုရားရှင်သည် သတ္တ ဝါအနန္တတို့အား ကိလေသာကို ပယ် ဖျောက်၍ နိဗ္ဗာန်သို့ ရောက်နိုင် အောင် ညွှန်ပြတော်မူခဲ့၏။ ဤဓမ္မပဒလာ ဂါထာများကို ကိုးကား၍ ယနေ့ဆရာတော်သံဃာ တော်အရှင်သူမြတ်များက တရား ရေအေး အမြိုက်ဆေးကို ဒါယကာ၊ ဒါယိကာမတို့အား တိုက်ကျွေးနေ ကြခြင်းဖြစ်သည်။ သာသနာ့သမိုင်း ကို ပြန်ပြောင်းငဲ့စောင်းကြည့်လျှင် ဓမ္မပဒလာဂါထာများကို နာကြားရ၍ ဗုဒ္ဓဘာသာအဖြစ်သို့ ဦးစွာရောက်ရှိ ခဲ့ကြသူများမှာ အသောကမင်းကြီး နှင့် အနော်ရထာမင်းကြီးတို့ဖြစ်ကြ၏။ သာသနာနှစ် ၁၅၆၁ခုနှစ်သို့ ရောက်သောအခါ အနော်ရထာမင်း ကြီးသည် ဘုန်းကံပါရမီရင့်သန်သူ ဖြစ်သောကြောင့် အရည်းကြီးတို့၏ ဖောက်ပြန်မှားယွင်းသည့်အကျင့်တို့ ကို မကြည်ညိုမနှစ်သက်နိုင်ရှိခဲ့ရ၏။ ထိုစဉ်ကာလတွင် တောလိုက် မုဆိုးတစ်ယောက်သည် ၄င်းတို့အမြင်၌ မတွေ့ဖူး၊ မမြင်ဖူးသည့် ထူးဆန်း သည့် အဝတ်ကို ဝတ်ဆင်ထားသည့် ရှင်ဓမ္မဒဿီဘွဲ့အမည်ရှိသော ရှင်အရဟံကို ပင့်ဆောင်လာခဲ့၏။
အနော်ရထာအရှင်မင်းမြတ် သည် အရည်းကြီးများနှင့် မိုးမြေ အလားလွန်ကွာခြားသည့် ရှင်အရဟံ ၏ အသွင်သဏ္ဋာန်၊အဆင်းသဏ္ဋာန် ကို ကြည်ညိုသပ္ပာယ်စွာ ဖူးမြင်ရသည့် အခါ လွန်စွာကြည်နူးပီတိဖြစ်ရ၏။ သဒ္ဓါစိတ်များတဖွားဖွားပေါ်ပေါက် လာ၏။ ဗုဒ္ဓသာသနာအပေါ်၌လည်း ယုံကြည်သက်ဝင်လာ၏။ အသိ တရားပီတိပွားကာ ရင်မှာ တသိမ့် သိမ့်ခံစားရ၏။ ဆရာတော်အရှင်သူ မြတ်အား ပစ္စည်းလေးပါးလှူဒါန်း ဆက်ကပ်ပြီးလျှင် တရားဒေသနာ ချီး မြှင့်တော်မူပါရန် တောင်းပန်လျှောက်ထား၏။ ထိုအခါ ရှင်အရဟံအရှင်သူမြတ်သည် “အပ္ပမာဒေါ အမတံပဒံ” အစရှိသော ဓမ္မပဒဂါထာတော်မြတ်ကို ရှင်းလင်းဟောကြားတော်မူ၏။ အနော်ရထာမင်းကြီးသည် ဓမ္မပဒဂါထာတော်မြတ်ကိုနာ ကြားရပြီးနောက် သာသနာတော်၌ သက်ဝင်ယုံကြည်ကာ “သရဏဂုံ” တည်၍ ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ခဲ့ရ၏။
ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်တော် မူပြီးနောက် နှစ်ပေါင်း ၃၅ဝ ခန့်ကာလမြတ်ဗုဒ္ဓ၏ အဆုံးအမသာသနာတော်ကြီး ပျောက်သုဉ်းလုနီးနီး ဖြစ်ခဲ့၍ မိစ္ဆာဝါဒီများ ဖိစီးလွှမ်းမိုး ကြီးစိုးနေချိန်တွင် သာသနာပြုပုဂ္ဂိုလ် အစစ်အမှန်ကို ရှာကြံလိုလားသော အသောကမင်းတရားကြီးသည် စိတ် ပြေလက်ပျောက် လေသာပြတင်းတံ ခါးကို ဖွင့်ကာ နန်းရင်ပြင်ကို ကြည့် ရှုနေစဉ် ဝိနည်းသိက္ခာပုဒ်တော်နှင့် အညီ နန်းရင်ပြင်၌ ဖြည်းညင်းစွာ လှမ်ြး<ွကသွားသော သာသနာကျက် သရေဆောင် နိဂြောဓသာမဏေကို ဖူးမြင်ရ၍ နန်းတော်သို့ ကြည်ညိုစွာ ပင့်ဖိတ်၍ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီးလျှင် နိဂြောဓ သာမဏေမိန့်ြေ>ွခသည့် “အပ္ပမာဒေါ အမတံပဒံ” အစချီသော ဂါထာ တရားတော်ကို ကြားနာရပြီး ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ခဲ့ရ၏။ ယနေ့မြန်မာလူငယ်များစွာတို့ သည် အမည်ခံမိရိုးဖလာဗုဒ္ဓဘာသာ ဝင်များသာဖြစ်ကြ၏။ ဗုဒ္ဓဘာသာ အကြောင်းကို အကျွမ်းတဝင်မဖြစ် ကြ။ မြတ်စွာဘုရား၏ အဆုံးအမ သြဝါဒများနှင့် ကြီးပွားချမ်းသာ ကြောင်း မင်္ဂလာတရားများကို လိုက် နာကျင့်သုံးရာတွင် အားနည်းကြ၏။ မာန်မာနကိုနှိမ့်ချ၍မိဘဆရာ၊ သက်ကြီးဝါကြီးတို့အား ရိုသေလေး စား ဂါရဝတရားထားရမည်ကိုလည်း အလေးဂရုမပြု။
ဤသို့ မြန်မာ့ယဉ်ကျေးမှု၏ အနှစ်သာရဖြစ်သော ဗုဒ္ဓဘာသာ တရားတော်များကို သိနားလည်မှု အားနည်းလာကြသည့်အခါ ရေခြား မြေခြားဘာသာခြားတို့၏ ဝတ်စား ဆင်ယင်မှု၊ သီဆိုတီးမှုတ်ကပြမှုနှင့် ဟီရိသြတ္တပ္ပကင်းသော အမူအလေ့ တို့ကို အထင်ကြီးကြမြတ်နိုးကြ၊ တန်ဖိုးထားကြ၏။ အတုလိုက်ကြ၏။ မရောင်ရာဆီလူး၊ မမြင်ဖူး မူးမြစ်ထင် နေကြခြင်းဖြင့် မြန်မာတို့၏ ဓလေ့စ ရိုက်မှန်များ၊ရိုးရာယဉ်ကျေးမှုများ တစ်စတစ်စချို့ယွင်းအားနည်းလာကြ ပြီး ဗုဒ္ဓဘာသာတရားတော်များကို လေ့လာလိုက်စားရာတွင် အားနည်း မှုများ ရှိလာခြင်းဖြစ်၏။ ဤသည်ကို သိမြင်ကြသည့် ရဟန်းသံဃာတော်များ၊ လူပုဂ္ဂိုလ် များက ဗုဒ္ဓဘာသာယဉ်ကျေးမှု သင် တန်းများ အမြို့မြို့အနယ်နယ်၊ နေရာဌာနအသီးသီးတွင် သင်တန်းများ ပို့ချပေးခြင်းဖြင့် ကုစားနေကြရ၏။ အထူးသဖြင့် ဟီရိသြတ္တပ အထိန်းအကွပ်မရှိသော နိုင်ငံရပ် ခြား စာပေ၊ ဂီတ၊ ရုပ်ရှင်များကို အခြေခံ၍ တဏှာရာဂနှင့် မောဟအမိုက်မှောင်ကို တိုးပွားစေသော ဝတ်စားဆင်ယင်မှုများနှင့် အမူအကျင့် ဆိုးတို့သည်ဗုဒ္ဓဘာသာမင်္ဂလာတရားတော်များကို ကျောခိုင်း စေကာ မကောင်းမှုဒုစရိုက်များ တိုး ပွားလာ စေ၏။ ယနေ့သတင်းစာ၊ ဂျာနယ်တို့တွင် မကောင်းမှုသတင်းမျိုး စုံလွှမ်း မိုးနေသည်မှာ သိသာထင်ရှား၏။
ဤမကောင်းမှုအကျင့်ဆိုးတို့ သည် အကုသိုလ်ကံများကို ဖြစ်ပွား စေပြီး အပါယ်လေးပါးသို့ ပို့ဆောင် နေသည်ကို သတိချပ်ကြရပေမည်။ သူတစ်ပါးကို စိတ်ဆင်းရဲအောင်၊ ထိ ခိုက်နစ်နာအောင်၊ တဏှာရာဂတိုး ပွားအောင်ပြုလုပ်သူသည် မျက် မှောက်ဘဝသာမက တမလွန်ဘဝ တွင်ပါ မကောင်းကျိုးဆင်းရဲဒုက္ခကို အမှန်မုချ ခံစားရမည်ဖြစ်၏။ သူတစ်ပါးကို စိတ်ချမ်းသာ အောင်၊ အကျိုးရှိအောင်၊ ကုသိုလ် တိုးပွားအောင် ဆောင်ရွက်ပေးသူ သည် ယခုဘဝသာမက တမလွန် ဘဝ၌ပင်လျှင် ကောင်းကျိုးချမ်းသာ များရရှိခံစားရပြီး ကောင်းသည့် သုဂ တိဘုံ၌ ကျင်လည်ရမည်ဖြစ်၏။ ထို အချက်များကို နားလည်သဘော ပေါက်ထားသူတိုင်း မြတ်ဗုဒ္ဓ၏ အဆုံးအမသာသနာတော်၌ ရှောင်စရာ၊ ဆောင်စရာများကို သဘော ပေါက်နားလည်ကြပြီး မျိုးဆက်သစ် မိမိတို့သားငယ်၊ သမီးငယ်များကို မင်္ဂလာတရားတော်နှင့်အညီ ဆုံးမညွှန် ပြ၍ ဆရာသမားတို့ကလည်း မိမိတို့ တပည့်ကျောင်းသူ၊ ကျောင်းသားလူ ငယ်များကို အခြေခံအဆင့်မှသည် တက္ကသိုလ်အဆင့်ထိ ဘာသာတရား အဆုံးအမကို သွန်သင်ညွှန်ပြဆိုဆုံးမ ခြင်းဖြင့် ဗုဒ္ဓဘာသာဝင်ကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာအောင် ဆောင်ရွက်ကြခြင်းဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လှမ်းချီရမည် ဖြစ်၏။
သို့ဖြစ်ပါ၍ ဘုရားရှင်ဟော ကြားတော်မူသော တရားတော်များ ကို ပါဠိဘာသာမှ မြန်မာပြန်ဆို ထားသည့် ဓမ္မပဒအဋ္ဌကထာမြန်မာ ပြန် (၅) တွဲကို ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ လေ့လာဖတ် ရှုကြပြီး မိမိတို့သားငယ်၊ သမီးငယ်မျိုးဆက်ရတနာများကို ဗုဒ္ဓအဆုံးအမ ဗုဒ္ဓဟောကြားတော်မူသည့် တရား ဒေသနာများကို ရှင်းလင်းသွန်သင် ဆုံးမညွှန်ပြသင့်ပါကြောင်း အကြံပြု တင်ပြရပါ၏။