
၂ဝ၁၆ ခုနှစ်အတွင်းမှာ EDM လှိုင်းဟာ မြန်မာပြည်တွင်း အတော် ပျံ့လွင့်လာပါတယ်။ အခု ဒီဇင် ဘာလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ မှာလည်း 808 ခေါင်းစဉ်နဲ့အတူ နာမည်ကြီး ကမ္ဘာကျော် ဒီဂျေများရဲ့ EDM Festival ကို ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
ဒီပွဲကိုတော့ The One Entertainment Park မှာ ပြုလုပ် မယ်လို့သိရပြီး ကမ္ဘာကျော်ဒီဂျေများ ဖြစ်တဲ့ Hardwell , Carnage, Dillon Francis, Yellow Clow တို့ အပြင် ပြည်တွင်းပြည်ပ နာမည် ကျော် ဒီဂျေ ၁၈ ဦးက ပါဝင် ဖျော် ဖြေသွားကြမှာပဲ ဖြစ်ပါတယ်။
808 ဂီတပွဲကို အခြားပွဲများ နဲ့မတူဘဲ စတိတ်စင် နှစ်စင်နဲ့ ကျင်းပသွားမှာဖြစ်ပြီး 808 Arena စတိတ်နဲ့ Premium Arena စတိတ် စင် နှစ်စင်ခွဲပြီး ကျင်းပ မှာဖြစ်ပါတယ်။ ဒီပွဲရဲ့Headliner အဖြစ်Hardwell, Carnage, Dillon Francis, Yellow Clow တို့က ဖျော်ဖြေ သွား မှာဖြစ်ပြီး လက် မှတ်အမျိုးအစားများ ကိုတော့ VVIP Access, Premium Access, General Access စသဖြင့် သုံးမျိုးခွဲခြားထားပြီး ရန်ကုန်မှာ Balance Fitness, Ice cream bar (Juction Square & Maw tin) , ERKE (Myanmar Plaza), FUSE , Rangoon Grill & Chill, Roof Alchemy စိမ်းလန်းစိုပြေ The Bar Bur Dubai (အင်းလျား လမ်း) နဲ့ The One Music Entertainment Club တို့မှာ ဝယ်ယူရရှိနိုင်ကြောင်း သိရပါတယ်။
808 ဂီတပွဲကိုတော့ Retox session နဲ့ Contango တို့ က ကြီးမှူးပြီး ထိုင်းနိုင်ငံမှာ ကျင်းပ လာတာ ၄ နှစ်ဆက်တိုက်ရှိပြီဖြစ်ပြီး ဒီနှစ်မှာတော့ မြန်မာပြည်ကH- Life Entertainment နဲ့ပူးပေါင်း ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အဖြစ် ကျင်းပတာဖြစ်တယ် လို့လည်း သိရပါတယ်။
P- 054
