ဘီကီနီဝတ်ရခြင်းအပေါ် ပရိသတ်ကို ကြိုတင်တောင်းပန်ထားတဲ့ ဘေဘီမောင်

0
200

baby-mg

သရုပ်ဆောင် ဘေဘီမောင်က ဒါရိုက်တာ ဂျိုးရိုက်ကူးနေတဲ့ Original Gangstar 3 ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ ယုန်လေး၊ ရန်အောင်နဲ့ အလှမယ်များ စွာတို့နဲ့ အတူ ပါဝင်ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကားက အက်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်ပါတယ်။ ဒီဇာတ် ကားနဲ့ပတ်သက်ပြီး ပရိသတ်ကို ကြိုတင်တောင်းပန် စရာရှိပါ တယ်ဆိုတဲ့ ဘေဘီမောင်က..

” ဒီဇာတ်ကားမှာ ညီမက Miss တစ်ယောက် အနေနဲ့ ပြိုင်ပွဲဝင်ပြိုင်ပြီး သရုပ်ဆောင်ရတယ်။ ပြီးတော့ ဇာတ်ကားဆင်ဆာလည်း ရတယ်ဆိုတော့ သူတို့တွေက ညီမကို ဘီကီနီအဝတ်အစားကို ဝတ်ခိုင်းပါတယ်။ ဒါကြောင့် ညီမ ဒီဘီကီနီကို ဝတ်ဆင်ရပါတယ်။ ညီမရဲ့ပရိသတ်တွေကို ဒီလို Sexy ကျတဲ့ အဝတ်အစားတွေကို မဝတ်ဆင်တော့ပါဘူးလို့ ပြောထားပေမယ့်လည်း ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာက တစ်ကြောင်း၊ ဆင်ဆာကလည်းရတာကြောင့် သူ့နေရာနဲ့ သူ ကာရိုက်တာမိဖို့အတွက် ညီမဝတ်ဆင်ရတာပါ။ ဒါလေးကို ညီမရဲ့ ပရိသတ်တွေ နားလည်ပေးကြဖို့ ကြိုတင်တောင်းပန်ချင်ပါတယ်။ ဘေဘီ တမင်သက်သက် နာမည်ကြီးချင်လို့ ဝတ် ဆင်ပြ တာမဟုတ်ပါဘူးဆိုတာ ပရိသတ်တွေ သိစေချင်ပါတယ်” လို့ ပြောပါတယ်။ ဘေဘီမောင်က သူ့ကိုလာငှားတဲ့ ဇာတ်ကား တိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်ကာ သူ့ရဲ့ အနုပညာအရည်အသွေးများကို ချပြပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဘေဘီမောင်က နောက်ထပ် လည်း ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ Cele ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇင်မာနွယ်၊ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here