ဟာသ သရုပ်ဆောင်တွေအတွက် ခွန်အားဖြစ်စေခဲ့ပြီ ဟာသ အကယ်ဒမီ

0
182

12495063_979537385426811_2345954695823094472_n

နှစ်စဉ်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲဟာ ရုပ်ရှင်လောကသားအားလုံးရဲ့ ရင်အခုန် ရဆုံးပွဲတစ်ပွဲလို့ပဲဆိုရမှာပါ။ ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲကို ၁၉၅၂ ခုနှစ် မှ စတင်ပြုလုပ်ခဲ့ရာက အခုဆိုရင် အကယ်ဒမီထူးချွန်ဆုပေါင်းများစွာ ပေးအပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုပေးအပ်ခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆုများစွာထဲမှာတော့ ဟာသပညာရှင်၊ ဟာသ သရုပ်ဆောင်တွေ ရရှိခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆုဆိုတာ နည်းပါးလွန်းခဲ့ပါတယ်။ မှတ်မှတ်ရရ ပြောရမယ်ဆိုရင်တော့ ၁၉၅၅ခုနှစ်က ဖိုးပြုံးချို ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီထူးချွန်ဆုရရှိခဲ့တဲ့ ဦးဖိုးပါ ကြီးပဲဖြစ်ပါတယ်။ ဦးဖိုးပါကြီးအနေနဲ့ ဟာသ သရုပ်ဆောင်ထဲမှာ ပထမဆုံး အကယ်ဒမီဆု ဆွတ်ခူးနိုင်ခဲ့သူ တစ် ဦးအဖြစ် အကယ်ဒမီမှတ်တမ်း ဝင်နိုင်ခဲ့ပါတယ်။ ဟာသပညာရှင် ဦးဖိုးပါကြီးရရှိပြီးခဲ့တဲ့နောက် ၂ဝဝ၇ ခုနှစ်၊အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာတော့ ဟာသပညာရှင် ဦးမိုးဒီက “ကိုးဆယ်ဆသာလိမ့်မယ်” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဦးမိုးဒီအကယ်ဒမီရရှိခဲ့တဲ့ ကိုးဆယ်ဆသာလိမ့်မယ် ရုပ်ရှင်ဇာတ်ကားကိုတော့ မြို့တော် မောင်ယဉ်အောင်က ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။

” လူရွှင်တော်ကို ငိုအောင်လုပ်ရတာလည်း မလွယ်ဘူး။ ဇာတ်ရဲ့မာယာပေါ့ဗျာ။ ကိုမိုးဒီကလည်း တအားကြိုးစားခဲ့တယ်” လို့ အကယ်ဒမီဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဟာသပညာ ရှင်ဦးမိုးဒီနဲ့ပတ်သက်ပြီး ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်က ပြန်လည်ပြောပြပါတယ်။ အဲဒီနောက် ဟာသပညာရှင် ဦးမိုးဒီရရှိပြီးတဲ့ နောက် ၂ဝ၁၁ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးအပ်ပွဲမှာတော့ ထာဝရအလင်းတန်းများရုပ်ရှင်ဇာတ်ကားနဲ့ ဟာသပညာရှင်မော့စ်က အကယ်ဒမီထူး ချွန်ဆု ရရှိခဲ့ပါတယ်။ ဟာသ ပညာရှင်ဦးဖိုးပါကြီး၊ ဦးမိုးဒီ၊ ဦး မော့စ်တို့ ၃ဦးဟာ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုနဲ့ အကယ်ဒမီ ရရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ၃ ဦး ဟာ ဟာသဇာတ်ရုပ်၊ ဇာတ်ကွက် ကြောင့် အကယ်ဒမီ ထူးချွန်ဆု ရရှိ ခဲ့တာမျိုးမဟုတ်ဘဲ ဒရာမာရုပ် ဇာတ်ကွက်မှာ ပီပြင်စွာ သရုပ် ဆောင်နိုင်ခဲ့မှုတို့ကြောင့် အကယ် ဒမီ ထူးချွန်ဆု ရရှိနိုင်ခဲ့ခြင်းသာဖြစ် ပါတယ်။ မြန်မာ့ရုပ်ရှင်လောက ကရုပ်ရှင်၊ဗီဒီယိုဇာတ်ကားများမှာ ကျရာ ဇာတ်ရုပ်ကနေ ဇာတ်ကိုပံ့ပိုး ပေးနေကြသူတွေကတော့ ဟာသသရုပ်ဆောင်တွေပဲဖြစ်ပါတယ်။ ငိုဆိုလည်းငိုရ၊ ရယ်ဆိုလည်း ရယ်ရနဲ့ ဟာသသရုပ်ဆောင်တွေကို စွယ်စုံအနုပညာရှင်တွေလို့ တချို့ကလည်းသုံးသပ်ကြပါတယ်။ ဒါကြောင့်လည်း ဟာသသရုပ်ဆောင်တွေဖြစ်ပေမယ့် ဒရာမာဇာတ်ရုပ်ကိုလည်း ပီပြင်စွာ သရုပ်ဆောင်ပြရင်း အကယ်ဒမီ ထူးချွန်ဆုတွေကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ကြတဲ့ ဟာသသရုပ် ဆောင်တွေအတွက်ဟာသ အကယ် ဒမီကအခုနှစ်မှာတော့ ရုပ်လုံး ပေါ်လာခဲ့ပါပြီ။ အခုနှစ် ၂ဝ၁၄- ၂ဝ၁၅ခုနှစ် ၂ နှစ်ပေါင်း အကယ်ဒမီဆုချီးမြှင့်ပွဲမှာ ၂ဝ၁၅ ခုနှစ်အတွက် ဤအရာကိုအချစ်ဟုခေါ်သလား ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု တက္ကသိုလ် ဂွမ်းပုံကရရှိခဲ့ပြီးအကောင်းဆုံး အမျိုး သားဇာတ်ပို့ဆုအတွက် ဗေလုဝက ရရှိခဲ့ပါတယ်။ ထူးခြားမှုအနေနဲ့ နှစ် ဆုစလုံးသည် ဟာသဇာတ်ရုပ်၊ ဇာတ် ကွက်နဲ့ ရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဟာသဇာတ်ကားနဲ့ အကယ်ဒမီမှန်းနိုင်ပြီလို့ပဲ သုံးသပ် ရတော့မှာပါ။ ထို့ အတွက်ကြောင့် အကယ်ဒမီယခင် ရရှိခဲ့ပြီး ဖြစ်သော ဟာသသရုပ်ဆောင်များဖြစ်ကြတဲ့ ဦးဖိုးပါကြီး၊ဦးမိုးဒီ၊ ဦးမော့စ်တို့နဲ့အတူ ဟာသပညာရှင်များရဲ့ အကယ်ဒမီ မှတ်တမ်းမှာ ဗေလုဝနဲ့ တက္ကသိုလ် ဂွမ်းပုံတို့ကလည်း အကယ်ဒမီမှတ်တမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here