Home News Local News လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

0
100

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။

ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တို့ရှိ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်မည်ဟုလည်း မေတ္တာရပ်ခံအသိပေးခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here