Home News Local News တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊ သုံးဦးဒ-ဏ်ရာရ

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊ သုံးဦးဒ-ဏ်ရာရ

0
58

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြေကြီးများက အဆောက်အအုံ၏ ပထမထပ်အထိ ဖုံးလွှမ်းခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

ဖြစ်စဉ်အတွင်း အဆောက်အအုံထဲမှ လူသုံးဦးကို ကယ်ဆယ်ရေးလုပ်သားများက ကယ်ထုတ်နိုင်ခဲ့သော်လည်း ၎င်းတို့အနက် တစ်ဦးမှာ နောက်ပိုင်းတွင် ဆေးရုံ၌ ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ပိုင်းဒေသတွင် စနေနေ့မှစတင်၍ မိုးကြိုးမုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့ဒေသများ၌ မိုးရေချိန် ၈၀၀ မီလီမီတာအထိ ရှိခဲ့သည်။ ဒေသအချို့တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်သဖြင့် တောင်ကိုရီးယား မိုးလေဝသအေဂျင်စီက သတိပေးချက်များ ထုတ်ပြန်ထားသည်။

ဘူဆန်အနီးရှိ တောင်ပိုင်းကမ်းရိုးတန်းမြို့ ဂျီယိုဂျဲတွင်လည်း မြစ်ရေလျှံခြင်းနှင့် လမ်းများရေလွှမ်းမိုးခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ယာဉ်အသွားအလာများ ထိခိုက်ခဲ့ပြီး ဒေသခံအချို့ ပိတ်မိခဲ့ကြောင်း သိရသည်။

ထပ်မံမြေပြိုမှု ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်ကြောင့် ဂျီယိုဂျဲမြို့ရှိ ဒေသခံ ၁၀၀ ခန့်ကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးထားပြီး ပိတ်မိနေသည့် ဒေသခံ ၂၀ ခန့်ကိုလည်း အာဏာပိုင်များက ကယ်ဆယ်ပေးခဲ့ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: CNA

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here