Sunday, August 16, 2026

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့်...

ဆိုးလ်၊ ဩဂုတ် ၁၆ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများလျှော့ချပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တောင်းဆိုလိုက်သည်။ ဂျပန်ကိုလိုနီလက်အောက်မှ ကိုရီးယားလွတ်မြောက်မှု...

အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ပြင်းအား ၇.၇ ငလျင်လှုပ်ခတ်မှုကြောင့်...

ဂျကာတာ၊ ဩဂုတ် ၁၆ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အရှေ့နူဆာတန်ဂါရာပြည်နယ်တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ‌ေ-သဆုံးသူ ၅၁...

မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား...

မြဝတီ၊ ဩဂုတ် ၁၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုဒ်များ၌ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် တရားမဝင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပါကစ္စတန်၊ အိန္ဒိယ၊...

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ခွင့်ပြုချက်များ...

နေပြည်တော်၊ ဩဂုတ် ၁၆ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ ပြည်တွင်းသွင်းကုန်နှင့် ပြည်ပပို့ကုန် ထောက်ခံချက်များအပြင် စွန့်ပစ်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်းလိုင်စင်များ၊ သယ်ယူပို့ဆောင်ခွင့်ပြုချက်များကို...
HomeNewsLocal Newsမန္တလေး MTB လူသစ်တန်း...

မန္တလေး MTB လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ၌ အသက် ၆၀ နှင့်အထက် ၁၂ ဦးအပါအဝင် အားကစားသမား ၅၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်

မန္တလေး၊ ဩဂုတ် ၁၅

မန္တလေးမြို့၌ ကျင်းပသည့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲတွင် အသက် ၆၀ နှင့်အထက် ၁၂ ဦးအပါအဝင် အားကစားသမား စုစုပေါင်း ၄၉၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး နံနက် ၅ နာရီခွဲတွင် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ရှေ့မှ တာလွှတ်ခဲ့သည်။

ပြိုင်ပွဲတွင် အသက် ၁၆ နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စုစုပေါင်း ပြိုင်ပွဲဝင် ၄၉၁ ဦးအနက် အသက် ၆၀ နှင့်အထက် ပြိုင်ပွဲဝင် ၁၂ ဦးလည်း ပါဝင်ခဲ့သည်။

ပြိုင်ပွဲဝင်များသည် မန္တလေးမြို့ရှိ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်အထိ ၄၃ မိုင်ခရီးကို သတ်မှတ်လမ်းကြောင်းအတိုင်း စီးနင်းယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းပြိုင်ပွဲကို စက်ဘီးစီးအားကစားလှုပ်ရှားမှု မြှင့်တင်ရန်၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိလာစေရန်နှင့် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တောင်းဆို

ဆိုးလ်၊ ဩဂုတ် ၁၆ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများလျှော့ချပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တောင်းဆိုလိုက်သည်။ ဂျပန်ကိုလိုနီလက်အောက်မှ ကိုရီးယားလွတ်မြောက်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် လီက ကိုရီးယားနှစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးသတ်ခဲ့ခြင်းမဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ ရပ်တန့်ထားခြင်းဖြစ်ရာ ယင်းအခြေအနေကို ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးစနစ်တစ်ရပ်ဖြင့် အစားထိုးနိုင်ရေး မြောက်ကိုရီးယားနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးရန် လီက တိုက်တွန်းခဲ့သည်။ အဆိုပါ ဆွေးနွေးမှုများမှတစ်ဆင့် မြောက်ကိုရီးယား၏...

အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ပြင်းအား ၇.၇ ငလျင်လှုပ်ခတ်မှုကြောင့် ‌ေ-သဆုံးသူ ၅၁ ဦးရှိလာ၊ လူ ၅,၀၀၀ ခန့် ဘေးလွတ်ရာရွှေ့ပြောင်း

ဂျကာတာ၊ ဩဂုတ် ၁၆ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အရှေ့နူဆာတန်ဂါရာပြည်နယ်တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ‌ေ-သဆုံးသူ ၅၁ ဦးအထိရှိလာပြီး လူ ၅,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း အာဏာပိုင်များက ပြောကြားသည်။ စနေနေ့နံနက်ပိုင်းက လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်ကြောင့် လူ ၃၆ ဦး ပြင်းထန်ဒ-ဏ်ရာရရှိခဲ့ပြီး ၇၇ ဦးမှာ အသေးစားဒ-ဏ်ရာများ ရရှိခဲ့ကြောင်း ကျန်းမာရေးဒုတိယဝန်ကြီး ဘင်ဂျမင်ပေါလပ်စ် အော့ကတေးယံနပ်စ်က ပြောသည်။ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၃၄၁ ကြိမ်ခန့် လှုပ်ခတ်ခဲ့ပြီး...

မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံထိန်းသိမ်း၊ တစ်နှစ်ခွဲကျော်အတွင်း ပြည်ပနိုင်ငံသား ၁၄,၇၆၀ ဦး ထိန်းသိမ်းနိုင်ခဲ့

မြဝတီ၊ ဩဂုတ် ၁၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုဒ်များ၌ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် တရားမဝင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပါကစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ကင်မရွန်းနှင့် ကင်ညာနိုင်ငံတို့မှ ပြည်ပနိုင်ငံသား ၁၁ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်ပနိုင်ငံသား ၁၁ ဦးကို ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းဖေ-ာက်ဖျ-က်မှုဖြင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁) အရ တရားစွဲဆိုအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071