Sunday, August 16, 2026

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့်...

ဆိုးလ်၊ ဩဂုတ် ၁၆ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများလျှော့ချပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တောင်းဆိုလိုက်သည်။ ဂျပန်ကိုလိုနီလက်အောက်မှ ကိုရီးယားလွတ်မြောက်မှု...

မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား...

မြဝတီ၊ ဩဂုတ် ၁၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုဒ်များ၌ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် တရားမဝင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပါကစ္စတန်၊ အိန္ဒိယ၊...

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ခွင့်ပြုချက်များ...

နေပြည်တော်၊ ဩဂုတ် ၁၆ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ ပြည်တွင်းသွင်းကုန်နှင့် ပြည်ပပို့ကုန် ထောက်ခံချက်များအပြင် စွန့်ပစ်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်းလိုင်စင်များ၊ သယ်ယူပို့ဆောင်ခွင့်ပြုချက်များကို...

ရှမ်းယူနိုက်တက်အသင်း ဘရာဇီးလ်တိုက်စစ်ကစားသမား Carlos Damian...

ရန်ကုန်၊ ဩဂုတ် ၁၆ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ဘရာဇီးလ်တိုက်စစ်ကစားသမား Carlos Damian (Carlos Damian dos Santos Puentes)...
HomeInternationalအင်ဒိုနီးရှားအရှေ့ပိုင်းတွင် ပြင်းအား ၇.၇...

အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ပြင်းအား ၇.၇ ငလျင်လှုပ်ခတ်မှုကြောင့် ‌ေ-သဆုံးသူ ၅၁ ဦးရှိလာ၊ လူ ၅,၀၀၀ ခန့် ဘေးလွတ်ရာရွှေ့ပြောင်း

ဂျကာတာ၊ ဩဂုတ် ၁၆

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အရှေ့နူဆာတန်ဂါရာပြည်နယ်တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ‌ေ-သဆုံးသူ ၅၁ ဦးအထိရှိလာပြီး လူ ၅,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း အာဏာပိုင်များက ပြောကြားသည်။

စနေနေ့နံနက်ပိုင်းက လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်ကြောင့် လူ ၃၆ ဦး ပြင်းထန်ဒ-ဏ်ရာရရှိခဲ့ပြီး ၇၇ ဦးမှာ အသေးစားဒ-ဏ်ရာများ ရရှိခဲ့ကြောင်း ကျန်းမာရေးဒုတိယဝန်ကြီး ဘင်ဂျမင်ပေါလပ်စ် အော့ကတေးယံနပ်စ်က ပြောသည်။

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၃၄၁ ကြိမ်ခန့် လှုပ်ခတ်ခဲ့ပြီး လမ်းများပိတ်ဆို့ခြင်း၊ မြေပြိုခြင်းနှင့် အဆောက်အအုံများ ပျ-က်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ဆစ်ကာဒေသတွင် လူ ၃,၃၀၀ ကျော်သည် ကိုယ့်အစီအစဉ်ဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသလို အချို့မှာ အားကစားကွင်း၌ ယာယီနေထိုင်နေကြကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ (BNPB) က ထုတ်ပြန်သည်။

ငလျင်ကြောင့် အိမ်ခြေ ၁,၃၀၀ ကျော် ပျ-က်စီးခဲ့ပြီး ပျေ-ာက်ဆုံးနေသူအများစုမှာ အပျ-က်အစီးများအောက်တွင် ပိတ်မိနေကြောင်း သိရသည်။ မြေပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် မော်မီရီဒေသရှိ နေရာအချို့သို့လည်း ကယ်ဆယ်ရေးအဖွဲ့များ စတင်ဝင်ရောက်နိုင်ပြီဖြစ်သည်။

ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကူညီရေးလုပ်ငန်းများအတွက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၃,၅၀၀ ကျော်ကို ဘေးသင့်ဒေသများသို့ စေလွှတ်ထားသည်။ ဓာတ်အားပြတ်တောက်မှုကြောင့် ဓာတ်ဆီဆိုင် ၂၀ ခန့်လည်း ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း သိရသည်။

အရှေ့နူဆာတန်ဂါရာပြည်နယ်အစိုးရက အရေးပေါ်အခြေအနေ ကြေညာရန် စဉ်းစားနေပြီး ယင်းသို့ကြေညာပါက ကယ်ဆယ်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်နှင့် ရန်ပုံငွေများကို ပိုမိုလျင်မြန်စွာ စုစည်းအသုံးပြုနိုင်မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့မြေထုချပ်ကြီးများ ဆုံတွေ့ရာ “ပစိဖိတ်မီးကွင်း” (Pacific Ring of Fire) ပေါ်တွင် တည်ရှိသဖြင့် ငလျင်လှုပ်ခတ်မှုနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။

Ref: Antara News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တောင်းဆို

ဆိုးလ်၊ ဩဂုတ် ၁၆ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများလျှော့ချပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တောင်းဆိုလိုက်သည်။ ဂျပန်ကိုလိုနီလက်အောက်မှ ကိုရီးယားလွတ်မြောက်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် လီက ကိုရီးယားနှစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးသတ်ခဲ့ခြင်းမဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ ရပ်တန့်ထားခြင်းဖြစ်ရာ ယင်းအခြေအနေကို ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးစနစ်တစ်ရပ်ဖြင့် အစားထိုးနိုင်ရေး မြောက်ကိုရီးယားနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးရန် လီက တိုက်တွန်းခဲ့သည်။ အဆိုပါ ဆွေးနွေးမှုများမှတစ်ဆင့် မြောက်ကိုရီးယား၏...

မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံထိန်းသိမ်း၊ တစ်နှစ်ခွဲကျော်အတွင်း ပြည်ပနိုင်ငံသား ၁၄,၇၆၀ ဦး ထိန်းသိမ်းနိုင်ခဲ့

မြဝတီ၊ ဩဂုတ် ၁၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုဒ်များ၌ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် တရားမဝင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပါကစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ကင်မရွန်းနှင့် ကင်ညာနိုင်ငံတို့မှ ပြည်ပနိုင်ငံသား ၁၁ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်ပနိုင်ငံသား ၁၁ ဦးကို ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းဖေ-ာက်ဖျ-က်မှုဖြင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁) အရ တရားစွဲဆိုအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀...

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ခွင့်ပြုချက်များ စနစ်တကျ ထုတ်ပေးလျက်ရှိ

နေပြည်တော်၊ ဩဂုတ် ၁၆ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ ပြည်တွင်းသွင်းကုန်နှင့် ပြည်ပပို့ကုန် ထောက်ခံချက်များအပြင် စွန့်ပစ်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်းလိုင်စင်များ၊ သယ်ယူပို့ဆောင်ခွင့်ပြုချက်များကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။ ဩဂုတ် ၁၅ ရက်က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ပညာရပ်ဆိုင်ရာအဖွဲ့ အစည်းအဝေး (၁/၂၀၂၆) တွင် ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လိုင်စင်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071