Friday, August 14, 2026

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့်...

​"အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်"လို့ အမေရိကန်...

အမေရိကန်တောင်ပံကစားသမား McKenna Davidson ကို...

ဧရာဝတီအက်ဖ်စီအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုအဖြစ် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းဘက်က ထုတ်ပြန်ကြေညာထား သည်။ McKenna Davidson...

Myanmar Women’s League ဒုတိယအကျော့အတွက်...

ရန်ကုန်၊ဩဂုတ်-၁၄ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပနေသည့် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ကို အောက်တိုဘာ ၁၉...

ကျောက်တံတားမြို့နယ်အတွင်း ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်

ရန်ကုန်၊ဩဂုတ်-၁၄ ယနေ့ ဩဂုတ် ၁၄ ရက်နေ့လည်ပိုင်းတွင် ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန် ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့‌သည်။ ထို့ပြင် ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြင့် ဆေးရုံတတ်ရသည့်လူနာများရှိသည့်အတွက် ယင်းနေအိမ်များသို့...
HomeMoviesမီတာအသစ်များ မနက်ဖန်(ဩဂုတ် ၁၅...

မီတာအသစ်များ မနက်ဖန်(ဩဂုတ် ၁၅ ရက်)မှ စတင်ကာ Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီ

နေပြည်တော်၊ဩဂုတ်-၁၄

လျှပ်စစ်မီတာ မရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီတာအသစ်များကို လျင်မြန်စွာ ရရှိနိုင်ရေးအတွက် မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

တစ်ဆင့်ခံပွဲစားများနှင့် ဝန်ထမ်းများ ပါဝင်ပတ်သက်မှု ကင်းဝေးပြီး အချိန်နှင့် စရိတ်စက သက်သာစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်သည်။

Website မှတစ်ဆင့် လျှောက်ထားရာတွင် ဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ပေးသွင်းရမည့် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခ အပါအဝင် ကျသင့်နှုန်းထားများသည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ အောက်ပါအတိုင်း ပေးသွင်းရမည်ဖြစ်သည်။

ကျသင့်နှုန်းထားများအနေဖြင့် အိမ်သုံးမီတာ – ၂၅၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ (10 kW) – ၁,၀၀၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ (20 kW) – ၁,၂၃၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ (30 kW) – ၁,၄၆၀,၀၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ (10 kW) – ၁,၀၇၇,၅၀၀ ကျပ်၊စက်မှုသုံးပါဝါမီတာ (20 kW) – ၁,၃၈၂,၅၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ (30 kW) – ၁,၆၈၇,၅၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီတာလျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရုံးချုပ်) ဖုန်း ၀၆၇-၃၄၁၀၄၆၀၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) Hot Line 1717၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) Hot Line 1616 နှင့် ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ သို့လည်းကောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ၀၆၇-၃၄၁၀၄၀၇၊ ၀၉-၆၈၂၂၃၂၆၀၀၊ ၀၉-၆၆၅၄၃၂၅၇၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေ အမေရိကန်ကြံစည်နေ

​"အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်"လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောပါတယ်။ "ကျနော်တို့ဟာ စစ်ရေးလှုပ်ရှားမှုဖြစ်တဲ့ Epic Fury အဆင့်ကနေ စီးပွားရေးအရ အပြင်းအထန် ဖိအားပေးတဲ့အဆင့်ကို ကူးပြောင်းခဲ့တာပါ။ အခုဆိုရင် သမ္မတရဲ့ အမိန့်အတိုင်း ဒီထက်မကတဲ့ အဆင့်အထိ တိုးမြှင့်လိုက်ပါပြီ။ လာမယ့်သီးတင်းပတ်မှာ သတင်းထုတ်ပြန်ချက်တွေ ဆက်ထွက်လာမှာမို့ စောင့်ကြည့်ကြပါ။ စီးပွားရေးအရ ပိတ်ဆို့သီးခြားခွဲထုတ်မှု သမိုင်းမှာ...

အမေရိကန်တောင်ပံကစားသမား McKenna Davidson ကို ဧရာဝတီအက်ဖ်စီ ခေါ်ယူ

ဧရာဝတီအက်ဖ်စီအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုအဖြစ် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းဘက်က ထုတ်ပြန်ကြေညာထား သည်။ McKenna Davidson သည် ဥရောပအမျိုးသမီးချန်ပီယံလိဂ် (UEFA Women’s Champions League) ပြိုင်ပွဲအပါအဝင် ဥရောပနှင့် အာရှကလပ်အသင်းများတွင် ပါဝင်ကစားခဲ့ဖူးပြီး နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရှိသည့် ကစားသမားတစ်ဦးဖြစ်သည်။ အသင်း၏ ထုတ်ပြန်ချက်အရ Davidson သည် တောင်ပံတိုက်စစ်နှင့် ခံစစ်ပိုင်းနေ ရာများတွင် ကစားနိုင်သူဖြစ်ပြီး ၎င်း၏ နိုင်ငံတကာအတွေ့အကြုံနှင့် ခြေစွမ်းဖြင့် ဧရာဝတီအက်ဖ်စီ၏ တိုက်စစ်နှင့် ခံစစ်ပိုင်းကို ပိုမိုအားကောင်းလာစေရန်...

Myanmar Women’s League ဒုတိယအကျော့အတွက် ကစားသမားအပြောင်းအရွှေ့ကာလ သတ်မှတ်

ရန်ကုန်၊ဩဂုတ်-၁၄ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပနေသည့် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ကို အောက်တိုဘာ ၁၉ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအကျော့အတွက် အသင်းများအ နေဖြင့် ကစားသမားအသစ်များ ခေါ်ယူခြင်း၊ ကစားသမားအပြောင်းအရွှေ့ပြု လုပ်ခြင်းနှင့် စာချုပ်သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ရန် 2nd Round Player Transfer Window Period ကို ဩဂုတ် ၁၁ ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071