Saturday, August 15, 2026

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု...

မော်စကို၊ ဩဂုတ် ၁၅ ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင်...

ယူကရိန်းသို့ ဘိုင်ဒန်၏ လက်နက်အမြောက်အမြား ပေးအပ်ခဲ့မှုအပေါ်...

​ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံတွေကို လက်နက်အမြောက်အမြား ပေးအပ်ခဲ့တာဟာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း...

မြန်မာ-ဘယ်လာရုစ် လွှတ်တော်ဆက်ဆံရေးမြှင့်တင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့်...

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ကာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများနှင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း...

ရှမ်းယူနိုက်တက်အသင်းက လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများထံ စားနပ်ရိက္ခာနှင့်...

လေးမျက်နှာ၊ သြဂုတ်-၁၅ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ရှမ်းယူနိုက်တက်အသင်းမိသားစုက လိုအပ်သည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်း၏ ရေဘေးကူညီထောက်ပံ့ရေးခရီးစဉ်အဖြစ် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ...
HomeNewsLocal Newsမြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ်...

မြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ် အသုံးပြုနိုင်ရေး FIFA၊ AFC တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေ

ရန်ကုန်၊ ဩဂုတ် – ၁၄

၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် Video Assistant Referee (VAR) စနစ် အကောင်အထည်ဖော်အသုံးပြုနိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း လိဂ်အကြိုအစည်းအဝေးမှ သိရသည်။

၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်များကို ဩဂုတ် ၂၈ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ယခုရာသီပြိုင်ပွဲတွင် အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရာသီကြိုဖွင့်ပွဲအဖြစ် MFF Charity Shield 2026 ပွဲစဉ်ကို ဩဂုတ် ၂၅ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲတွင်လည်း VAR စနစ်ကို အသုံးပြုခဲ့ပြီး မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ရှိ Video Operation Rooms (VOR) များမှတစ်ဆင့် ပွဲစဉ်များကို စောင့်ကြည့်ကာ ဗဟိုထိန်းချုပ်မှုပုံစံဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ် အကောင်အထည်ဖော်အသုံးပြုနိုင်ပါက အရေးပါသည့် ပွဲစဉ်ဆုံးဖြတ်ချက်များကို ပြန်လည်စစ်ဆေးနိုင်မည်ဖြစ်သဖြင့် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ပိုင်းဆိုင်ရာ တိကျမှန်ကန်မှု မြင့်မားလာစေရန်နှင့် ပြိုင်ပွဲအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေဟု ပူတင်ပြော

မော်စကို၊ ဩဂုတ် ၁၅ ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်မှ ကိုရီးယားလွတ်မြောက်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကင်မ်ဂျုံအန်ထံ ပေးပို့သည့် သတင်းစကားတွင် ရုရှားနှင့် မြောက်ကိုရီးယားတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စများ၌ အပြုသဘောဆောင်သည့် ပူးတွဲဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ကင်မ်ဂျုံအန်သည် ဩဂုတ် ၁၄ ရက်က ပြုံယမ်းမြို့ရှိ လွတ်မြောက်ရေးမျှော်စင်သို့...

ယူကရိန်းသို့ ဘိုင်ဒန်၏ လက်နက်အမြောက်အမြား ပေးအပ်ခဲ့မှုအပေါ် အိမ်ဖြူတော်က ပြင်းပြင်းထန်ထန် ဝေဖန်

​ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံတွေကို လက်နက်အမြောက်အမြား ပေးအပ်ခဲ့တာဟာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း လီဗစ်က ပြောကြားခဲ့ပါတယ်။ ​ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်ပေးမယ့် အလားအလာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ လီဗစ်က "လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ရင် သမ္မတ ဒေါ်နယ်ထရမ့်က ကျွန်မတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသထားပြီးသားပါ။ ကံဆိုးပြီး ဝမ်းနည်းစရာကောင်းတာက ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းအပါအဝင် တခြားနိုင်ငံတွေကို လက်နက်တွေ အများကြီး ပေးပစ်ခဲ့တာပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ လက်နက်ခဲယမ်းတွေ...

မြန်မာ-ဘယ်လာရုစ် လွှတ်တော်ဆက်ဆံရေးမြှင့်တင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ကာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများနှင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova တို့သည် ဩဂုတ် ၁၄ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးတိုးမြှင့်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံပြည်သူ့ကိုယ်စားလှယ်များအကြား ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းလာစေရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071