Saturday, August 15, 2026

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု...

မော်စကို၊ ဩဂုတ် ၁၅ ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင်...

ယူကရိန်းသို့ ဘိုင်ဒန်၏ လက်နက်အမြောက်အမြား ပေးအပ်ခဲ့မှုအပေါ်...

​ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံတွေကို လက်နက်အမြောက်အမြား ပေးအပ်ခဲ့တာဟာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း...

မြန်မာ-ဘယ်လာရုစ် လွှတ်တော်ဆက်ဆံရေးမြှင့်တင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့်...

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ကာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများနှင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း...

ရှမ်းယူနိုက်တက်အသင်းက လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများထံ စားနပ်ရိက္ခာနှင့်...

လေးမျက်နှာ၊ သြဂုတ်-၁၅ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ရှမ်းယူနိုက်တက်အသင်းမိသားစုက လိုအပ်သည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်း၏ ရေဘေးကူညီထောက်ပံ့ရေးခရီးစဉ်အဖြစ် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ...
HomeInternationalK Dramaဝန်ကြီးချုပ် အနုတင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့်...

ဝန်ကြီးချုပ် အနုတင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် အမှတ် (၁) လေတပ်စခန်းသို့ ပျံသန်းသွားရောက်ခဲ့ပြီး F-16 တိုက်လေယာဉ် ၃ စင်းက ခြံရံလိုက်ပါခဲ့

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ၎င်း၏ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် နာခွန်ရာချာစီမာရှိ လေတပ်စခန်း အမှတ် (၁) သို့ ရောက်ရှိလာခဲ့ပြီး၊ အရေးကြီးပုဂ္ဂိုလ် (VIP) လုံခြုံရေး အကာအကွယ်ပေးသည့် လေ့ကျင့်ခန်းပုံစံဖြင့် F-16 တိုက်လေယာဉ် သုံးစင်းက ခြံရံလိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

​အမျိုးသားလုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဝန်ကြီးချုပ် အနုတင်သည် တော်ဝင်ထိုင်းလေတပ်၏ အမှတ် (၁) လေတပ်စခန်းသို့ သွားရောက်ကာ စစ်ဆင်ရေးအသင့်ဖြစ်နေမှုကို စစ်ဆေးရန်နှင့် လေကြောင်းတိုက်ခိုက်ရေး စွမ်းရည်ပြသမှုများကို ကြည့်ရှုရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

​ဝန်ကြီးချုပ်၏ လေယာဉ်သည် အဆိုပါလေတပ်စခန်း၏ လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာချိန်တွင် F-16 တိုက်လေယာဉ် နှစ်စင်းက ဘေးတစ်ဖက်တစ်ချက်မှ လိုက်ပါပျံသန်းခဲ့ကြပြီး တတိယမြောက်လေယာဉ်က အထက်မှ ပျံသန်းကာ အရေးကြီးပုဂ္ဂိုလ် လေယာဉ်တစ်စင်းအား ခြံရံလိုက်ပါသည့် စစ်ဆင်ရေးကို ပုံဖော်ပေးခဲ့ကာ လေယာဉ်များ မြေပြင်သို့ ဆင်းသက်ခဲ့ကြသည်။

​ဝန်ကြီးချုပ် အနုတင်ကို တော်ဝင်ထိုင်းလေတပ် ကာကွယ်ရေးဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ဆက်ဆန် ခန်သာ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အဒူလ် ဘွန်းသမ်ချာရွန်၊ ကာကွယ်ရေးအမြဲတမ်းအတွင်းဝန် ဗိုလ်ချုပ်ကြီး သာရာဖုန် မာလာကမ်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဦခရစ် ဘွန်းတန်နွန့်နှင့် အဆင့်မြင့်စစ်ဘက်အရာရှိကြီးများက ကြိုဆိုခဲ့ကြသည်။

​ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုမှုကို ခံယူခဲ့ပြီးနောက် F-16 တိုက်လေယာဉ်များပါဝင်သည့် လေကြောင်းမှ မြေပြင်သို့ တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ပွဲ ဆင်နွှဲမှု စသည့် လေတပ်၏ နည်းဗျူဟာမြောက် စစ်ဆင်ရေး သရုပ်ပြမှုများကို ကြည့်ရှုအားပေးခဲ့သည်။

​လေတပ်စခန်း အမှတ် (၁) ရှိ တပ်ဖွဲ့ဝင်များအား မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ် အနုတင်က နယ်စပ်တစ်လျှောက် လုံခြုံရေးစိုးရိမ်ပူပန်မှုများကြားတွင် တိုက်လေယာဉ် နည်းဗျူဟာ စစ်ဆင်ရေးများဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရာတွင် အဆိုပါတပ်ဖွဲ့၏ အခန်းကဏ္ဍကို ချီးကျူးစကားဆိုခဲ့သည်။

​“နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ ပြည်သူလူထုအတွက် လုံခြုံစိတ်ချရမှုကို ဖန်တီးပေးဖို့အတွက် အနစ်နာခံပြီး ဆောင်ရွက်နေကြတဲ့ တပ်မှူးတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းအားလုံးကို ကျုပ်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပါတယ်” ဟု သူက ပြောကြားခဲ့သည်။

​လေတပ်၏ စွမ်းဆောင်ရည်များကို မြှင့်တင်ခြင်း၊ အထူးသဖြင့် ၎င်း၏ တိုက်လေယာဉ်စစ်ဆင်ရေးများကို အားကောင်းစေခြင်းသည် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးသော ဦးစားပေးကိစ္စရပ်တစ်ခုဖြစ်ပြီး အစိုးရအနေဖြင့် အပြည့်အဝ ပံ့ပိုးပေးရန် အဆင်သင့်ရှိနေကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။

​“တော်ဝင်ထိုင်းလေတပ်အနေနဲ့ သးတို့ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အစိုးရက အပြည့်အဝ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး အဲ့ဒီလိုလုပ်ဆောင်ဖို့လည်း လုံးဝအသင့်ရှိပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

​ထို့အပြင် ဝန်ကြီးချုပ်က လေတပ်အရာရှိ၊ စစ်သည်များအနေဖြင့် စည်းလုံးညီညွတ်မှု၊ နိုင်ငံချစ်စိတ်နှင့် ပြည်သူ့အကျိုးအတွက် အနစ်နာခံမှုကို ပြသခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားများကို ကာကွယ်ရာတွင် အမြဲအသင့်ဖြစ်နေမှုနှင့် ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းခဲ့သည်။

​အဆိုပါ ခရီးစဉ်အတွင်း ဝန်ကြီးချုပ်သည် နည်းဗျူဟာမြောက် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး H225M ရဟတ်ယာဉ်တစ်စင်း ပါဝင်သည့် တိုက်ပွဲဝင် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြမှုကိုလည်း ကြည့်ရှုအားပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေဟု ပူတင်ပြော

မော်စကို၊ ဩဂုတ် ၁၅ ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်မှ ကိုရီးယားလွတ်မြောက်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကင်မ်ဂျုံအန်ထံ ပေးပို့သည့် သတင်းစကားတွင် ရုရှားနှင့် မြောက်ကိုရီးယားတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စများ၌ အပြုသဘောဆောင်သည့် ပူးတွဲဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ကင်မ်ဂျုံအန်သည် ဩဂုတ် ၁၄ ရက်က ပြုံယမ်းမြို့ရှိ လွတ်မြောက်ရေးမျှော်စင်သို့...

ယူကရိန်းသို့ ဘိုင်ဒန်၏ လက်နက်အမြောက်အမြား ပေးအပ်ခဲ့မှုအပေါ် အိမ်ဖြူတော်က ပြင်းပြင်းထန်ထန် ဝေဖန်

​ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံတွေကို လက်နက်အမြောက်အမြား ပေးအပ်ခဲ့တာဟာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း လီဗစ်က ပြောကြားခဲ့ပါတယ်။ ​ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်ပေးမယ့် အလားအလာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ လီဗစ်က "လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ရင် သမ္မတ ဒေါ်နယ်ထရမ့်က ကျွန်မတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသထားပြီးသားပါ။ ကံဆိုးပြီး ဝမ်းနည်းစရာကောင်းတာက ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းအပါအဝင် တခြားနိုင်ငံတွေကို လက်နက်တွေ အများကြီး ပေးပစ်ခဲ့တာပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ လက်နက်ခဲယမ်းတွေ...

မြန်မာ-ဘယ်လာရုစ် လွှတ်တော်ဆက်ဆံရေးမြှင့်တင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ကာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများနှင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova တို့သည် ဩဂုတ် ၁၄ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးတိုးမြှင့်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံပြည်သူ့ကိုယ်စားလှယ်များအကြား ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းလာစေရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071