Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...

ကူရိုင်းလ်ကျွန်းစုများသို့ သမ္မတပူတင် ပထမဆုံးအကြိမ် သွားရောက်

ဩဂုတ်လ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် ကြာသပတေးနေ့က အရှေ့ဖျားဒေသရှိ ကူရိုင်းလ်ကျွန်းစုများသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့သဖြင့် အဆိုပါနယ်မြေကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ...
HomeInternationalဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
         
အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။
     
ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့် ပြင်ဆင်ရန် အချိန်အနည်းငယ်သာရှိခဲ့ပြီး နောက်ဆုံးမိနစ်တွင် အစီအစဉ်များကို ရေးဆွဲခဲ့ကြောင်း ပြောကြားခဲ့သည်။
       
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခံရသူ ဒုတိယမြောက်သတင်းရင်းမြစ်က ထရမ့်ပ်ကို ရန်လိုသူများသည် ခြိမ်းခြောက်မှုကို လုပ်ဆောင်ရန် ရှင်းလင်းတိကျသည့် အစီအစဉ်မူ မရှိခဲ့ဘဲ ရည်ရွယ်ချက်အဆင့်သာရှိကြောင်းနှင့် ထို့ကြောင့် လေယာဉ်များကို ပျံသန်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
     
သမ္မတလုံခြုံရေးကို တာဝန်ယူထားသည့် လျှို့ဝှက်ထောက်လှမ်းရေး၏ လမ်းညွှန်ချက်အရ လေယာဉ်ပြောင်းလဲခဲ့ကြောင်း အင်္ဂါနေ့တွင် ထရမ့်ပ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ သူသည် အန်ကာရာမှ ဗြိတိန်ရှိ လေယာဉ်ဆီဖြည့်စခန်းသို့ ပြဿနာတစ်စုံတရာမရှိဘဲ ပျံသန်းရောက်ရှိခဲ့သည်။
        
ခြိမ်းခြောက်မှုသည် စစ်ရေးစီမံကိန်းရေးဆွဲသူများအတွက် စိုးရိမ်မှုကြီးလာစေသည့် လေယာဉ်အင်ဂျင်ပူများကို ချိန်ရွယ်သော အပူရှာ ဒုံးကျည်အမျိုးအစားသစ်တစ်ခုဖြစ်နိုင်ကြောင်း Mitchell Institute for Aerospace Studies အမှုဆောင်ဒါရိုက်တာ ဒတ်ဂလပ်စ် ဘီရာကီက ပြောကြားခဲ့သည်။ ၎င်းတို့သည် သမားရိုးကျရေဒါလမ်းညွှန်ဒုံးကျည်များထက် ထောက်လှမ်းရန်ခက်ခဲပြီး ထောက်လှမ်းနိုင်သော ရေဒီယိုလှိုင်းများ မထုတ်လွှတ်သောကြောင့် မည်သည့်နေရာမှမဆို ပေါ်လာနိုင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
      
အီရန်လုပ် SA-67 ဗားရှင်းဒုံးကျည်တွင် ရိုးရှင်းသော ရထားလမ်းမှ ပ-စ်လွှတ်သော စက်တစ်ခုပါရှိပြီး အပူရှာဖွေခြင်းအပြင် လေဆာလမ်းညွှန်စနစ်များကိုပါ အသုံးပြုသည်ဟု ယုံကြည်ရကြောင်း ဘီရာကီက ပြောဆိုသည်။ ပခုံးထမ်း အပူချိန်ရှာလက်နက် 9K333 Verba ကို ရုရှားတွင် ထုတ်လုပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
     
ထရမ့်ပ်အပါအဝင် အမေရိကန်သမ္မတများသည် လုံခြုံရေးအတွက် စစ်မြေပြင်များ သို့မဟုတ် အန္တရာယ်များသောဒေသများသို့ သွားရောက်သည့်အခါ လျှို့ဝှက်စွာ ခရီးသွားလေ့ရှိသည်။ သို့သော် ထိုခရီးစဉ်များတွင် သမ္မတနှင့်အတူ ခရီးသွားနေသော သတင်းထောက်များအတွက် ကြိုတင်အကြောင်းကြားချက်များ ပါဝင်လေ့ရှိသည်။ သတင်းထောက်အချို့သည် ၂၀၀၃ ခုနှစ် သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်၏ ဘဂ္ဂဒက်သို့ ကျေးဇူးတော် ခရီးစဉ်မတိုင်မီ ကြိုတင်သတင်းရရှိခဲ့သည်။ သို့ရာတွင် တက္ကဆပ်စ်ပြည်နယ် ကရောဖို့ဒ်တွင် ဘုရှ်၏ ကျေးဇူးတော်ချီးမွမ်းခြင်း အားလပ်ရက်ကို သတင်းယူနေသော အခြားသတင်းထောက်အဖွဲ့ဝင်များသည်မူ လမ်းလွဲသွားခဲ့ကြသည်။ ဘုရှ်သည် မိသားစုနှင့်အတူ ပွဲတော်နေ့ကို ဖြတ်သန်းနေကြောင်း အသိပေးခံထားရပြီးနောက် အီရန်တွင် သမ္မတ ရုတ်တရက်ပေါ်လာသောအခါ ၎င်းတို့ အံ့အားသင့်ခဲ့ကြရသည်။

Ref: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ် အသုံးချမည်မဟုတ် – ထိုင်း

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊ တရားမျှတမှုနှင့် ကုန်သွယ်ရေးချိန်ခွင်လျှာညှိမှုတို့ကိုသာ အဓိကအာရုံစိုက်မည်ဟု ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများ၏ ရလဒ်နှင့် ချိတ်ဆက်မည်ဟု ယူဆသုံးသပ်ထားသော သတင်းများသည် မမှန်ကန်ကြောင်းနှင့် ထိုယူဆချက်သည် အစိုးရ၏ မူဝါဒကို မထင်ဟပ်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရက်ခ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အစိုးရသည် အမေရိက၏ အဆိုပြုချက်များနှင့်ပတ်သက်၍ အထူးသဖြင့် လယ်သမားများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071