Home Movies ကျောက်ဆည်၌ မိုးသည်းထန်စွာရွာသွန်း၍ ဇော်ဂျီမြစ်ကမ်းပါး ပြိုကျ၊ ကမ်းထိန်းလုပ်ငန်းများ အရေးပေါ် ဆောင်ရွက်နေ

ကျောက်ဆည်၌ မိုးသည်းထန်စွာရွာသွန်း၍ ဇော်ဂျီမြစ်ကမ်းပါး ပြိုကျ၊ ကမ်းထိန်းလုပ်ငန်းများ အရေးပေါ် ဆောင်ရွက်နေ

0
89

ကျောက်ဆည်၊ ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇီးတောဆည်အောက်ဘက် ပေ ၂၂၀၀ ခန့်အကွာရှိ ဇော်ဂျီမြစ်၏ လက်ယာဘက်ခြမ်း မြစ်ကမ်းပါး ပေ ၇၀ ခန့် ပြိုကျခဲ့သဖြင့် တာဝန်ရှိသူများက ကမ်းထိန်းပြုပြင်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ မြစ်ကမ်းပါး ပြိုကျသည့်နေရာသို့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကမ်းထိန်းပြုပြင်ရာတွင် မြစ်ကမ်းပြိုကျသည့်နေရာအား မျောတိုင်များရိုက်ခြင်း၊ ဝါးကပ်ကြမ်းများ ကာရံခြင်းတို့အပြင် အမြင့် ၃ ပေခွဲရှိ ကျောက်ကြီးနှင့် သဲအိတ်များကို အဆင့်ဆင့် ခင်းပေးသည့် ကမ်းထိန်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here