Tuesday, August 11, 2026

ရေကြည်မြို့နယ်မှ ရေဘေးသင့်သူများကိုထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှ ရေဘေးသင့်သူများကို တိုင်းအစိုးရအဖွဲ့က သြဂုတ် ၁၀ ရက်ညနေပိုင်းတွင် ငါးသိုင်းချောင်းမြို့ရှိ ရွှေရေးဆောင်ကျောင်းတိုက်၌ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ကြုံတွေ့ရသည့် သဘာဝဘေးများကို...

သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံ၌ အခမဲ့မျက်စိကုသမှုအစီအစဉ် စက်တင်ဘာ...

သီပေါ၊ဩဂုတ်-၁၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သီပေါဘုရားကြီးဝင်းအတွင်း ဖွင့်လှစ်ထားသည့် သီပေါသီတဂူစက္ခုဒါနဆေးရုံ၌ (၅၇) ကြိမ်မြောက် အခမဲ့မျက်စိကုသမှုအစီအစဉ်ကို စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ...

ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)တို့ သြဂုတ် ၁၀ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပြု ပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတားပုံမှန်ပြန်...

ကာကွယ်ရေးပူး‌ပေါင်း‌ဆောင်ရွက်မှုနက်ရှိုင်းစေရန် ဗီယက်နမ်နှင့် သြစတြေးလျ သဘောတူ

အင်္ဂါနေ့က ကင်ဘာရာတွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံ စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှင့် မရှိမဖြစ်သော ကုန်သွယ်မှုကို လွတ်လပ်စွာစီးဆင်းစေရေးကို ထောက်ခံပံ့ပိုးရန် သြစတြေးလျနှင့် ဗီယက်နမ်တို့...
HomeMoviesရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် Telematic...

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် Telematic စနစ် တပ်ဆင်ထားသည့် ယာဉ်အစီးရေ ၅,၇၀၀ ကျော်ရှိလာပြီး RFID စနစ်သစ် စမ်းသပ်ဆောင်ရွက်နေ

ရန်ကုန်၊ ဩဂုတ် ၁၁

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စောင့်ကြည့် ထိန်းသိမ်းပေးသည့် Telematic စနစ်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်တပ်ဆင်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ကုန်တင်ယာဉ် ၂,၅၁၄ စီးနှင့် ခရီးသည်တင် မှန်လုံယာဉ် ၃,၁၈၄ စီးတွင် တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ETC စနစ်ကိုလည်း RFID (Radio Frequency Identification Device) ပါဝင်သည့်စနစ်သို အဆင့်မြှင့်တင်ပြောင်းလဲလျက်ရှိရာ အသုံးပြုသူများအနေဖြင့် Toll Pass Mobile Application နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ရန်ကုန် – မန္တလေးလမ်းမကြီးပေါ်ရှိ တိုးလ်ဂိတ်ခြောက်ဂိတ်တွင် တပ်ဆင်၍ စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး မကြာမီအသုံးပြုနိုင်တော့မည်ဖြစ်ကြာင်းလည်း သိရသည်။

ယင်းစနစ် အပြည့်အဝ အကောင်အထည်ဖော်ပြီးပါက တိုးလ်ဂိတ်များတွင် ယာဉ်များ ရပ်တန့်စရာမလိုဘဲ Freeflow ဖြတ်သန်းနိုင်ခြင်းနှင့် Cashless ငွေချေစနစ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ Telematics စနစ်တပ်ဆင် စောင့်ကြည့်နေမှု အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေကြည်မြို့နယ်မှ ရေဘေးသင့်သူများကိုထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှ ရေဘေးသင့်သူများကို တိုင်းအစိုးရအဖွဲ့က သြဂုတ် ၁၀ ရက်ညနေပိုင်းတွင် ငါးသိုင်းချောင်းမြို့ရှိ ရွှေရေးဆောင်ကျောင်းတိုက်၌ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ကြုံတွေ့ရသည့် သဘာဝဘေးများကို အစိုးရနှင့်ပြည်သူလက်တွဲညီညီပူးပေါင်းဆောင်ရွက်ပါက အခက်အခဲများကိုကျော်ဖြတ်နိုင်မည်ဖြစ်၍ ပြည်သူများအ‌နေဖြင့် ကျန်း မာရေးကိုအထူးဂရုစိုက်နေထိုင်ကြရန်ပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြည်သူများကြုံတွေ့ရသည့်အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး စုပေါင်းအင်အားဖြင့်ဆောင်ရွက်ရမည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအမျိုးသ မီးရေးရာအဖွဲ့နာယက၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တို့က ရေဘေးသင့်သူများကိထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြကြောင်း သိရသည်။

သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံ၌ အခမဲ့မျက်စိကုသမှုအစီအစဉ် စက်တင်ဘာ ၁၄ ရက် စတင်မည်

သီပေါ၊ဩဂုတ်-၁၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သီပေါဘုရားကြီးဝင်းအတွင်း ဖွင့်လှစ်ထားသည့် သီပေါသီတဂူစက္ခုဒါနဆေးရုံ၌ (၅၇) ကြိမ်မြောက် အခမဲ့မျက်စိကုသမှုအစီအစဉ်ကို စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအခမဲ့မျက်စိကုသမှုအစီအစဉ်တွင် မျက်စိဝေဒနာရှင်များအနေဖြင့် လာရောက်၍ မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သည့် ကုသမှုများကို အခမဲ့ခံ ယူနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။ မျက်စိဝေဒနာရှင်များအနေဖြင့် စက် တင်ဘာ ၁၅ ရက် နောက်ဆုံးထား၍ သီပေါသီတဂူစက္ခုဒါနဆေးရုံသို့ လာရောက်စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုခံယူနိုင်ကြောင်း အသိပေးထားသည်။ အခမဲ့မျက်စိကုသမှုအစီအစဉ်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ...

ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် NSPNC နှင့် NDAA တို့တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)တို့ သြဂုတ် ၁၀ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပြု ပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတားပုံမှန်ပြန် လည်ဖြတ်သန်းသွားလာနိုင်ရေး၊ နယ် စပ်ဒေသပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုအဆင့်အတန်းကို စဉ်ဆက်မပြတ်မြှင့်တင်ပေးနိုင်ရန်အတွက် သင်ကြားရေးဝန်ထမ်းများလေ့ကျင့်ပျိုးထောင်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးခြင်း၊ ဆေးဝါးနည်းပညာဆိုင်ရာများဖ လှယ်ခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုများကိုဆက်လက်မြှင့်တင် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် မူဝါဒပိုင်းဆိုင်ရာပံ့ပိုးမှုများကို နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအားလက်မှတ်ရေးထိုး အ တည်ပြုကြပြီး NDAA ဥက္ကဋ္ဌဦးထိန်လင်းက ဧရာဝတီတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071