Wednesday, August 12, 2026

မန္တလေးတက္ကသိုလ် ပင်မဆောင်အား မူလပုံစံမပျက် ပြန်လည်ပြုပြင်...

မန္တလေး၊ ဩဂုတ် ၁၁မန္တလေးတက္ကသိုလ် ပင်မဆောင်အား မူလပုံစံမပျက် ပြန်လည်ပြုပြင် တည်ဆောက်နေပြီး ယင်းသို့ တည်ဆောက်နေမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဩဂုတ်...

အသက် ၁၂၀ နှစ်အရွယ် အဘိုးဦးစိန်ငွေအား...

ကျုံပျော်၊ ဩဂုတ်-၁၁ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၂၀ နှစ်ရှိ အဘိုးဦးစိန်ငွေအား နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့...

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် နိုင်ငံခြားသား(၆)ဦးကိုပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံ ခြားသား(၆)ဦးကို ယနေ့ သြဂုတ် ၁၁...

သန်လျင်အမှတ်(၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေ လှောင်ကန်)တာပေါက်ခဲ့

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်၊ အမှတ် (၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေလှောင်ကန်) သည် သြဂုတ် ၁၀ ရက်ညနေ ၅ နာရီခွဲခန်ကတာပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့်...
HomeNewsLocal Newsဒုဋ္ဌဝတီတံတားအသစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ်...

ဒုဋ္ဌဝတီတံတားအသစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ငလျင်ဒဏ်ခံ EradiQuake Bearing တပ်ဆင်၍ ၂၀၂၆ နှစ်ကုန်မတိုင်မီ အပြီးဆောက်မည်

မန္တလေး၊ ဩဂုတ် ၉
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၈/၁) ရှိ ဒုဋ္ဌဝတီတံတားအသစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ငလျင်ဒဏ်ခံ EradiQuake Bearing တပ်ဆင်ကာ ၂၀၂၆ ခုနှစ် နှစ်ကုန်မတိုင်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါ ဒုဋ္ဌဝတီတံတားအသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ယနေ့ (ဩဂုတ် ၉ ရက်)နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက အဆိုပါတံတားအား Steel Box Girder နှင့် ကြိုတင်အားဖြည့် ကွန်ကရစ်ရက်မ အမျိုးအစားဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး Myanmar National Building Code 2025 ပါ ငလျင်ဒဏ်ခံစံနှုန်းများအတိုင်း တွက်ချက်ထားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပင်မတံတားတွင် EradiQuake Bearing နှင့် ချဉ်းကပ်တံတားတွင် High Damping Rubber Bearing (HDRB) များကို အသုံးပြုထားကာ အပြန်လမ်းဘက်မှ ၂ လမ်းသွားတံတားကို ၂၀၂၆ နှစ်ကုန်မတိုင်မီ အပြီးဆောက်လုပ်ရန် ညွှန်ကြားခဲ့သည်။
ထို့အပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ စကားအင်းတိုးလ်ဂိတ်၌ လမ်းအသုံးပြုခ ကောက်ခံမှုများနှင့် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်လမ်းပေါ်ရှိ ၈၀ ပေ တံတားအမှတ် (၃/၅) တည်ဆောက်ရေးလုပ်ငန်းခွင်တို့ကိုပါ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတက္ကသိုလ် ပင်မဆောင်အား မူလပုံစံမပျက် ပြန်လည်ပြုပြင် တည်ဆောက်နေ၊ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည် တည်ဆောက်လျက်ရှိ

မန္တလေး၊ ဩဂုတ် ၁၁မန္တလေးတက္ကသိုလ် ပင်မဆောင်အား မူလပုံစံမပျက် ပြန်လည်ပြုပြင် တည်ဆောက်နေပြီး ယင်းသို့ တည်ဆောက်နေမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဩဂုတ် ၁၁ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မူလဗိသုကာလက်ရာများ မပျက်စီးစေရန်၊ လက်ရာလက်သား သပ်ရပ်ကောင်းမွန်ရေးနှင့် အရည်အသွေးမီ ပစ္စည်းများ အသုံးပြု၍ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ ရတနာပုံတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်နှင့်အတူ ဘွဲ့နှင်းသဘင် ကျင်းပမည့် ပြည်ထောင်စုခန်းမ၏ အပေါ်ဆုံးထပ်တွင် လူဝင်ဆံ့နိုင်မှု အခြေအနေများ၊ တက္ကသိုလ်အတွင်း အဆောက်အအုံများ ဆက်လက်တည်ဆောက်ရန်...

အသက် ၁၂၀ နှစ်အရွယ် အဘိုးဦးစိန်ငွေအား နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေ ပေးအပ်လှူဒါန်း

ကျုံပျော်၊ ဩဂုတ်-၁၁ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၂၀ နှစ်ရှိ အဘိုးဦးစိန်ငွေအား နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ (သြဂုတ် ၁၁ ရက်) က အဆိုပါကျေးရွာရှိ အဘိုး၏နေအိမ်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများက သွားရောက်ဂါရဝပြုတွေ့ဆုံကာ နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေများကို လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်၊ ဆီ နှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကိုလည်း ထောက်ပံ့လှူဒါန်းခဲ့ကြပြီး အဘိုး၏ ကျန်းမာရေးနှင့်...

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် နိုင်ငံခြားသား(၆)ဦးကိုပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံ ခြားသား(၆)ဦးကို ယနေ့ သြဂုတ် ၁၁ ရက်က သက်ဆိုင် ရာ နိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အီသီယိုးပီးယားနိုင်ငံသား(၂)ဦး၊ လိုက်ဘေးရီးယားနိုင်ငံသား(၁)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၁)ဦး၊ ယူဂန်ဒါနိုင်ငံ သား(၁) ဦးနှင့် တိုဂိုနိုင်ငံသား(၁)ဦးတို့အား မြန် မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပ ဒေလုပ်ထုံးလုပ်နည်းများနှင့်အညီလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ လွှဲပြောင်းပေးရာ၌ မြန်မာနိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများထံ ပြည်နှင်လွှဲ ပြောင်း လက်ခံရေးဆိုင်ရာ စာရွက်စာတမ်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071