ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံ ခြားသား(၆)ဦးကို ယနေ့ သြဂုတ် ၁၁ ရက်က သက်ဆိုင် ရာ နိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အီသီယိုးပီးယားနိုင်ငံသား(၂)ဦး၊ လိုက်ဘေးရီးယားနိုင်ငံသား(၁)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၁)ဦး၊ ယူဂန်ဒါနိုင်ငံ သား(၁) ဦးနှင့် တိုဂိုနိုင်ငံသား(၁)ဦးတို့အား မြန် မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပ ဒေလုပ်ထုံးလုပ်နည်းများနှင့်အညီလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးရာ၌ မြန်မာနိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများထံ ပြည်နှင်လွှဲ ပြောင်း လက်ခံရေးဆိုင်ရာ စာရွက်စာတမ်းများကို စ နစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂ဝ၂၆ ခုနှစ်၊ ဩဂုတ် ၁၁ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၄,၇၄၀)ဦးအနက် (၁၃,၈၂ဝ)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တ ကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၉၂ဝ)ဦးအနက် မြန်မာ နိုင်ငံ လူဝင်မှုကြီးကြပ် ရေး(လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပ ဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား (၇၁၃)ဦးရှိကြောင်း သိရသည်။
ထို့ကြောင့် ကျန်ရှိသော ပြည်ပနိုင်ငံသား(၂၀၇)ဦးမှာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
