Saturday, August 8, 2026

တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့...

မတ္တရာ၊ ဩဂုတ်-၈ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီးသည် ယနေ့ သြဂုတ်လ ၈ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ရေလျှံတက်လာခဲ့သဖြင့်...

မြန်မာနေရှင်နယ်လိဂ်ပွဲကြိုအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့...

ရန်ကုန်၊ ဩဂုတ် ၈ မကြာမီ ကျင်းပတော့မည်ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အသင်း၏ ကြံ့ခိုင်မှုနှင့် ကစားပုံ ပိုမိုကောင်းမွန်လာစေရန် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့သည် ယနေ့...

စစ်တွေမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန် တန်ချိန် ၃,၆၀၀...

စစ်တွေ၊ ဩဂုတ် ၈ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့သို့ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း တန်ချိန် ၃,၆၅၀ ကျော် တင်ဆောင်လာသည့် ကုန်တင်သင်္ဘော ၄...

ဘားအံ၊ မဒေါက်၊ မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်...

ဘားအံ၊ဩဂုတ်-၈ သံလွင်မြစ်ရေသည် ယနေ့ မနက်ပိုင်းတိုင်းထွာချက်အရ ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ...
HomeNewsLocal Newsလေးမျက်နှာ ရေဘေးသင့်ပြည်သူ ၄၀,၀၀၀...

လေးမျက်နှာ ရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ကျော်အတွက် ကျပ် ၁၄၆ သန်းကျော် ထောက်ပံ့

ဧရာဝတီ၊ ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိရာ ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀ ကျော်အတွက် စုစုပေါင်း ကျပ် ၁၄၆ ဒသမ ၆၇၆ သန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် လေးမျက်နှာမြို့ပေါ် ရပ်ကွက်များ၌ ရေပြန်လည်ကျဆင်းလာနေပြီး ရေဘေးကြောင့် ထိခိုက်ခဲ့သည့် ဆက်သွယ်ရေးကွန်ရက်များကိုလည်း အရှိန်မြှင့် ပြန်လည်ထူထောင်နေရာ ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်တွင် မိုဘိုင်းစခန်း ၁၃ ခုရှိသည့်အနက် ရေဘေးကြောင့် ယာယီဖြုတ်သိမ်းထားရသည့် စခန်း ၆ ခုနှင့် Hub Site များ ထိခိုက်မှုကြောင့် ဆက်သွယ်မှုပြတ်တောက်နေသည့် စခန်း ၆ ခုရှိခဲ့သည်။

သို့သော် နင်းကြမ်း၊ ကျတ်ကွင်းနှင့် ယင်းဆယ်ကျေးရွာတိုရှိ မိုဘိုင်းစခန်း ၃ ခုကို ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး ခမောက်စုကျေးရွာရှိ မိုဘိုင်းစခန်းမှာလည်း ပုံမှန်ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ပေးနေပြီဖြစ်သည်။

ထို့အပြင် စာရေးကွင်းကျေးရွာ ရေဘေးကွပ်ကဲရေးရုံးတွင် Cell on Wheel (COW) မိုဘိုင်းစခန်း တပ်ဆင်ထားပြီး စာရေးကွင်းကျေးရွာနှင့် ဆိတ်နိုကုန်းကျေးရွာရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် B2B Satellite Terminal တစ်စုံစီ တပ်ဆင်ကာ အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

လက်ရှိ ရေဘေးအခြေအနေအရ လေးမျက်နှာမြို့ရှိ အနိမ့်ပိုင်းနှင့် အမြင့်ပိုင်းရပ်ကွက်များတွင် ရေပြန်လည်ကျဆင်းနေပြီး ဩဂုတ် ၆ ရက် ည ၆ နာရီမှ ဩဂုတ် ၇ ရက် နံနက် ၆ နာရီအထိ ၁၂ နာရီအတွင်း အနိမ့်ပိုင်းရပ်ကွက် ၅ ခုနှင့် အမြင့်ပိုင်းရပ်ကွက် ၃ ခုတိုတွင် ရေမှတ် ၀ ဒသမ ၂ ပေစီ လျော့ကျခဲ့ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေဝင်ရောက်မှုနှင့် ဘေးအန္တရာယ်အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လက်ရှိတွင် ရေဘေးစိုးရိမ်ရမှုအခြေအနေမှာလည်း တဖြည်းဖြည်း လျော့နည်းလာနေပြီဖြစ်ကြောင်း သိရသည်။

ငဝန်တာ အရေးပေါ်ပြုပြင်ရေး ဆောင်ရွက်နေမှုများ(ဓာတ်ပုံ-ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့ ရေဝင်ရောက်

မတ္တရာ၊ ဩဂုတ်-၈ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီးသည် ယနေ့ သြဂုတ်လ ၈ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ရေလျှံတက်လာခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအချို့အတွင်းသို့ ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ တံငါတောင်ကျေးရွာ၊ ရေချောင်းဗိုလ်ကျေးရွာ၊ ပုဂံစုကျေးရွာ၊ ရခိုင်စုကျေးရွာနှင့် အညာကိုင်းကျေးရွာတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရေဝင်ရောက်သည့် ကျေးရွာများရှိ ပြည်သူများအား မတ္တရာမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မတ္တရာ Rescue အသင်းသားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်...

မြန်မာနေရှင်နယ်လိဂ်ပွဲကြိုအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ယနေ့နံနက်ပိုင်းက ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြ

ရန်ကုန်၊ ဩဂုတ် ၈ မကြာမီ ကျင်းပတော့မည်ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အသင်း၏ ကြံ့ခိုင်မှုနှင့် ကစားပုံ ပိုမိုကောင်းမွန်လာစေရန် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့သည် ယနေ့ (ဩဂုတ် ၈ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ အဆိုပါခြေစမ်းပွဲသည် ကစားသမားများ၏ ပွဲကစားနိုင်စွမ်း၊ အသင်းလိုက် ပေါင်းစပ်ကစားမှုနှင့် ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်မှုတို့ကို တိုးတက်စေရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ ရရှိလာသည့် အတွေ့အကြုံများကို အခြေခံ၍ လာမည့် ၂၀၂၆/၂၇ ဘောလုံးရာသီအတွက် ဆက်လက်ပြင်ဆင်သွားမည်ဟု အသင်းက အသိပေးထားသည်။ ထို့ပြင်...

စစ်တွေမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန် တန်ချိန် ၃,၆၀၀ ကျော် သင်္ဘောများဖြင့် ရောက်ရှိ၊ ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ၊ ဩဂုတ် ၈ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့သို့ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း တန်ချိန် ၃,၆၅၀ ကျော် တင်ဆောင်လာသည့် ကုန်တင်သင်္ဘော ၄ စီး ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်တင်သင်္ဘောများဖြစ်သည့် အမ်ဗွီ ရဲထွန်းအောင် (၂)၊ အမ်ဗွီ ရွှေပိုင်ဖြိုး၊ အမ်ဗွီ အောင်ရတနာဌေး နှင့် အမ်ဗွီ တော်ဝင်သီရိ သင်္ဘောများတွင် စားသောက်ကုန် တန်ချိန်ပေါင်း ၃,၆၅၀ ကျော် ပါဝင်ပြီး ကုန်တင်ကုန်ချ ပြုလုပ်နေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် တာဝန်ရှိသူများက ဩဂုတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071