Friday, August 7, 2026

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉...

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ...

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို...
HomeNewsLocal Newsအာဆီယံချန်ပီယံရှစ် (ASEAN Hyundai...

အာဆီယံချန်ပီယံရှစ် (ASEAN Hyundai Cup 2026) အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ထိုင်း နှင့် မြန်မာ ယှဉ်ပြိုင်ကစားမည်

၂၀၂၆ ခုနှစ် အာဆီယံချန်ပီယံရှစ် (ASEAN Hyundai Cup 2026) အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စု (B) နောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းလက်ရွေးစင်အသင်းတို့သည် ဩဂုတ်လ ၈ ရက် (မနက်ဖြန်) မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

လက်ရှိအုပ်စု (B) တွင် အိမ်ရှင်ထိုင်းအသင်းက ၃ ပွဲကစား ၉ မှတ်ဖြင့် အုပ်စုပထမနေရာတွင် ရပ်တည်ကာ ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေအကောင်းဆုံးဖြစ်နေသည်။

မြန်မာအသင်းသည် ၃ ပွဲကစား ၂ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၆ မှတ်ဖြင့် အုပ်စုဒုတိယနေရာတွင် ရှိနေသော်လည်း မလေးရှားအသင်းနှင့် အမှတ်တူနေသဖြင့် ဤပွဲသည် မြန်မာအသင်းအတွက် အကြိုဗိုလ်လုပွဲ (Semi-finals) တက်ရောက်နိုင်ရေး အဆုံးအဖြတ်ပေးမည့် ပွဲစဉ်တစ်ခု ဖြစ်လာနိုင်ခြင်းလည်း ဖြစ်သည်။

မြန်မာအသင်းအတွက် အဓိကရုန်းကန်ရမည့်အချက်မှာ အသင်းခေါင်းဆောင် မောင်မောင်လွင် ပါဝင်နိုင်မည်မဟုတ်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လာအိုနှင့်ပွဲစဉ်တွင် အနီကတ်ပြခံခဲ့ရသဖြင့် ယခုအရေးကြီးပွဲစဉ်ကို မဖြစ်မနေလွဲချော်မည်ဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့်ပွဲတွင် ဟတ်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့သည့် တိုက်စစ်မှူး ဝင်းနိုင်ထွန်း နှင့် လူငယ်ကစားသမားများ၏ စုစည်းမှုဖြင့် ထိုင်းအသင်းကို ရင်ဆိုင်သွားရန် ပြင်ဆင်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် သီရိလင်္ကာရူပီး ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ ၁၀၀ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယခု အစီအစဉ်သည် စွန့်ပစ်ပစ္စည်းများကို စုဆောင်းခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းတို့အတွက် ရေရှည် နိုင်ငံအဆင့် စနစ်တစ်ခု ထူထောင်ရန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံမှအဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်း) ဆုံးရှုံးခဲ့ရသည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးထံသို့ တရုတ်ပြည်မကြီး တရားဥပဒေစိုးမိုးရေး အရာရှိများဟု လိမ်လည်သူများက ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်း ကိုပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးတောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပြစ်ဒဏ်စွပ်စွဲခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၂ ရက် နေ့မှ ဩဂုတ်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071