Home Movies မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ ကကျသည့်အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင် ပြော

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ ကကျသည့်အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင် ပြော

0
99

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen Sirikit National Convention Center ရှိ Plenary Hall တွင်ကျင်းပသော မြန်မာ-ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ ၌အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပုံစံဟာ နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံသာမကဘဲ ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် နယ်နမိတ်ချင်းထိစပ်နေရုံသာမက စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစသည့်ကဏ္ဍများတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်နေကြသည်ဟု ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကျပြီးအရေးပါဆုံးသော ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့၊ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်းများနှင့် အထည်အလိပ်များကို အဓိကတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများကို အဓိကတင်သွင်းလျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ(၄)ဘီလီယံကျော်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ဇွန်လအထိ အမေရိကန်ဒေါ်လာ(၂)ဘီလီယံအသီးသီးရှိခဲ့ရာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ကာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ(၂၀ ဒသမ ၇၅၈)ဘီလီယံအထိရှိခဲ့သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here